Pages

Monday, December 10, 2012

နိုင်ငံဘဏ္ဍာငွေသည် ပြည်သူများ၏ ရပိုင်ခွင့်ဖြစ်သည်ဟု့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်


နိုင်ငံဘဏ္ဍာငွေသည် ပြည်သူများ၏ ရပိုင်ခွင့်ဖြစ်

ရွှေအောင် - DVB  - ၉  ဒီဇင်ဘာ ၂၀၁၂

နိုင်ငံဘဏ္ဍာငွေနဲ့ လုပ်ကိုင်ဆောင်ရွက်ထားသမျှဟာ ပြည်သူတွေရဲ့ရပိုင်ခွင့်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေဆိုတာ ပြည်သူလူထုပိုင်တဲ့ ငွေဖြစ်တာကြောင့်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မကွေးတိုင်း ကျောက်ပန်းတောင်းမြို့က ဒေသခံလူထုကို တနင်္ဂနွေနေ့က မိန့်ခွန်းပြောကြားရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခုလို ထုတ်ဖော် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ဘယ်တော့မဆို မှတ်ထားနော် အစိုးရသုံးသမျှဟာ နိုင်ငံပိုင် ပိုက်ဆံပဲ။ အစိုးရလုပ်ပေးလို့ဆိုပြီး ကျေးဇူးတင်ကြတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတရားဆိုတာ ကောင်းပါတယ်။ လုပ်ပေးချင်တဲ့ စေတနာအတွက် ကျေးဇူးတင်တာ မမှားပါဘူး။ ဒါပေမယ့် ဒါဟာ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေ ဆိုတာ မမေ့ပါနဲ့။ ဒီနိုင်ငံရဲ့ ဘဏ္ဍာငွေနဲ့ လုပ်သမျှဟာ ပြည်သူလူထုရဲ့ ရထိုက်ပိုင်ခွင့်တွေဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံရဲ့ ဘဏ္ဍာငွေဟာ ပြည်သူလူထုပိုင်တဲ့ ငွေဖြစ်တယ်ဆိုတာကို ခေါင်းထဲမှာ အမြဲမှတ်ထားပါ။ ဒါကြောင့် ကိုယ့်ရဲ့ပိုက်ဆံတွေကို မှန်မှန်ကန်ကန် သုံးနေရဲ့လားဆိုတာကို ဆင်ခြင်ကြပါ။ တချို့ကျတော့ နိုင်ငံတော်ရဲ့ပိုက်ဆံထုတ်သုံးပြီးတော့ ကိုယ်တိုင်လုပ်ပေးနေသလိုမျိုး ပုံစံထုတ်တာမျိုး ရှိသေးတယ်။ ဒါတွေကို ဘယ်တော့မှ လျစ်လျူမရှုပါနဲ့။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မကွေးတိုင်းအတွင်း စနေနေ့ကစလို့ ခရီးထွက်နေပြီး တနင်္ဂနွေနေ့မှာတော့ မကွေးမြို့၊ ရေနံချောင်းနဲ့ ကျောက်ပန်းတောင်းမြို့တွေမှာ လူထုနဲ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။

ဒီခရီးဟာ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ကာလက မလာဖြစ်တဲ့ မကွေးတိုင်းကို အကြွေးဆပ်တဲ့ အနေနဲ့ လာရောက်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

“အရင်တခေါက်က မလာဖြစ်လို့။ ရွေးကောက်ပွဲမတိုင်ခင်လာမယ်ဆိုပြီး ပျက်သွားတယ်။ ပြန် အကြွေးဆပ်တာဗျ။ အရင်တုန်းကမသွားဖြစ်ခဲ့လို့ အခု ပြန်ပြီး အချိန်အားရတဲ့အခါမှာ နယ်မြေကိုပြန်လှည့်တာ။ အဓိကကတော့ နတ်မောက်မှာ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားလေး ကျင်းပတယ်။ ဒေါ်အောင်ဆန်းစုကြည်က နတ်မောက် အမျိုးသားအေင်ပွဲနေ့ အခမ်းအနားကို တတ်ရောက် မိန့်ခွန်းပြောကြားရင်း တောင်တွင်းကြီး၊ မြို့သစ်၊ မကွေး၊ နတ်မောက်၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း။ ကျောက်ပန်းတောင်းကနေပြီးတော့ မြောက်ဦးလေဆိပ်ကနေ ရန်ကုန်ကို လေယာဉ်နဲ့ ပြန်မယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကွေးတိုင်း လူထုတွေ့ဆုံပွဲတွေကို ဒေသခံလူထု ထောင်သောင်းချီ တက်ရောက်ခဲ့ကြတာ တွေ့ရတယ်လို့လဲ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျောက်ပန်းတောင်းလူထုနဲ့ တွေ့ဆုံရာမှာ မကွေးတိုင်းထဲက လူငယ်တွေ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းလိုဖြစ်အောင် ကြိုးစားကြဖို့လဲ အခုလို တိုက်တွန်းသွားပါတယ်။

