Pages

Monday, December 10, 2012

၂၀၁၃ အမျိုးသား တင်းနစ်ပြိုင်ပွဲ အာရှ/သမုဒ္ဒရာပိုင်းဇုန် အုပ်စုပွဲစဉ်များအား ပထမဆုံးအကြိမ်အဖြစ် မြန်မာလက်ခံကျင်းပမည်

ရန်ကုန်၊ ဒီဇင်ဘာ ၉

အပြည်ပြည်ဆိုင်ရာတင်းနစ်အဖွဲ့ချုပ် (ITF)မှ ကြီးမှူးကျင်းပသော ဒေးဗစ်ဖလား ၂၀၁၃ အမျိုးသားတင်းနစ်
ပြိုင်ပွဲ အာရှ/သမုဒ္ဒရာပိုင်းဇုန် အုပ်စု ၃နှင့် ၄ ပွဲစဉ်များအား မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လက်ခံကျင်း
ပမည်ဟု သိရသည်။``ဒေးဗစ်ဖလားဟာ အလွန်ဂုဏ်သိက္ခာကြီးမားတဲ့ ပြိုင်ပွဲတစ်ခုပါ။ အခုလိုလက်ခံကျင်း
ပခွင့်ရတာ ကျွန်တော်တို့ မြနမာနိုင်ငံအနေနဲ့ အရမ်းဂုဏ်ယူဖို့ ကောင်းပါတယ်ဟု မြန်မာနိုင်ငံ တင်းနစ်အဖွဲ့
ချုပ်ဥက္ကဋ္ဌ ဦးအောင်မော်သိန်းက ဆိုသည်။
ဒေးဗစ်ဖလား ၂၀၀၃ အာရှ/သမုဒ္ဒရာပိုင်းဇုန် အုပ်စု ၃ နှင့် ၄ပွဲစဉ်များအားရန်ကုန်မြို့သိမ်ဖြူအမျိုးသားတင်း
နစ် ကွင်းတွင် ဧပြီလ ၂၂ ရက်မှ မေလ ၅ ရက်နေ့အထိ လက်ခံကျင်းပသွားမည်ဟု သိရသည်။

အုပ်စု ၃ တွင် ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ အီရန်၊ မလေးရှား၊အိုမန်၊ပစိဖိတ်သမုဒ္ဒရာပိုင်းအသင်း၊ယူအေ
အီးနှင့် ဗီယက်နမ်၊ အုပ်စု ၄ တွင် ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျော်ဒန်၊ ကာဂျစ္စ်တန်၊မြန်မာ၊ ကာတာ၊ ဆောဒီ
အာရေဗျ၊ စင်္ကာပူ၊ အီရတ်၊ ယီမင်နှင့် တာခ်မင်နစ္စတန်တို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။


ပေါ်ပြုလာမြန်မာ

0 comments:

Post a Comment