Pages

Thursday, April 17, 2014

လူ ၄၅၉ ဦး လိုက်ပါခဲ့သော တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှုကြောင့်သင်္ဘောတွင်လိုက်ပါသွားသူများရဲ့မိသားစုဝင်များ အမျက်ဒေါသထွက်လျှက်ရှိ


RangonNewsDaily: April . 17 .2014
လူ ၄၅၉ ဦး လိုက်ပါခဲ့သော တောင်ကိုရီးယားကူးတို့သင်္ဘော တစ်စင်းသည် ဧပြီ ၁၆ ရက်က နစ်မြုပ်ခဲ့ပြီးနောက် လေးဦး သေဆုံး
ခဲ့ပြီး ၃၀၀ နီးပါး ပျောက်ဆုံးနေကြောင်း တောင်ကိုရီးယားတာဝန်ရှိသူများက ပြောကြားခဲ့သည်။ 
တောင်ကိုးရီးယားဝန်ကြီးချုပ် Chung Hong-wonကဖယ်ရီသင်္ဘောနစ်မြုပ်ရာတွင်ပါဝင်ခဲ့ကြသောမိသားဝင်များကိုအားပေးစကား
သွားပြောရာတွင်အခုလိုတိုက်ခိုက်ခြင်းခံရတာပါ။

တောင်ကိုးရီးယားဝန်ကြီးချုပ်Chung Hong-won(ဘယ်)အားဖယ်ရီသင်္ဘောနစ်မြုပ်မှုတွင်ပါဝင်ခဲ့သောမိသားစုဝင်များကဒေါသတကြီး
ရေသန့်ဘူးနှင့်အနီးကပ်ဆော်ထည့်လိုက်သည်ကိုဝန်ကြီးချုပ်ကိုယ်ရံတော်ကအခုလိုမထိအောင်ကာကွယ်ခဲ့ရပါတယ်။

တောင်ကိုရီးယား၏ တောင်ဘက်ကမ်းရိုးတန်းတွင် နစ်မြုပ်ခဲ့သော သင်္ဘောမှ ခရီးသည် ၁၆၄ ဦးကို ကယ်ဆယ်ရရှိပြီးဖြစ်ကြောင်း
နှင့် လူပေါင်း ၂၉၁ ဦး ပျောက်ဆုံးနေကြောင်း အစောပိုင်းက ပြောကြားခဲ့သော်လည်း ၁၆၄ ဦးသာ ကယ်တင်ထားနိုင်ခဲ့ကြောင်း အဏ္ဏ၀ါရေးရာဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့သော ဓာတ်ပုံများအရ သင်္ဘောသည် ၄၅ ဒီဂရီ စောင်းလျက် နစ်မြုပ်လျက်ရှိပြီး ယင်းအထက်တွင် ရဟတ်ယာဉ်များ ပျံဝဲလျက်ရှိ သည်ကို တွေ့မြင်ရသည်။


မြ၀တီ , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment