Pages

Monday, March 11, 2013

ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်နှစ်စီး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန် ရောက်ရှိ

ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်နှစ်စီး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန် ရောက်ရှိ 

မြန်မာ့တပ်မတော်(ရေ) အနေဖြင့် နိုင်ငံတကာရေတပ်များ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုများအား တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ထိုင်းဘုရင့် ရေတပ်မှ ဖရီးဂိတ် စစ်ရေယာဉ် HTMS TAPI နှင့် အမြန်သွားတိုက်ခိုက်ရေး ရေယာဉ် HTMS WITTHAYAKHOM တို့သည် မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် မတ်လ(၉)ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ရန်ကုန် သီလဝါဆိပ်ကမ်းရှိ  MITT ဆိပ်ခံတံတားသို့ ရောက်ရှိလာရာ တပ်မတော်(ရေ) မှ အရာရှိ၊ စစ်သည် များက လှိုက်လှဲစွာ ကြိုဆိုကြသည်။

အဆိုပါထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်နှစ်စီးနှင့်အတူ Rear  Admiral Prayood Putain ဦးစီး အရာရှိ ၂၁ ဦး၊ အခြားအဆင့် ၁၄၉ ဦး လိုက်ပါလာကာ မြန်မာနိုင်ငံတွင် မတ် ၉ ရက်မှ ၁၂ ရက် အထိ ၄ ရက်တာ ချစ်ကြည်ရေးခရီး လည်ပတ်မည် ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံ ရေတပ်ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ၊ လေ့လာရေး ခရီးစဉ်များ  ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ အိမ်နီးချင်း မိတ်ဆွေနိုင်ငံများမှ စစ်ရေယာဉ်များ မကြာခဏ လာရောက် လည်ပတ်ခြင်းဖြင့် နှစ်နိုင်ငံရေတပ်အချင်းချင်း သာမက နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 မြဝတီ

RND:  :11.3.2013
မြန်မာ့တပ်မတော်(ရေ)အနေဖြင့် နိုင်ငံတကာရေတပ်များပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် ချစ်ကြည်
ရင်းနှီးမှုများအား တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ထိုင်းဘုရင့် ရေတပ်မှ ဖရီးဂိတ် စစ်ရေယာဉ် HTMS TAPI နှင့် အမြန်သွားတိုက်ခိုက်ရေး ရေယာဉ် HTMS WITTHAYAKHOM တို့သည် မြန်မာ နိုင်ငံသို့
ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် မတ်လ(၉)ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ရန်ကုန် သီလဝါဆိပ်
ကမ်းရှိ MITT ဆိပ်ခံတံတားသို့ ရောက်ရှိလာရာ တပ်မတော်(ရေ) မှ အရာရှိ၊ စစ်သည် များက လှိုက်လှဲစွာ ကြိုဆိုကြသည်။


အဆိုပါထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်နှစ်စီးနှင့်အတူ Rear Admiral Prayood Putain ဦးစီး အရာရှိ ၂၁ ဦး၊ အခြားအဆင့် ၁၄၉ ဦး လိုက်ပါလာကာ မြန်မာနိုင်ငံတွင် မတ် ၉ ရက်မှ ၁၂ ရက် အထိ ၄ ရက်တာ ချစ်ကြည်
ရေးခရီး လည်ပတ်မည် ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံ ရေတပ်ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ၊ လေ့
လာရေး ခရီးစဉ်များ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်


မြန်မာနိုင်ငံသို့ အိမ်နီးချင်း မိတ်ဆွေနိုင်ငံများမှ စစ်ရေယာဉ်များ မကြာခဏ လာရောက် လည်ပတ်ခြင်းဖြင့် နှစ်နိုင်ငံရေတပ်အချင်းချင်း သာမက နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်
ရွက်မှုများကို ပိုမိုမြှင့်တင် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြဝတီ

Rangonnewsdaily

0 comments:

Post a Comment