Pages

Monday, December 10, 2012

ဒေါ်လာသန်း ၅၇၀ နီးပါး တန်ဖိုးရှိသော တိုက်လေယာဉ် အစင်း ၂၀ရုရှားထံမှ မြန်မာဝယ်

မန်မာအစိုးရကို တိုက်လေယာဉ် အစီး ၂၀ ပေးပို့ရန် အတွက် ရုရှားနိုင်ငံက သဘောတူ လိုက်ကြောင်း ရုရှား သတင်းဌာန တခုဖြစ်သော Kommersant ကို ကိုးကား၍ အေအက်ဖ်ပီ သတင်းတပုဒ်တွင် ရေးသား ထားသည်။ တိုက်လေယာဉ်တိုက်လေယာဉ်များမှာMiG-29အမျိုးအစားဖြစ်ပြီးဒေါ်လာသန်း၅၇၀ နီးပါး တန်ဖိုး ရှိကြောင်း၊ ပြီးခဲ့သည့်သီတင်းပတ်အနည်းငယ်အတွင်းက သဘောတူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၂၀၀၁ ခုနှစ်က ထိုအမျိုးအစား တိုက်လေယာဉ် ၁၂ စီးကိုလည်း ရုရှားက မြန်မာပြည်ကို ပေးပို့ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ရုရှား အကူအညီဖြင့် နျူကလီးယား ဓာတ်ပေါင်းဖိုတခု တည်ဆောက် နေကြောင်း မြန်မာ စစ်အစိုးရက ထုတ်ဖော် ပြောဆိုသည်။

ရုရှားနိုင်ငံမှ United Aircraft Corporation ကုမ္ပဏီက မြန်မာနိုင်ငံသို့ An-148 အမျိုးအစား ခရီး သည်တင် လေယာဉ်များ ပေးမည်ဟုလည်း ယခု လဆန်းပိုင်းက ထုတ်ဖော် ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ် မေလက မြန်မာနိုင်ငံတွင် နျူကလီးယား လေ့လာရေး ဌာနနှင့် ၁၀ မီဂါဝပ် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရန် သဘောတူလိုက်ကြောင်း ရုရှား အနုမြူ စွမ်းအင် အေဂျင် စီက ကြေညာ ခဲ့ သည်။

မြန်မာနိုင်ငံသည် လက်နက်များကို ရုရှား အပါအဝင် အိန္ဒိယ၊ တရုတ်၊ အစ္စရေး၊ ယူကရိန်း ၊ မြောက်ကို ရီးယား စ သည့် နိုင်ငံတို့မှလည်း ဝယ်ယူသည်ဟု သိရသည်။

0 comments:

Post a Comment