မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏ ဒုံးကျည်ပစ်လွှတ်သွားမည့် ရက်ကာလ အပိုင်းအခြားကို ရက်သတ္တ
ပတ်တစ်ပတ် တိုးချဲ့ရွှေ့ဆိုင်းလိုက်ကြောင်း ABC News က ဖော်ပြသည်။
နိုင်ငံတကာက ဖိအားပေးမှုများ ရှိနေသည့်တိုင် ဒီဇင်ဘာ ၁၀ ရက်မှ ၂၂ ရက်အတွင်းဒုံးကျည်ပစ်လွှတ်မည်
ဟု မြောက်ကိုရီးယားက ကြေညာထားခြင်းဖြစ်သည်။
သို့သော် နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကြုံတွေ့ရသဖြင့် ဒုံးကျည်ပစ်လွှတ်မှုကို ဒီဇင်ဘာ ၁၀ ရက်မှ ၂၉ ရက်အတွင်းပြုလုပ်သွားမည်ဟု မြောက်ကိုရီးယားနိုင်ငံ၏ Korean Committee of Space Technology က ထုတ်
ပြန် ပြောကြားလိုက်သည်။
Planet Myanmar Network, ABC News

0 comments:
Post a Comment