Pages

Monday, December 10, 2012

ကချင်ပဋိပက္ခများသည် တိုင်းပြည်၏ ငြိမ်းချမ်းရေးဖြစ်စဉ် ကို နောက်ပြန်ဆွဲထားသော အတားအဆီးတစ်ခု လိုဖြစ်နေ အပစ်အခတ်ရပ်စဲမှုများကို ပြုလုပ်ရုံနှင့် ရေရှည်ငြိမ်းချမ်းရေးမရရှိနိုင်ဟု ဦးအောင်မင်းပြောကြားလိုက်

ကချင်ပဋိပက္ခများသည် တိုင်းပြည်၏ ငြိမ်းချမ်းရေးဖြစ်စဉ် ကို နောက်ပြန်ဆွဲထားသော အတားအဆီးတစ်ခု လိုဖြစ်နေ အပစ်အခတ်ရပ်စဲမှုများကို ပြုလုပ်ရုံနှင့် ရေရှည်ငြိမ်းချမ်းရေးမရရှိနိုင်ဟု ဦးအောင်မင်းပြောကြား
==========================================

ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ သော ပဋိပက္ခများသည် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နောက်ပြန် ဆွဲထားသော အတား အဆီးတစ်ခုလို ဖြစ်နေကြောင်း၊ အပစ်အခတ်ရပ်စဲမှု များကို ပြုလုပ် ရုံနှင့် ရေရှည်ငြိမ်းချမ်း ရေးမ ရရှိနိုင်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောကြား လိုက်သည်။

''ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ် ဇွန်လနောက်ပိုင်း မှာ ပြန်လည် ပြင်းထန်လာ ခဲ့တဲ့ ပဋိပက္ခတွေဟာ လည်း တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးဖြစ် စဉ်ကို နောက်ပြန်ဆွဲထားတဲ့ အတားအဆီးတစ်ခုလို ဖြစ်နေခဲ့ရပါ တယ်။ ပဋိပက္ခတွေ ပြန်လည်ပြင်းထန် လာတာနဲ့အမျှ ယခင်က ၁၇ နှစ်လုံးလုံး ရှိခဲ့တဲ့ နှစ်ဦးနှစ်ဖက်ယုံကြည် မှုတွေ ပျောက်ကွယ် သွား စေခဲ့ပါတယ်'' ဟု ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောသည်။

ဒီဇင်ဘာ ၁ဝရက်က ရန်ကုန် မြို့ အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်ခဲ့သော နိုင်ငံတကာလူ့အခွင့် အရေးနေ့ အခမ်းအနားတွင် ဦး အောင်မင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့အနေနဲ့ ယုံကြည် မှုပြန်လည်တည်ဆောက်နိုင်ဖို့ အတွက် ဆောင်ရွက်စရာရှိတာတွေကို ကြိုးပမ်း ဆောင်ရွက်နေပြီဖြစ်ပြီး ပုံမှန်အခြေ အနေမျိုးပြန်လည်ရရှိအောင် ကြိုးပမ်း ဆောင်ရွက်နေရဆဲ လည်းဖြစ်ပါတယ်။ ‘ီပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက် ပြေးပုန်းရှောင်နေ ရတဲ့ပြည် သူတွေ ကို အကူအညီတွေပေး နိုင်အောင်လို့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ဝင် ရောက်ခွင့်ရဖို့ ကျွန်တော်တို့ အနေနဲ့ စီမံဆောင်ရွက်ပေးနေပါတယ်။ ကချင် မြေပေါ်မှာ ငြိမ်းချမ်းရေးတွေ ပြန် လည်ဖြစ်ထွန်းလာစေဖို့ ကျွန်တော့်အ နေနဲ့ မဆုတ်မနစ်ကြိုးပမ်းဆောင် ရွက်သွားမှာဖြစ်ပါတယ်။ အပစ်အ ခတ်ရပ်စဲမှုများကို ပြုလုပ်ရုံနဲ့ ရေရှည် တည်တံ့တဲ့ငြိမ်းချမ်းရေးမရရှိနိုင်ဘူး ဆိုတာ ကျွန်တော်တို့ နားလည်သ ဘောပေါက်ထားပါတယ်''ဟု ယင်း က ဆက်လက်ပြောသည်။

