Pages

Monday, July 9, 2012

မြန်မာနိုင်ငံ ကော့သောင်း ဒေသမှာ ဖမ်းဆီး ထိမ်းသိန်းခံထားရတဲ့ ထိုင်း နိုင်ငံသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထိုင်း ဗိုလ်ချုပ်ကြီးယနေ့ပြောကြား





နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ကြောင်း ဖော်ပြတဲ့ အနေနဲ့မြန်မာနိုင်ငံ ကော့သောင်း ဒေသမှာ ဖမ်းဆီး 


ထိမ်းသိန်းခံထားရတဲ့ ထိုင်း နိုင်ငံသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထိုင်း ဗိုလ်ချုပ်ကြီး Prayuth Chan-


ochai က ဒီကနေ့ ပြောလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ဖော်ပြ ပါတယ်။





မြန်မာနိုင်ငံ ဘက်ခြမ်းမှာ တရားမဝင် ဝင်ရောက်ပြီး ရော်ဘာစိုက်ခင်းတွေ လုပ်ကိုင်နေကြတဲ့ 



ထိုင်းနိုင်ငံသား ၄၉ ဦး ဆက်လက် ဖမ်းဆီး ထိမ်းသိမ်း ထားရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ 




သူတို့ကို မြန်မာ အာဏာပိုင်တွေက ဖမ်းဆီးချိန်မှာ လက်နက် ခဲယမ်းတွေပါ ဖမ်းဆီးမိ ခဲ့တဲ့အတွက်



 ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရ နိုင်တာကြောင့် ထိုင်းနဲ့ မြန်မာ အာဏာပိုင်တွေ ဒီထက် ပိုပြီး


 ဆွေးနွေးရမယ့် သဘောဖြစ်တယ်လို့ ထိုင်းဗိုလ်ချုပ်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။ 




ထိုင်းအမှတ် ၂၅ တပ်ရင်းက တပ်ရင်းမှူးဟာ မြန်မာဘက်ခြမ်းမှာ ထိမ်းသိန်းခံထားရတဲ့ထိုင်းနိုင်ငံသား



တွေကို မနေ့က တွေ့ဆုံ အားပေးခဲ့ပြီး နောက် မြန်မာ အာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ ပြင်ဆင်ခဲ့ပေမယ့်

မြန်မာဘက်က ရောက်မလာခဲ့ဖူးလို့လည်း ဆိုပါတယ်။ 





တချိန်တည်းမှာလည်း အရင်က ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ထိုင်းတွေထဲက ၃ဝ လောက် ထွက်ပြေး 



လွတ်မြောက်လာတယ် ဆိုတာ ဟုတ်မှန်ကြောင်း ထိုင်းနိုင်ငံ ရနောင်းခရိုင် ဒုတိယ အကြီးအကဲက

ပြောပါတယ်။ 





ဇူလိုင်လ ၄ ရက်နေ့က မြန်မာနိုင်ငံ ဘက်ခြမ်းကို တရားမဝင် ဝင်ရောက်ပြီး ရော်ဘာ စိုက်ခင်းတွေ စိုက်ဖို့



 သစ်ပင်တွေ ရှင်းလင်းနေတဲ့ ထိုင်းနိုင်ငံသား ၇ဝ ထက်မနည်း မြန်မာစစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထား

တယ်လို့ ထိုင်း နိုင်ငံခြားရေးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။







Ref: RFA (Burmese)

0 comments:

Post a Comment