“ကျမက အမြဲပဲ မကွေးဆိုတာ ကျမတို့ဆွေမျိုးတွေရဲ့ ရပ်မြေလို့ သတ်မှတ်ပါတယ်။ ဖေဖေကလဲ မကွေးမှာပဲမွေး၊ မကွေးမှာပဲ ပညာသင်ပြီးတော့ ရန်ကုန်တက္ကသိုလ်ကို ရောက်သွားတာပါ။ မကွေးကလူငယ်တွေကိုလည်း ဖေဖေ့လိုပဲ တိုးတက်စေချင်တယ်။ အခု ကျမ ကျောက်ပန်းတောင်းကိုလာတဲ့လမ်းမှာဆိုရင် ကျောင်းစိမ်းလေးတွေ တွေ့ခဲ့ရတယ်။ ကျောင်းစိမ်းလေးတွေ၊ လူငယ်လေးတွေ တွေ့တဲ့အခါကျရင် ကျမရင်ထဲမှာ အင်မတန်မှ အေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကလေးတွေဟာ အခုကတည်းကနေ စပြီးတော့ နိုင်ငံရေးမှာ ပါဝင်ချင်တဲ့စိတ်ဓာတ်တွေရှိတာကို ကျမ သိပ်ပြီး သဘောကျတယ်။”

ဒီဇင်ဘာ ၂၀၁၂

နိုင်ငံဘဏ္ဍာငွေနဲ့ လုပ်ကိုင်ဆောင်ရွက်ထားသမျှဟာ ပြည်သူတွေရဲ့ရပိုင်ခွင့်ဖြစ်တယ်
။ ဘာကြောင့်လဲဆို
တာ့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေဆိုတာ ပြည်သူလူထုပိုင်တဲ့ ငွေဖြစ်တာကြောင့်လို့ ဒေါ်အောင်ဆန်းစုကြည်
က ပြောကြားလိုက်ပါတယ်။
မကွေးတိုင်း ကျောက်ပန်းတောင်းမြို့က ဒေသခံလူထုကို တနင်္ဂနွေနေ့က မိန့်ခွန်းပြောကြားရာမှာ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခုလို ထုတ်ဖော် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ဘယ်တော့မဆို မှတ်ထားနော် အစိုးရသုံးသမျှဟာ နိုင်ငံပိုင် ပိုက်ဆံပဲ။ အစိုးရလုပ်ပေးလို့ဆိုပြီး ကျေးဇူးတင်
ကြတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတရားဆိုတာ ကောင်းပါတယ်။ လုပ်ပေးချင်တဲ့ စေတနာအတွက် ကျေးဇူး
တင်တာ မမှားပါဘူး။ ဒါပေမယ့် ဒါဟာ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေ ဆိုတာ မမေ့ပါနဲ့။ 
 
ဒီနိုင်ငံရဲ့ ဘဏ္ဍာငွေနဲ့ လုပ်သမျှဟာ ပြည်သူလူထုရဲ့ ရထိုက်ပိုင်ခွင့်တွေဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်
ငံရဲ့ ဘဏ္ဍာငွေဟာ ပြည်သူလူထုပိုင်တဲ့ ငွေဖြစ်တယ်ဆိုတာကို ခေါင်းထဲမှအမြဲမှတ်ထားပါ။ဒါကြောင့် ကိုယ့်
ရဲ့ပိုက်ဆံတွေကို မှန်မှန်ကန်ကန် သုံးနေရဲ့လားဆိုတာကို ဆင်ခြင်ကြပါ။ 
 