အဆိုပါလူ့အခွင့်အရေးနေ့အ ခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဒေါ်အာင်ဆန်းစု ကြည်၊ မြန်မာနိုင်ငံအမျိုးသား လူ့အ ခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ United Nations Resident and Humanitarian Coordinator ဖြစ်သူ Mr. Ashok Nigam OHCHR မှ အရှေ့တောင်အာရှ ဆိုင်ရာကိုယ်စားလှယ် Ms. Matilda Bogner မြန်မာနိုင်ငံသ တင်းစာဆရာအသင်းဒုတိယဥက္ကဋ္ဌ(၁) ဦးကိုကို(ကိုကို-စက် မှုတက္ကသိုလ်)တို့က အမှာစကားပြော ကြားခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာအဖွဲ့ အစည်းများမှပုဂ္ဂိုလ်များ၊ လေ့လာသူ များ၊ သတင်းမီဒီယာမှပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးချမ်းမွန်မှ  Yangon Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Yangon Media Group

ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ သော ပဋိပက္ခများသည် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နောက်ပြန် ဆွဲ
ထားသော အတား အဆီးတစ်ခုလို ဖြစ်နေကြောင်း၊ အပစ်အခတ်ရပ်စဲမှု များကို ပြုလုပ် ရုံနှင့် ရေရှည်ငြိမ်း
ချမ်း ရေးမ ရရှိနိုင်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောကြား လိုက်သည်။
''ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ် ဇွန်လနောက်ပိုင်း မှာ ပြန်လည် ပြင်းထန်လာ ခဲ့တဲ့ ပဋိပက္ခတွေဟာ လည်း တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးဖြစ် စဉ်ကို နောက်ပြန်ဆွဲထားတဲ့ အတားအဆီးတစ်ခုလို ဖြစ်နေခဲ့ရပါ တယ်။ ပဋိပက္ခတွေ ပြန်လည်ပြင်းထန် လာတာနဲ့အမျှ ယခင်က ၁၇ နှစ်လုံးလုံး ရှိခဲ့တဲ့ နှစ်ဦးနှစ်ဖက်ယုံကြည် မှုတွေ
ပျာက်ကွယ် သွား စေခဲ့ပါတယ်'' ဟု ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ ဒုတိ
ယ ဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောသည်။
ဒီဇင်ဘာ ၁ဝရက်က ရန်ကုန် မြို့ အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်ခဲ့သော နိုင်ငံတကာလူ့အခွင့် အရေးနေ့ အခမ်းအနားတွင် ဦး အောင်မင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့အနေနဲ့ ယုံကြည် မှုပြန်လည်တည်ဆောက်နိုင်ဖို့ အတွက် ဆောင်ရွက်စရာရှိတာတွေကို ကြိုး
ပမ်း ဆောင်ရွက်နေပြီဖြစ်ပြီးပုံမှန်အခြေအနေမျိုးပြန်လည်ရရှိအောင် ကြိုးပမ်း ဆောင်ရွက်နေရဆဲလည်းဖြစ်
ပါတယ်။ ‘ီပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက် ပြေးပုန်းရှောင်နေ ရတဲ့
ပည် သူတွေ ကို အကူအညီတွေပေး နိုင်အောင်လို့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ဝင် ရောက်ခွင့်ရဖို့ ကျွန်တ်ာတို့အနေနဲ့ စီမံဆောင်ရွက်ပေးနေပါတယ်။ကချင် မြေပေါ်မှာ ငြိမ်းချမ်းရေးတွေ ပြန် လည်ဖြစ်ထွန်း
လာစေဖို့ ကျွန်တော့်အ နေနဲ့ မဆုတ်မနစ်ကြိုးပမ်းဆောင် ရွက်သွားမှာဖြစ်ပါတယ်။ အပစ်အ ခတ်ရပ်စဲမှုများ
ကို ပြုလုပ်ရုံနဲ့ ရေရှည် တည်တံ့တဲ့ငြိမ်းချမ်းရေးမရရှိနိုင်ဘူး ဆိုတာ ကျွန်တော်တို့ နားလည်သ ဘောပေါက်
ထားပါတယ်''ဟု ယင်း က ဆက်လက်ပြောသည်။
အဆိုပါလူ့အခွင့်အရေးနေ့အ ခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဒေါ်အာင်ဆန်းစု ကြည်၊ မြန်
မာနိုင်ငံအမျိုးသား လူ့အ ခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ United Nations Resident and Humanitarian Coordinator ဖြစ်သူ Mr. Ashok Nigam OHCHR မှ အရှေ့တောင်အာရှ ဆိုင်ရာကိုယ်စားလှယ် Ms. Matilda Bogner မြန်မာနိုင်ငံသ တင်းစာဆရာအသင်းဒုတိယဥက္ကဋ္ဌ(၁) ဦးကိုကို(ကိုကို-စက် မှုတက္ကသိုလ်)တို့က အမှာ
စကားပြော ကြားခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာအဖွဲ့ အစည်းများမှပုဂ္ဂိုလ်များ၊ လေ့လာသူ များ၊ သတင်းမီဒီယာမှ
ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
  
 
Yangon Media Group 

0 comments:

Post a Comment