Pages

Sunday, March 30, 2014

BBC မြန်မာပိုင်း အစီအစဉ်ကို MNTV ရုပ်သံလိုင်းမှ ပထမဆုံး ထုတ်လွှင့်မည်

RangonNewsDaily: March . 30 .2014
ဗြိတိန်နိုင်ငံအခြေစိုက် BBC မြန်မာပိုင်း အစီအစဉ်များကို မြန်မာနေရှင်နယ်တီဗီ MNTV Chennel က ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်း ပထမဆုံး ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း ရွှေသံလွင်ကုမ္ပဏီမှ တာဝန်ရှိသူ ဦးရဲမင်းဦးက ပြောကြားသည်။
အဆိုပါ BBC မြန်မာပိုင်း အစီအစဉ်များကို ဧပြီလ ပထမပတ်အတွင်း စတင် ထုတ်လွှင့်မည် ဖြစ်ပြီး တနင်္လာမှ သောကြာနေ့ ည ၈ နာရီ ၄၅ မိနစ်မှ ၈ နာရီ ၅၅ မိနစ်အထိ ၁၀ မိနစ်စာ ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ သတင်းတွေကို လန်ဒန် ဘီဘီစီကနေ ပို့ပေးမှာပါ။ ကျွန်တော်တို့က နောက်ခံ စကားပြော ပြောင်းလဲပြီး လွှင့်ပေးမှာပါ” ဟု ဦးရဲမင်းဦးက ဆိုသည်။

ထို့အပြင် MNTV Chennel မှ ဂျပန်နိုင်ငံအခြေစိုက် NHK သတင်းဌာန အစီအစဉ်များကို ဧပြီလ ၁ ရက်နေ့နှင့် ထိုင်းနိုင်ငံအခြေစိုက် Catton Club မှ အစီအစဉ်များကို ဧပြီလ ၅ ရက်နေ့တို့တွင် ထုတ်လွှင့်ပေးမည် ဖြစ်ကြောင်း Sky Net မှ သိရသည်။

အဆိုပါ သတင်းဌာနများမှ အစီအစဉ်များကို ထုတ်လွှင့်ပေးခြင်းသည် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး သတင်းများအတွက် အခကြေးငွေ ပေးဆောင်ရခြင်း မရှိကြောင်း ရွှေသံလွင် ကုမ္ပဏီထံမှ သိရသည်။

နိုင်ငံပေါင်း ၁၃၀ ကျော်တွင် ထုတ်လွှင့်နေသော ပြည်ပသတင်းဌာန တစ်ခုကို မြန်မာနိုင်ငံတွင် ထုတ်လွှင့်သောကြောင့် ပြုပြင်ပြောင်းလဲမှုဟု သုံးသပ်ရသော်လည်း အစိုးရ ပါဝင်ပတ်သက်မှု ရှိသော ကုမ္ပဏီများ လက်အောက်တွင် လွတ်လပ်မှု မည်မျှ ရှိနိုင်သည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ပြည်တွင်း ပုံနှိပ်မီဒီယာတစ်ခုမှ အကြီးတန်းသတင်းထောက် တစ်ဦးက ထောက်ပြ ပြောဆိုသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment