Pages

Monday, July 9, 2012

ဘုရင့်နောင် ရဲစခန်းတွင် လူသတ်မှုနှင့်ပတ်သက်ပြီး စစ်ဆေးခံနေရသူတစ်ဦး အမှုစစ်နေစဉ်အတွင်း သေဆုံး



ဘုရင့်နောင်ရဲစခန်းအတွင်း၌ အသက် ၃၉ နှစ်အရွယ် ဦးမျိုးမြင့်ဆွေ(ခ) ကုလားကြီး ဆိုသူသည် လူသတ်မှုတစ်ခုနှင့်ပတ်သက်၍ မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခံနေရစဉ်သဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရ
ည်။


မရမ်းကုန်းမြို့နယ်အတွင်း၌ ဇွန်လကုန်တွင် ဖြစ်ပွားခဲ့သည့် အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦး အသတ်ခံရသော ကိစ္စနှင့်ပတ်သက်၍ မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခံနေရစဉ်အတွင်း ၄င်းမှာ သေဆုံးခဲ့ခြင်းဖြစ်သည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဦးမျိုးအောင်က သေမှုသေခင်း ၄/၂၀၁၂ ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိပြီး တပ်ဖွဲ့ပိုင်းအတွင်း၌လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စစ်ဆေးလျှက်ရှိသည်ဟု ဆိုသည်။

သေဆုံးသူ၏ အလောင်းကို စစ်ဆေးခဲ့သော မှုခင်းစစ်ဆရာဝန်ဒေါက်တာ ရဲဝင်းကမူ သေဆုံးသူအား ဥပဒေပိုင်းဆိုင်ရာ အခွင့်အရေးမဆုံးရှုံးစေရန် လုပ်ဆောင်ပေးမည်ဟု ပြောသည်။



Ref: Popular Myanmar Network:

0 comments:

Post a Comment