Pages

Monday, March 11, 2013

အသုံးပြုသူစိတ်ကြိုက် သတင်းအပြင်အဆင် ထားနိုင်မှုနှင့် ပိုမိုကြီးမားသော ဓာတ်ပုံများ ပါဝင်သည့် ပင်မစာမျက်နှာသစ် Facebook မိတ်ဆက်

weeklyeleven-10-march10
RND:  :11.3.2013
Facebook စာမျက်နှာတွင် မိတ်ဆွေများ၏ သတင်းများနှင့် ကမ္ဘာ့သတင်းများကို စိတ်ကြိုက်ပြင်ဆင်ကာ personalized news paper အဖြစ်ပြောင်းလဲနိုင်သော ၀က်ဘ်ဆိုက်စာမျက်နှာသစ်ကို စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း Facebook က မတ် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
Facebook ၏ News Feed အသုံးဝင်မှုကို ပြင်ဆင်ခဲ့ပြီး အသုံးပြုသူက ကိုယ်နှစ်သက်ရာ သတင်းများကို စိတ်ကြိုက်ထားရှိခွင့် ပေးထားသော ၀န်ဆောင်မှုကို စတင်ပြီဖြစ်ကြောင်း Facebook ကို ပူးတွဲတည်ထောင်သူ မာ့ခ်ဇက်ကာဘက်က ပြောကြားခဲ့သည်။ "ဒါဟာ ကိုယ့်စိတ်ကြိုက် သတင်းစာမျိုးတစ်ခုကို ထားရှိခွင့်ရတဲ့ အထူးနေရာတစ်ခုလို့ ကျွန်တော်ထင်ပါတယ်" ဟု သူကဆိုသည်။
 
Facebook သည် သူ၏၀က်ဘ်ဆိုက်ကို စားပွဲတင်ကွန်ပျူတာများ၊ လက်တော့ပ်များတွင် အသုံးပြုနေသည့်အတိုင်း မိုလ်ဘိုင်းဖုန်းများ သင်ပုန်းကွန်ပျူတာများတွင် အသုံးပြုနိုင်ရန် စီစဉ်နေပြီး အသွင်သစ်တွင် ဓာတ်ပုံများကို ပိုမိုကြီးမားစွာမြင် တွေ့နိုင်မည်ဖြစ်သည်။ 
 
Facebook အသုံးပြုသူသည် CNN နှင့် အခြားမီဒီယာ အဖွဲ့အစည်းများ၏ ၀က်ဘ်ဆိုက်များကို Like လုပ်ထားပါက မီဒီယာဝက်ဘ်ဆိုက်များ၏ ထိပ်တန်းသတင်းများ၊ ပြန်လည်မျှဝေမှု အများဆုံး သတင်းများကို ၎င်း၏စာမျက်နှာတွင် ဖော်ပြနေမည်ဖြစ်သည်။ မိုဘိုင်းဝက်ဘ်ဆိုက်များတွင် News Feed အသုံးဝင်မှုကို ထည့်သွင်းပြီး ကြော်ငြာများ ထည့်သွင်းနိုင်သောကြောင့် Facebook သည် ပြီးခဲ့သည့်နှစ်က အခြားကြော်ငြာ လုပ်ငန်းများထက် မိုဘိုင်းကြော်ငြာဝင်ငွေ ပိုမိုရရှိခဲ့ကြောင်း ကြော်ငြာလုပ်ငန်းကျွမ်းကျင်သူ eMarketer က ဆိုသည်။
 
Facebook သည် ၂၀၁၂ ခုနှစ်တွင် အမေရိကန်မိုဘိုင်းကြော်ငြာ ဈေးကွက်၏ ၁၈ ဒသမ ၄ ရာခိုင်နှုန်းကို ရရှိခဲ့ကြောင်း eMarketer က ခန့်မှန်းခဲ့သည်။ အမေရိကန် မိုဘိုင်းကြော်ငြာဈေးကွက်သည် ယမန်နှစ်က ဒေါ်လာ ၄ ဘီလျံရှိခဲ့ပြီး ယခုနှစ်တွင် ဒေါ်လာ ၇ ဒသမ ၁၉ ဘီလျံအထိ မြင့်တက်လာမည်ဟု eMarketer က ခန့်မှန်းထားသည်။
 
 
Ref:NYTimes,EMG,Rangonnewsdaily

0 comments:

Post a Comment