Pages

Monday, December 10, 2012

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းသို့ BOPHA တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုကြောင့် လူ ၁,၄ဝဝ ဦး သေဆုံး၊ သို့မဟုတ် ပျောက်ဆုံးမှု ဖြစ်ပွား

Photo: ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းသို့ BOPHA တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းသို့ Bopha တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ် ခဲ့မှုကြောင့် လူ ၁,၄ဝဝ ဦး သေဆုံး၊ သို့မဟုတ် ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပြီး နောက်ရက်များစွာ အကြာတွင် အဆိုပါ မုန်တိုင်းသည် ဒီဇင်ဘာလ ၉ ရက် နေ့တွင် ဖိလစ်ပိုင် နိုင်ငံသို့ ပြန်လည် ဦးတည် လာခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့မှု ကြောင့် ရေကြီးမှုများ ဖြစ်ပေါ် လာနိုင်မှုနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရ ပါသည်။

စစ်ဘက်နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသော ဒေသခံ ကယ်ဆယ်ရေး အဖွဲ့များသည် ရေကြီးမှု များ ဖြစ်ပေါ် လာနိုင်မှု အတွက် ဒေသခံများအား ကူညီပေးရန် အသင့် ပြင်ဆင်ထားကြောင်း သိရှိရ ပါသည်။ ပြီးခဲ့သော သီတင်းပတ်တွင် Bopha တိုင်ဖွန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ် ခဲ့မှုကြောင့် လူ ၅၄၈ ဦး သေဆုံး ခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့ ပါသည်။ အဆိုပါ မုန်တိုင်းသည် နိုင်ငံ တောင်ပိုင်းရှိ Mindanao ကျွန်းသို့ ဝင်ရောက် တိုက်ခတ် ခဲ့သည့်အတွက် သေဆုံးသူ အများစုမှာ ၎င်းဒေသမှ ဖြစ်ကြောင်း၊ ထို့ပြင် နေအိမ်များ ပျက်စီးသွားသော လူ ၁၇၈,ဝဝဝ မှာလည်း အစိုးရ၏ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင် နေကြရကြောင်း သိရှိရ ပါသည်။

http://www.myawady.net.mm/allnews/global/item/1299-2012-12-10-17-00-17

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းသို့ Bopha တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ် ခဲ့မှုကြောင့် လူ ၁,၄ဝဝ ဦး
သဆုံး၊ သို့မဟုတ် ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပြီး နောက်ရက်များစွာ အကြာတွင် အဆိုပါ မုန်တိုင်းသည် ဒီဇင်
ဘာလ ၉ ရက် နေ့တွင် ဖိလစ်ပိုင် နိုင်ငံသို့ ပြန်လည် ဦးတည် လာခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့မှု ကြောင့်
 ရေကြီးမှုများ ဖြစ်ပေါ် လာနိုင်မှုနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရ ပါသည်။ စစ်ဘက်နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသော ဒေသခံ ကယ်ဆယ်ရေး အဖွဲ့များသည် ရေကြီးမှု များ ဖြစ်
ပါ် လာနိုင်မှု အတွက် ဒေသခံများအား ကူညီပေးရန် အသင့် ပြင်ဆင်ထားကြောင်း သိရှိရ ပါသည်။
 
 ပြီးခဲ့သော သီတင်းပတ်တွင် Bopha တိုင်ဖွန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ် ခဲ့မှုကြောင့် လူ ၅၄၈ ဦး သေဆုံး ခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့ ပါသည်။ အဆိုပါ မုန်တိုင်းသည် နိုင်ငံ တောင်ပိုင်းရှိ Mindanao ကျွန်း
သို့ ဝင်ရောက် တိုက်ခတ် ခဲ့သည့်အတွက် သေဆုံးသူ အများစုမှာ ၎င်းဒေသမှ ဖြစ်ကြောင်း၊ ထို့ပြင် နေအိမ်
များ ပျက်စီးသွားသော လူ ၁၇၈,ဝဝဝ မှာလည်း အစိုးရ၏ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင် နေကြရ
ကြောင်း သိရှိရ ပါသည်။


  မြ၀တီ

0 comments:

Post a Comment