Pages

Thursday, April 17, 2014

ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနှင့်ပြင်သစ် ခရီးစဉ်မှ ပြန်လည်ရောက်ရှိ.


RangonNewsDaily: April . 17 .2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၉ ရက်နေ့က ဂျာမနီနဲ့ ပြင်သစ်နိုင်ငံကို ထွက်ခွါသွားခဲရာက ဒီနေ့ မနက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းသည် ခက်ခဲသော အဆင့်
တွင်ရောက်နေကြောင်း ပြင်သစ်နိုင်ငံသို့ရောက်ရှိစဉ် ဂျာနယ်လစ်များအား ဧပြီ ၁၅ ရက်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းဒ်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဂျာနယ်လစ်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ဥရောပနှစ်နိုင်ငံ ခရီးစဉ်ဖြစ်သည့် ဂျာမနီနှင့် ပြင်သစ်နိုင်ငံခရီးစဉ်အတွင်း ပြင်သစ်နိုင်ငံသို့ ရောက်ရှိစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာ၏ ထောက်ခံမှုကို တောင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်လုပ်ငန်းစဉ်သည် အခက်ခဲဆုံးအဆင့်တွင် ရောက်ရှိနေကြောင်း မြန်မာနို
င်ငံ၏ အခြေအနေနှင့် စပ်လျဉ်း၍ ဂျာနယ်လစ်များအား ပြောကြားသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ လူမျိုးစုတင်းမာမှုများနဲ့ မြန်မာ့နိုင်ငံရေးတွင် စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးတဲ့ စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်”ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံသို့ ၂၀၁၂ ခုနှစ်တွင် သွားရောက်လည်ပတ်စဉ်ကလည်း ဖရန်ဆွာအော်လွန်းဒ်နှင့် တွေ့
ဆုံဆွေးနွေးခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းဒ်က မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တောင်းဆိုမှုကို ထောက်ခံခဲ့ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းကို ပြင်သစ်နိုင်
ငံအနေဖြင့် ထောက်ခံကြောင်းကိုလည်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တို့က တောင်းဆိုနေကြပြီး ပြည်သူတို့ကလည်း ဆန္ဒပြတောင်းဆိုမှုများ ဆက်တိုက်ပြုလုပ်လျက် ရှိနေ
သည်။

မြန်မာနိုင်ငံအား ဒီမိုကရေစီနိုင်ငံဖြစ်လာစေရန်၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရန်၊ တိုင်းရင်းသားများနှင့် သဟဇာတဖြစ်ပြီး ဖက်ဒ
ရယ်ပြည်ထောင်စု တည်ထောင်ရန် ကိစ္စရပ်အားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပေါ်တွင်မူတည်နေကြောင်း နှင့် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းပါ ဥပဒေအတိုင်း ပြင်ဆင်မည်ဆိုပါက ပြင်ဆင်ရန် မလွယ်ကူဟု တိုင်းရင်းသားခေါင်းဆောင်များက ပြောကြားထား
သည်။

လက်ရှိတွင် လွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီကို ဖွဲ့စည်းထားပြီး ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အစည်းအဝေးများကို မေလ ပထမပတ်မှစ၍ ဆက်တိုက်ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံးခြောက်လအလိုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြင်ဆင်သင့်သည့် အကြောင်း
အရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီးဖြစ်အောင် ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြား
ထားသည်။

Eleven Media 
photo:Ko Thiha Tun/RFA , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment