Pages

Monday, July 9, 2012

မကွေးတိုင်း သရက်မြို့ နယ်က လက်ယက်ရေနံတူးဖော်တဲ့လုပ်ကွက်မှာ မီးလောင်မှုဖြစ်ပွား ဆုံးရှုံးသွားရတဲ့ နစ်နာမူတွေအတွက် ကုမ္ပဏီက လျှော်ကြေး မပေးသေး

မကွေးတိုင်း သရက်မြို့ နယ်က လက်ယက်ရေနံတူးဖော်တဲ့လုပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးသွားရတဲ့ နစ်နာကြေးတွေအတွက် တောင်းဆိုထားပေမယ့် သက်ဆိုင်ရာ ကုမ္ပဏီက လျှော်ကြေး
မပေးသေးဘူးလို့ သိရပါတယ်။


သရက်မြို့ အနောက်ဖက် ၈ မိုင်လောက်အကွာမှာရှိတဲ့ ပိတောက်ပင် ရေနံမှော်လက်ယက်တွင်း
ဒိုင်လုပ်ကွက်မှာ ဇွန်လ ၃၀ ရက်နေ့ ည ၉ နာရီခွဲအချိန်က ရွှေရာသီ ကုမ္ပဏီ လုပ်ကွက် တွင်းအမှတ် GS16 ကနေပြီး ရုတ်တရက် မီးလောင်မှုဖြစ်ပွားခဲ့ရာက အနီးတစ်ဝိုက်က လက်ယက်ရေနံတွင်းတွေပါ 
 မီးလောင်ကျွမ်းခဲ့ပြီး သိန်းရာနဲ့ချီဆုံးရှုံးခဲ့သလို လူနှစ်ဦး လည်း ဒဏ်ရာရရှိခဲ့တယ်လို့
 ရေနံလုပ်သားတစ်ဦးက အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။

"မီးလောင်မှုကြောင့် လူနေတဲ ၁၁ လုံး၊ ရေနံလျှံတွင်း ၅ တွင်း၊ ရေနံစိမ်းပေပါ ၁၅၀ လုံးကျော်၊ မိုးကာ ရေနံစိမ်း လှောင်ကန် ၁၂ ကန်မှရေနံစိမ်း ပေပါ ၅၀၀ ကျော်၊ တရုတ် ဆိုင်ကယ် သုံးစီး၊ ယိုးဒယား ဆိုင်ကယ် တစ်စီး၊ ထော်လာဂျီ ယာဉ် တစ်စီး၊ တရုတ်နီအင်ဂျင် ၁၈ ကောင် ၁၂ လုံး၊ စုစုပေါင်း ကာလတန်ဖိုး သိန်း ၆၀၀ ကျော် ဆုံးရှုံးခဲ့ပါတယ်ခင်ဗျ၊ လူ နှစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်ခင်ဗျ။"

ဘယ်ကနေစပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်ဆိုတာကို အတိအကျမသိရှိရဘဲ မီးငြိမ်းသတ်ဖို့ မီးသတ်ကားတွေ ရောက်လာခဲ့ ပေမယ့် နောက်နေ့မနက် ၁ နာရီခွဲအချိန် လောင်စာကုန်သလောက် နီးပါးဖြစ်သွားချိန်မှ မီးညွန့် ကျိုးသွားပြီး မီးငြိမ်း နိုင်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် ဆုံးရှုံးသွားရတဲ့ လက်ယက်တွင်းပိုင်ရှင်တွေက ရွှေရာသီ ကုမ္ပဏီပိုင်ရှင်ထံမှာ သူတို့ရဲ့ နစ်နာကြေးတွေ ပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် တစ်စုံတစ်ရာလျှော်ကြေးပြန်ပေးသေးဘူးလို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရွှေရာသီ ကုမ္ပဏီကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိသေးပါဘူး။


Ref: RFA (Burmese)

0 comments:

Post a Comment