ပြည်ထဲရေးဝန်ကြီးဌာနသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ
နည်းဥပဒေများကို အမိန့်ကြော်ငြာစာ အမှတ် ၃၆၄/ ၂၀၁၂ ၊ ဇူလိုင်လ ၅ ရက် ရက်စွဲဖြင့်
ဥပဒေပုဒ်မ ၂၄ ၊ပုဒ်မခွဲ(က)အရ အပ်နှင်းသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏
သဘောတူညီချက်ဖြင့် အဆိုပါ နည်းဥပဒေများကိုထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ နည်းဥပဒေများတွင် အခန်း ၄ ခန်း ဖော်ပြပါရှိပြီး အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်။
ခွင့်ပြုမိန့်လျှောက်ထားခြင်း။ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ငြင်းပယ်ခြင်းနှင့် အယူခံဝင်ခြင်း နှင့် အထွေထွေ
အခန်းတို့ဖြစ်ကြောင်းသိရသည်။
အဆိုပါအခန်းများတွင်ဖော်ပြပါရှိချက်များအရ ငြိမ်းချမ်းစွာစုဝေးခွင့်ကိုဖြစ်စေ၊တန်းလှည့်လှည်ခွင့်ကိုဖြစ်စေ၊
ရရှိလိုသူသည် သက်ဆိုင်ရာပုံစံဖြင့် ဆောင်ရွက်လိုသည့်နေ့ရက်မတိုင်မီ ၅ ရက်ကြိုတင်၍
သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံလျှောက်ထားရမည်ဖြစ်ကြောင်း၊ နယ်တစ်ခုထက်ကျော်လွန်ေ
ဆာင်
ရွက်လိုပါက ဆောင်ရွက်လိုသော မြို့နယ်အားလုံး၏သက်ဆိုင်ရာမြို့နယ်ရဲမှူးများထံလျှောက်ထား
ရမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ တင်ပြချက်များကို သက်ဆိုင်ရာမြို့နယ်၊ခရိုင်၊ တိုင်းဒေသကြီး၊ပြည်နယ်ရဲတပ်ဖွဲ့မှူးများသို့
အဆင့်ဆင့်တင်ပြပြီးနိုင်ငံတော်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးသို့မဟုတ်
ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသော ဥပဒေများနှင့်
မဆန့်ကျင်လျှင် ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်းမပြုရ ဟု ဖော်ပြထားကြောင်းသိရသည်။
အဆိုပါ နည်းဥပဒေများကို ကျင်းပလျှက်ရှိသော လွှတ်တော်သို့တက်ရောက်လျှက်ရှိသည့်
ကိုယ်စားလှယ်များကိုပေးဝေထားပြီးဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင်
ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်းသိရသည်။
Ref: Popular Myanmar
0 comments:
Post a Comment