Pages

Thursday, April 17, 2014

သင်္ကြန်ကာလအတွင်း ကချင်ပြည်နယ်၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှု ဆက်လက်ဖြစ်ပေါ်

(တိုက်ပွဲဖြစ်ပွားနေသော KIA တပ်မဟာ -၃ နယ်မြေအတွင်း စစ်ပြင်ဆင်မှု ပြုလုပ်နေစဉ် (ဓာတ်ပုံ-ဂျွန်စံလင်း))
RangonNewsDaily: April . 17 .2014
ပြီးခဲ့သည့် ဧပြီ ၁၀ ရက်မှ စတင်ကာ သင်္ကြန်ကာလတစ်လျှောက် ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့်ကချင်လွတ်မြောက်ရေး
တပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှု ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများသည် ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီးဒေသမိုးမောက်မြို့နယအရှေ့မြောက်ဘက်ဒေသများနှင့် ရှမ်းပြည်
နယ်မြောက်ပိုင်း ဒေသများတွင် ပေါ်ပေါက်နေခြင်းဖြစ်ကာ ဧပြီ ၁၆ ရက်အထိ ဆက်လက်ဖြစ်ပွားခဲ့သည်။

“၁၂ ရက် မနက်နဲ့ ၁၃ ရက် မနက်ပိုင်းတွေမှာပဲခဏနားတယ်။ကျန်တဲ့ရက်တွေမှာဆက်ဖြစ်နေတယ်”ဟု မြစ်ကြီးနားမြို့ရှိ KIO ဆက်

ဆံရေးရုံးမှ တာဝန်ခံ ဦးဒေါင်ခါးက ဆိုပါသည်။

“ဒီမနက်ပိုင်းမှာပဲ မိုင်ဂျာယန်ဘက်မှာ တော်တော်လေးဖြစ်နေတယ်”ဟုတိုက်ပွဲဖြစ်ပွားရာ နေရာများသို့ကိုယ်တိုင်သွားရောက်သ
တင်း
ယူလျက်ရှိသော သတင်းထောက် ကိုဂျွန်စံလင်းက ဧပြီ ၁၆ ရက်တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။

အစိုးရတပ်များနှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားမှုမှာ ဧပြီ ၁၀ ရက် နောက်ပိုင်း၌ တစ်ကျော့ပြန် ပိုမိုပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းအတွက်အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စား
လှယ်
များ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးပြီး နှစ်ရက်အကြာတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းက သစ်မှောင်ခိုများ ရှင်းလင်းရာမှ တစ်ဆင့် အစိုးရတပ်များနှင့် KIA တို့အကြား တိုက်ပွဲဖြစ်မှုအချို့ ရှိခဲ့သော်လည်း ပြင်းထန်သည့် အခြေအနေသို့ ရောက်ရှိခဲ့ခြင်း မရှိပေ။


သို့သော် သန်းခေါင်စာရင်းကောက်ယူမှုကိစ္စနှင့် ပတ်သက်၍ တင်းမာမှုများ ပြန်လည်ဖြစ်ပေါ်ခဲ့ကာ ဧပြီ ၁၀ ရက်တွင် KIA တပ်မဟာ ၃ နယ်မြေ တပ်ရင်း၂၇ဒေသ သို့ အစိုးရတပ်များ အင်အားတိုးချဲ့ဝင်ရောက် လှုပ်ရှားခဲ့ပြီးထိုနေ့တွင်မန်စီမြို့ နယ်အတွင်းရှိ ဘမ်
ခုန်
ယန်ကျေးရွာမှ KIO အုပ်ချုပ်ရေးရုံးအား အစိုးရတပ်များက သိမ်းယူလိုက်ကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၁၀ရက် ညနေပိုင်းတွင် မန်စီမြို့နယ်အတွင်းရှိ KIA တပ်ရင်း ၂၇ ၏ အူလန်ပါတိုက်နယ်စခန်းကို အစိုးရတပ်များက တိုက်

ခိုက်သိမ်းယူခဲ့သည်ဟု KIO ဗဟိုဌာနချုပ်မှ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရှိရသည်။

ဘန်ခုန်ယန်ကျေးရွာ အုပ်ချုပ်ရေးရုံး နှင့်အူလန်ပါ တိုက်နယ်စခန်းကိုသိမ်းယူခြင်းသည်တရုတ်-မြန်မာ နယ်စပ် နောင်တောင်းတံ
တား
အနီးရှိ ဘန်ခမ်ဂိတ်စခန်းအား သိမ်းယူလိုခြင်းကြောင့် ဖြစ်သည်ဟု အဆိုပါသတင်းရင်းမြစ်များက ဆက်လက် ပြောကြားသည်။

ဧပြီ ၁၁ ရက်၌ မန်စီမြို့နယ်အတွင်းရှိ မန်ဝိန်းကြီးရဲစခန်းကို KIA တပ်ရင်း၂၇ တပ်ဖွဲ့ဝင်များက ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၁၂ ရက် ညပိုင်းတွင် မန်ဝိန်းကြီးနှင့် နမ့်တောင်းအကြားရှိ KIA ပိုင် ဘန်ခမ်ဂိတ်စခန်းကို အစိုးရတပ်များက တိုက်ခိုက်သိမ်းယူခဲ့သည်။
“သူတို့ရဲ့ စခန်းက တရုတ်-မြန်မာ နယ်စပ်မှာ ရှိတယ်။ တရားမ၀င်အလုပ်တွေ လုပ်နေလို့ ၀င်သိမ်းခဲ့တာပါ” ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိတစ်ဦးက ဆိုသည်။

ဧပြီ ၁၃ ရက်တွင် ဗန်းမော်ဘက်မှ တက်လာသော အစိုးရတပ်ယာဉ်တန်းကို KIA က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုကြောင့် ခဲ

ယမ်းများ တင်ဆောင်လာသည့် အစိုးရတပ်ယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့ကာ အစိုးရတပ်သားများ ကျဆုံး ဒဏ်ရာရရှိ ခဲ့ကြသည်။
“ယာဉ်တန်းမှာ ကားခုနစ်စီးပါတယ်။ မိုင်းခွဲ တိုက်ခိုက်တာကြောင့် ကားတစ်စီး မီးလောင်သွားတယ်။ ခဲယမ်းတွေ တင်ထားတဲ့ ကား

က မီးလောင်ပြီး ပျက်စီးသွားတယ်။ နှစ်ဦးကျတယ်။ လေးဦး ဒဏ်ရာရတယ်”ဟုမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိက
ဆက်လက်ပြောကြားသည်။

ဧပြီ ၁၃ ရက်တွင် အစိုးရတပ်များဘက်မှ အင်အားဖြည့်တင်းများရှိခဲ့ပြီး စစ်ကြောင်းဖြန့်ကြက်ကာ KIA တပ်ရင်း ၂၇ နယ်မြေကို ထိန်း

ချုပ်ရန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အစိုးရတပ် စစ်ယာဉ်တန်းအား တိုက်ခိုက်ခဲ့သူများကို လိုက်လံရှင်းလင်းခဲ့သည်။ တိုက်ပွဲကာလများအတွင်း အစိုးရတပ် စစ်ယာဉ်တန်းများကို KIA တပ်ဖွဲ့ဝင်များက နှစ်ကြိမ်ထက်မနည်း ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဧပြီ ၁၄ နှင့်၁၅ ရက်များအတွင်း KIA တပ်ရင်း ၂၇ နယ်မြေအတွင်းရှိ KIA စခန်းငယ်များကို အစိုးရတပ်က ဆက်တိုက်သိမ်းယူခဲ့ပြီး ဗန်းမော်-မိုးမောက် အထက်ပိုင်းနယ်မြေများတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပေါ်ခဲ့သည်။


ထို့နောက် မန်ဝိန်းကြီးဒေသနှင့် ဗန်းမော်-မိုးမောက် အထက်ပိုင်းရှိ KIA တပ်ရင်း ၂၇ နယ်မြေကို အစိုးရတပ်များက ထိန်းချုပ်ခဲ့သည်။ ဧပြီ ၁၅ ရက်မှာပင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA တပ်မဟာ ၄၊ တပ်ရင်း ၉ နယ်မြေသို့ ဆက်လက်ဝင်ရောက်လာသဖြင့် အစိုးရ

တပ်များနှင့် KIA တို့ တိုက်ပွဲ ဆက်ဖြစ်ခဲ့ကာ ဧပြီ ၁၆ ရက်တွင် တရုတ်-မြန်မာနယ်စပ်ရှိ မိုင်ဂျာယန်အနီး၌ တိုက်ပွဲများ ဖြစ်ပွားခဲ့
သည်။

“တိုက်ပွဲတွေ ဘာကြောင့်ဖြစ်သလဲဆိုတာကို ပိုင်းပြီး ပြောလို့တော့မရဘူး။ နဂိုကတည်းက သူတို့တပ်တွေစစ်ရေးလေ့ကျင့်မှုလုပ်
ဖို့
ဆိုပြီး တပ်ဖြန့်ချထားတာတွေရှိနေတယ်။ ပြန်ဆုတ်မသွားဘူး။ အဲဒီမှာ သစ်မှောင်ခိုတွေကို အကြောင်းပြုပြီးတပ်တွေလှုပ်ရှားရာ
က တိုက်ပွဲပြန်ဖြစ်တယ်။ 

သူတို့က နယ်မြေစိုးမိုးရေး လုပ်တာပဲ။ ပထမပိုင်းမှာတော့ သစ်မှောင်ခိုတွေဆိုပြီး ခေါင်းစဉ်တပ်တယ်။ နောက်တော့ သန်းခေါင်စာ
ရင်းကိစ္စကို ခေါင်းစဉ်တပ်တယ်။ သူတို့ တပ်တွေ လှုပ်ရှားတာနဲ့ တိုက်ပွဲပြန်ဖြစ်တယ်”ဟု မြစ်ကြီးနားမြို့ KIO ဆက်ဆံရေးရုံးမှ ဦးဒေါင်းခါးက ပြောကြားသည်။

အစိုးရတပ်များနှင့် KIAတို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားသည့် အကြောင်းအရင်းများ နှင့် ပတ်သက်၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာ

န်ရှိသူများနှင့် KIA ဘက်မှ ဗိုလ်မှူးကြီး ဇော်တောင်တို့အကြား ညှိနှိုင်းဆောင်ရွက်မှုများ ရှိခဲ့သော်လည်း ပြီးခဲ့သည့် သုံးလခန့်မှာ စတင်ကာ အဆက်အသွယ် လုံးဝမရှိတော့ကြောင်း သိရသည်။

“မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဘာမှ ဆုံးဖြတ်နိုင်မှုမရှိဘူး။ သူတို့အထက်က ညွှန်ကြားတဲ့အတိုင်း လုပ်ရတာပဲ။ အဲဒီတော့ ညှိနှိုင်း

နေလည်း ဘာမှမထူးဘူး”ဟု ဦးဒေါင်ခါးက ဆိုသည်။

ဧပြီ ၁၀ ရက်မှ ၁၆ ရက်အထိ ဆက်တိုက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နှစ်ဖက်ကျဆုံးဒဏ်ရာရရှိမှု အများအပြားရှိခဲ့ပြီး စာရင်း

အတိအကျကို နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

“အဓိကအကြောင်းကမိုးမောက်ဘက်မှာအစိုးရတပ်တွေက နယ်မြေစိုးမိုးချင်တာပေါ့။အဲဒီမှာသူတို့က တပ်စခန်းချဲ့ချင်တယ်။ သင်္ကြန်

တွင်း သူတို့တပ်စခန်းချဲ့မှာကို KIA က ကြိုသိထားတယ်။ တက်လာတဲ့အခါ တိုက်ပွဲဖြစ်တာပဲ”ဟုကိုဂျွန်စံလင်းက ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေပြီး စစ်ရေးတင်းမာနေချိန်တွင် KIA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်

သည် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည်။ဗိုလ်ချုပ်ဂွမ်မော်ကိုအမေရိကန်နိုင်ငံသို့လာရောက်ရန်အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ဌာနက ဖိတ်ကြားခဲ့ခြင်းဖြစ်ကာ ဧပြီ ၁၃ ရက်တွင် ရောက်ရှိခဲ့ပြီး ၁၂ ရက်ကြာ နေထိုင်မည်ဖြစ်သည်။

“အစိုးရတပ်တွေက နယ်မြေစိုးမိုးရေးအတွက် ရှင်းလင်းမှုတွေ လုပ်တယ်။ ငြိမ်းချမ်းရေးကို စားပွဲပေါ်မှာ ညှိနှိုင်းနှိုင်းရမှာ ဖြစ်တယ်။ ဒါပေမဲ့ KIA ကစားပွဲပေါ်ကအခြေအနေတစ်ခုတည်းကို မကြည့်ဘူး။ မြေပြင်ပေါ်က အခြေအနေကိုလည်း ကြည့်တယ်။ အဲဒါကြောင့်

 တင်းမာမှုတွေ ဆက်ဖြစ်နေလိမ့်မယ်”ဟု ဦးဒေါင်ခါးက ပြောကြားခဲ့သည်။

Eleven Media  , KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment