Pages

Monday, March 11, 2013

"အနုပညာသူခိုးများနှင့် စာဖတ်ဖို့လိုနေသေးသည့် အယ်ဒီတာများ"

"အနုပညာသူခိုးများနှင့် စာဖတ်ဖို့လိုနေသေးသည့် အယ်ဒီတာများ"


နန်းအသင်္ခယာဆိုတာ သူတစ်ပါးကို ဆဲဖို့မပြောနဲ့ လေသံမာမာတောင် မပြောဖြစ်တဲ့အထဲမှာ ပါပါတယ်။ ဒါပေမယ့် မျက်စိရှေ့မှာ အမြင်မတော်တဲ့ကိစ္စတစ်ခုက ကန့်လန့်ကြီးလာခံတော့ တောက်ခေါက်မိတာ 
အကြိမ်ပေါင်းများစွာပါပဲ ..။
စာသူခိုးတွေကိစ္စပါ ..။ ဘာဖြစ်လို့များ ဒီလောက် အောက်တန်းကျရတာလဲ
ဆိုတာလဲ စဉ်းစားလို့ကို မထွက်နိုင်တော့ဘူး။ ပြောတော့ မီဒီယာကျင့်ဝတ်
ဆိုတာကို ပါးစပ်ဖျားက မချပါဘူး။ အစကတော့ ငြိမ်နေပါသေးတယ်။ အခုက
တစ်ခါလည်းမဟုတ် နှစ်ခါလည်း မဟုတ်။ စာရေးဆရာတွေ အနုပညာသမား
တွေကို သံပုရာသီးတွေ ရှောက်သီးတွေလို သဘောထားနေတာတော့ ..
မဖြစ်သင့်ဘူးထင်ပါတယ်။

ဖြစ်စဉ်(၁)က လွန်ခဲ့တဲ့လကဖြစ်သွားတဲ့ကိစ္စ ...
ကိုလင်းအောင်ပြည့်ဆိုတဲ့ ကဗျာဆရာ ဓာတ်ပုံဆရာတစ်ယောက်ရဲ့ အထင်
ကရဓာတ်ပုံဖြစ်တဲ့ ရွှေတိဂုံစေတီတော်ပုံကြီး (ကာယကံရှင်က ဘလော့မှာ
လည်း တင်ပြီး) အဲဒါကို Reporter ဂျာနယ်က ခပ်တည်တည်နဲ့ ရေစာကို
ဖျက်ပြီး သူတို့ ဆောင်းပါးတစ်ပုဒ်မှာ သုံးပါတယ်။ ဓာတ်ပုံဆရာနာမည်ကို
ရုပ်တည်ကြီးနဲ့ ဆောင်းပါးရေးသူရဲ့နာမည်နဲ့အုပ်ထားပါတယ်။ 

"ဟ ..ပိုင်လှချည်လား။ ဒါဆိုပြီးပြီပေါ့ .." ဒီလိုလုပ်လိုက်ရင် ကာယကံရှင်နဲ့
တခြားသိသူတွေက ငပြိန်းတွေဆိုတော့ မသိဘူးထင်တယ်လို့ တွက်တယ်
ထင်ပါတယ်။ ဒီတော့ ငပြိန်းတွေကဖြစ်တဲ့ ကာယကံရှင်နဲ့အသိုင်းအ၀ိုင်းက
ပြောတော့ ဟိုလိုလို သည်လိုလိုနဲ့ နောက်တစ်ပတ်ဂျာနယ်မှာ တောင်းပန်စာ
လေးပါလာပါတယ်။ တကယ့်ဘုရားစူးတောင်းပ်န်စာလေးပါ။ ရေးထားတာ
ကလည်း မလိမ့်တစ်ပတ်ခေါ်မလား လက်တစ်လုံးခြားခေါ်မလားမသိဘူး။
အေးအေးနေချင်တဲ့လူဆိုတော့လည်း ကာယကံရှင်က ဘာမှထပ်မပြောပါ
ဘူး။

ဟော ..အခုလာပြန်ပြီ ...။

ကျမရဲ့ချစ်လှစွာသော စာပေမောင်နှမဖြစ်သည့် မောင်ငယ်လေး ကိုဟိန်း
ရဲ့ကဗျာကို မျက်နှာပြောင်တိုက်ပြီး ခေါင်းစဉ်ပြောင်းခိုးထားသည့်
ပြည်သူ့ဆန္ဒဆိုသည့် ဂျာနယ်။

ရှက်တတ်ရင် လဲသေလို့ရပါသည်။ အသက်နှစ်ဆယ်မျှရှိသေးသည့် ကဗျာ
ဆရာလေး၏ ကဗျာကို အယ်ဒီတာအမည်ခံ ဆရာကြီးတွေက အဘယ်သို့
များ အကြောင်းကြောင်းကြောင့် အခုလိုလုပ်ရတာလဲ သိချင်လှပါသည်။

ကျမကတော့ ရှင်းသည်။ ဒီလို အနုပညာသူခိုးများကို လုံးဝ လုံးဝ ရှုတ်ချပါသည်။ ကာယကံရှင် ကိုဟိန်းကို ကိုယ်ချင်းစာသည်။ ဒီကိစ္စမှာ
ပုဂ္ဂိုလ်မင်လို့ တရားခင်ပြီး မခံမရပ်နိုင်ဖြစ်နေတာမဟုတ်ဘဲ၊ စာရေးသူတစ်
ယောက်၏ အနုပညာကို ခိုးသည့် အနုပညာသူခိုးတို့၏လုပ်ရပ်ကို ကန့်ကွက်
ခြင်းသာ ဖြစ်ပါသည်။

https://www.facebook.com/photo.php?fbid=577493582263370&set=p.577493582263370&type=1&comment_id=2005741&ref=notif&notif_t=like&theater

အထက်ပါ လင့်ခ်မှာ မူရင်းလင့်ခ်ဖြစ်ပါသည်။ 

အနုပညာသူခိုးများအား .. စာဖတ်သူပရိသတ်များမှ ကူညီဆန့်ကျင်ပေးကြ
ဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။

ဂျာနယ်တစ်စောင်ကို ဦးစီးနေသည့် အယ်ဒီတာများကို စာများများဖတ်ဖို့၊
သူတစ်ပါး အနုပညာပစ္စည်းကို တန်ဖိုးထားတတ်ဖို့လိုကြောင်း ..အသိပေးလိုက်ပါသည် ...။


နန်းအသင်္ခယာ

ဓာတ်ပုံကို မူရင်းလင့်ခ်မှ ကူးယူဖော်ပြပါသည်။

‎ဒီတစ်ခေါက်ပြောချင်တာကစာသူခိုးတွေကိစ္စပါ ..။ ဘာဖြစ်လို့များ ဒီလောက် အောက်တန်းကျရတာလဲ
ဆိုတာလဲ စဉ်းစားလို့ကို မထွက်နိုင်တော့ဘူး။ ပြောတော့ မီဒီယာကျင့်ဝတ် ဆိုတာကို ပါးစပ်ဖျားက မချပါဘူး။ အစကတော့ ငြိမ်နေပါသေးတယ်။ အခုက တစ်ခါလည်းမဟုတ် နှစ်ခါလည်း မဟုတ်။ စာရေးဆရာတွေ အနုပညာသမား တွေကို သံပုရာသီးတွေ ရှောက်သီးတွေလို သဘောထားနေတာတော့ .. မဖြစ်သင့်ဘူးထင်ပါတယ်။
ဖြစ်စဉ်(၁)က လွန်ခဲ့တဲ့လကဖြစ်သွားတဲ့ကိစ္စ ...
 
ကိုလင်းအောင်ပြည့်ဆိုတဲ့ ကဗျာဆရာ ဓာတ်ပုံဆရာတစ်ယောက်ရဲ့ အထင် ကရဓာတ်ပုံဖြစ်တဲ့ ရွှေတိဂုံစေတီတော်ပုံကြီး (ကာယကံရှင်က ဘလော့မှာ လည်း တင်ပြီး) အဲဒါကို Reporter ဂျာနယ်က ခပ်တည်တည်နဲ့ ရေစာကို ဖျက်ပြီး သူတို့ ဆောင်းပါးတစ်ပုဒ်မှာ သုံးပါတယ်။ ဓာတ်ပုံဆရာနာမည်ကို ရုပ်တည်ကြီးနဲ့ ဆောင်းပါးရေးသူရဲ့နာမည်နဲ့အုပ်ထားပါတယ်။ 


