Pages

Monday, March 11, 2013

လက်ပံတောင်းတောင်သပိတ်စခန်း အား အင်အားသုံးဖြိုခွင်းခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတအား အရေးယူပေးရန် လျှောက်ထားချက်ကို တရားရုံးမှ ပလပ်

လက်ပံတောင်းတောင်သပိတ်စခန်း အား အင်အားသုံးဖြိုခွင်းခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတအား အရေးယူပေးရန် လျှောက်ထားချက်ကို တရားရုံးမှ ပလပ်

လက်ပန်တောင်းတောင်သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းမှုနှင့်ပတ်သက်၍ ဒေသခံသုံးဦးမှ နိုင်ငံတော်သမ္မတအား အရေးယူပေးရန် လျှောက်ထားချက်ကို တရားရုံးမှ ပလပ်လိုက်ကြောင်း တရားလိုဘက်မှ ဥပဒေအကျိုးဆောင် ဦးစောကျော်ကျော်မင်းကပြောသည် ။
တရားဆွဲဆိုခြင်းနှင့်ပတ်သက်၍ မတ်လ ၁၁ရက်နေ့တွင် ဆုံးဖြတ်ချက်ပေးရာတွင် မြို့နယ်တရားသူကြီးဒေါ်ခင်ခင်ဆွေက ဥပဒေနှင့်အညီ အမှုဖွင့်လှစ်ရန် အကြောင်းမပေါ်ပေါက်ပါ၍ အမှုမဖွင့်လှစ်ကြောင်း အမိန့်ချခဲ့သည်။

”ဥပဒေနဲ့ အညီအမှုဖွင့်လှစ်ရန်အကြောင်းမပေါ်ပေါက်ပါ၍ အမှုမဖွင့်လှစ်ပါဆိုတာက ဘယ်လိုအကြောင်းမျိုးလဲဆိုပြီး အငြင်းပွားဖွယ်ဖြစ်လာတယ် အမြင့်ဆုံးတရားရုံးဖြစ်တဲ့တရားလွှတ်တော်ချုပ်မှာဖြေရှင်းမယ် ဒီကိစ္စနဲ့ ပတ်သက်ပြီးခရိုင်တရားရုံးကို ဆက်တက်မယ် ”ဟု ဦးစောကျော်ကျော်မင်းက The Messenger သို့ပြောသည်။
လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကို တရားလိုများအဖြစ် ဆည်တဲ ရွာသူ မရီရီဝင်း မ၀င်းဝင်းဌေးနှင့် မိုးကြိုးပြင်အလယ်ရွာ မှ ဦးဇော်နိုင်တို့မှ ဆားလင်းကြီးမြို့နယ်တရားရုံးတွင် လျောက်ထားခဲ့ခြင်းဖြစ်ပြီး မြို့နယ်တရားရုံးက မတ်လလေးရက်နေ့တွင်လက်ခံခဲ့ခြင်းဖြစ်သည်။
Messenger News Journal

RND:  :11.3.2013
လက်ပန်တောင်းတောင်သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းမှုနှင့်ပတ်သက်၍ ဒေသခံသုံးဦးမှ နိုင်ငံတော်သမ္မ
တအား အရေးယူပေးရန် လျှောက်ထားချက်ကို တရားရုံးမှ ပလပ်လိုက်ကြောင်း တရားလိုဘက်မှ ဥပဒေအကျိုးဆောင် ဦးစောကျော်ကျော်မင်းကပြောသည် ။တရားဆွဲဆိုခြင်းနှင့်ပတ်သက်၍မတ်လ၁၁ရက်နေ့တွင် ဆုံးဖြတ်ချက်ပေးရာတွင် မြို့နယ်တရားသူကြီးဒေါ်
ခင်ခင်ဆွေက ဥပဒေနှင့်အညီ အမှုဖွင့်လှစ်ရန် အကြောင်းမပေါ်ပေါက်ပါ၍ အမှုမဖွင့်လှစ်ကြောင်း အမိန့်ချခဲ့သည်။

”ဥပဒေနဲ့ အညီအမှုဖွင့်လှစ်ရန်အကြောင်းမပေါ်ပေါက်ပါ၍ အမှုမဖွင့်လှစ်ပါဆိုတာက ဘယ်လိုအကြောင်းမျိုးလဲဆိုပြီး အငြင်းပွားဖွယ်ဖြစ်လာတယ် အမြင့်ဆုံးတရားရုံးဖြစ်တဲ့တရားလွှတ်တော်ချုပ်မှာဖြေရှင်းမယ် ဒီကိစ္စနဲ့ ပတ်သက်ပြီးခရိုင်တရားရုံးကို ဆက်တက်မယ် ”ဟု ဦးစောကျော်ကျော်မင်းက The Messenger သို့ပြောသည်။

လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကို တရားလိုများအဖြစ် ဆည်တဲ ရွာသူ မရီရီဝင်း မ၀င်းဝင်းဌေးနှင့် မိုးကြိုးပြင်အလယ်ရွာ မှ ဦးဇော်နိုင်တို့မှ ဆားလင်းကြီးမြို့နယ်တရားရုံးတွင် လျောက်ထားခဲ့ခြင်းဖြစ်ပြီး မြို့နယ်တရားရုံးက မတ်လလေးရက်နေ့တွင်လက်ခံခဲ့ခြင်းဖြစ်သည်။
 

Messenger News Journal
Rangonnewsdaily

0 comments:

Post a Comment