တချို့ကျတော့ နိုင်ငံတော်ရဲ့ပိုက်ဆံထုတ်သုံး ပြီးတော့ ကိုယ်တိုင်လုပ်ပေးနေသလိုမျိုး ပုံစံထုတ်တာမျိုး ရှိ
သးတယ်။ ဒါတွေကို ဘယ်တော့မှ လျစ်လျူမရှုပါနဲ့။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မကွေးတိုင်းအတွင်း စနေနေ့ကစလို့ ခရီးထွက်နေပြီး တနင်္ဂနွေနေ့မှာတော့ မကွေးမြို့၊ ရေနံချောင်းနဲ့ ကျောက်ပန်းတောင်းမြို့တွေမှာ လူထုနဲ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။


ဒီခရီးဟာ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ကာလက မလာဖြစ်တဲ့ မကွေးတိုင်းကို အကြွေးဆပ်တဲ့ အနေနဲ့ လာရောက်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊
တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦး
အာင်ကြည်ညွန့်က ပြောပါတယ်။

“အရင်တခေါက်က မလာဖြစ်လို့။ ရွေးကောက်ပွဲမတိုင်ခင်လာမယ်ဆြို
ပီး ပျက်သွားတယ်။ ပြန် အကြွေးဆပ်
တာဗျ။ အရင်တုန်းကမသွားဖြစ်ခဲ့လို့ အခု ပြန်ပြီး အချိန်အားရတဲ့အခါမှာ နယ်မြေကိုပြန်လှည့်တာ။ အဓိက
ကတော့ နတ်မောက်မှာ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားလေး ကျင်းပတယ်။
 
 ဒေါ်အောင်ဆန်းစုကြည်က နတ်မောက် အမျိုးသားအေင်ပွဲနေ့အခမ်းအနားကိုတတ်ရောက်မိန့်ခွန်းပြောကြား
ရင်း တောင်တွင်းကြီး၊ မြို့သစ်၊မကွေး၊နတ်မောက်၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း။ ကျောက်ပန်းတောင်း
ကနေပြီးတော့ မြောက်ဦးလေဆိပ်ကနေ ရန်ကုန်ကို လေယာဉ်နဲ့ ပြန်မယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကွေးတိုင်း လူထုတွေ့ဆုံပွဲတွေကို ဒေသခံလူထု ထောင်သောင်းချီ တက်ရောက်
ခဲ့ကြတာ တွေ့ရတယ်လို့လဲ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျောက်ပန်းတောင်းလူထုနဲ့ တွေ့ဆုံရာမှာ မကွေးတိုင်းထဲက လူငယ်တွေ သူ့
ဖခင် ဗိုလ်ချုပ်အောင်ဆန်းလိုဖြစ်အောင် ကြိုးစားကြဖို့လဲ အခုလို တိုက်တွန်းသွားပါတယ်။

“ကျမက အမြဲပဲ မကွေးဆိုတာ ကျမတို့ဆွေမျိုးတွေရဲ့ ရပ်မြေလို့ သတ်မှတ်ပါတယ်။ ဖေဖေကလဲ မကွေးမှာ
ပဲမွေး၊ မကွေးမှာပဲ ပညာသင်ပြီးတော့ ရန်ကုန်တက္ကသိုလ်ကို ရောက်သွားတာပါ။ မကွေးကလူငယ်တွေကို
လည်း ဖေဖေ့လိုပဲ တိုးတက်စေချင်တယ်။ အခု ကျမ ကျောက်ပန်းတောင်းကိုလာတဲ့လမ်းမှာဆိုရင် ကျောင်း
စိမ်းလေးတွေ တွေ့ခဲ့ရတယ်။ ကျောင်းစိမ်းလေးတွေ၊ လူငယ်လေးတွေ တွေ့တဲ့အခါကျရင် ကျမရင်ထဲမှာ အင်
မတန်မှ အေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကလေးတွေဟာ အခုကတည်းကနေ စပြီးတော့ နိုင်ငံရေးမှာ ပါဝင်ချင်တဲ့စိတ်ဓာတ်တွေရှိတာကို ကျမ သိပ်ပြီး သဘောကျတယ်။”

ရွှေအောင် -
 DVB  News:
 

0 comments:

Post a Comment