"ဟ ..ပိုင်လှချည်လား။ ဒါဆိုပြီးပြီပေါ့ .." ဒီလိုလုပ်လိုက်ရင် ကာယကံရှင်နဲ့ တခြားသိသူတွေက ငပြိန်းတွေဆိုတော့ မသိဘူးထင်တယ်လို့ တွက်တယ် ထင်ပါတယ်။ 

ဒီတော့ ငပြိန်းတွေကဖြစ်တဲ့ ကာယကံရှင်နဲ့အသိုင်းအ၀ိုင်းက ပြောတော့ ဟိုလိုလို သည်လိုလိုနဲ့ နောက်တစ်ပတ်ဂျာနယ်မှာ တောင်းပန်စာ လေးပါလာပါတယ်။ တကယ့်ဘုရားစူးတောင်းပ်န်စာလေးပါ။ ရေးထားတာ ကလည်း မလိမ့်တစ်ပတ်ခေါ်မလား လက်တစ်လုံးခြားခေါ်မလားမသိဘူး။ အေးအေးနေချင်တဲ့လူဆိုတော့လည်း ကာယကံရှင်က ဘာမှထပ်မပြောပါ ဘူး။ဟော ..အခုလာပြန်ပြီ ...။


ကျမရဲ့ချစ်လှစွာသော စာပေမောင်နှမဖြစ်သည့် မောင်ငယ်လေး ကိုဟိန်း ရဲ့ကဗျာကို မျက်နှာပြောင်တိုက်ပြီး ခေါင်းစဉ်ပြောင်းခိုးထားသည့် ပြည်သူ့ဆန္ဒဆိုသည့် ဂျာနယ်။

ရှက်တတ်ရင် လဲသေလို့ရပါသည်။ အသက်နှစ်ဆယ်မျှရှိသေးသည့် ကဗျာ ဆရာလေး၏ ကဗျာကို အယ်ဒီတာအမည်ခံ ဆရာကြီးတွေက အဘယ်သို့ များ အကြောင်းကြောင်းကြောင့် အခုလိုလုပ်ရတာလဲ သိချင်လှပါသည်။


ကျမကတော့ ရှင်းသည်။ ဒီလို အနုပညာသူခိုးများကို လုံးဝ လုံးဝ ရှုတ်ချပါသည်။ ကာယကံရှင် ကိုဟိန်းကို ကိုယ်ချင်းစာသည်။ ဒီကိစ္စမှာ ပုဂ္ဂိုလ်မင်လို့ တရားခင်ပြီး မခံမရပ်နိုင်ဖြစ်နေတာမဟုတ်ဘဲ၊ စာရေးသူတစ်
ယောက်၏ အနုပညာကို ခိုးသည့် အနုပညာသူခိုးတို့၏လုပ်ရပ်ကို ကန့်ကွက် ခြင်းသာ ဖြစ်ပါသည်။


https://www.facebook.com/photo.php?fbid=577493582263370&set=p.577493582263370&type=1&comment_id=2005741&ref=notif&notif_t=like&theater

အထက်ပါ လင့်ခ်မှာ မူရင်းလင့်ခ်ဖြစ်ပါသည်။

အနုပညာသူခိုးများအား .. စာဖတ်သူပရိသတ်များမှ ကူညီဆန့်ကျင်ပေးကြ ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဂျာနယ်တစ်စောင်ကို ဦးစီးနေသည့် အယ်ဒီတာများကို စာများများဖတ်ဖို့၊ သူတစ်ပါး အနုပညာပစ္စည်းကို တန်ဖိုးထားတတ်ဖို့လိုကြောင်း ..အသိပေးလိုက်ပါသည် ...။


ဓာတ်ပုံကို မူရင်းလင့်ခ်မှ ကူးယူဖော်ပြပါသည်။


နန်းအသင်္ခယာ
Rangonnewsdaily
RND:  :11.3.2013 

0 comments:

Post a Comment