Pages

Sunday, March 30, 2014

အမေရိကန်တွင် မြေပြိုမှုဖြစ်ပွား ရှစ်ဦးသေဆုံး ၁ဝ၈ ဦးပျောက်ဆုံး


RangonNewsDaily: March . 30 .2014
အမေရိကန် ပြည်ထောင် စု အနောက်မြောက်ဘက်ပိုင်း ရှိ ဝါရှင်တန်မြို့၌ စနေနေ့တွင် မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၁ဝ၈ ဦး ပျောက်ဆုံးနေလျက်ရှိကြောင်း သက်ဆိုင်ရာအာဏာပိုင် အဖွဲ့ အစည်းများက မတ် ၂၄ ရက်တွင် ပြောသည်။
မြေပြိုကျမှုတွင် ဆီယက် တဲလ်မြို့၏ အရှေ့မြောက်ဘက် ၈၈ ကီလိုမီတာခန့်တွင်ရှိသည့် အိုဆိုကျေးရွာတွင် ရွှံ့ချပ်ကြီးများ၊ ရေနှင့် ကျောက်သားများ ပြိုကျ ခဲ့ရာ လူရှစ်ဦး သေဆုံးခဲ့ပြီး တောင်စောင်းအောက်များတွင် နေထိုင်သူများ ဒုက္ခရောက်ခဲ့ရ သည်ဟု ဒေသခံအာဏာပိုင် များမှ အတည်ပြုပြောကြားထား သည်။ 

¤င်းမြေပြိုမှုမှာ မတ် ၂၂ ရက်တွင်ဖြစ်ပွားခဲ့ရာ အိုဆိုကျေး ရွာရှိ အိမ်ခြေ ၃ဝ နှင့် အဝေး ပြေးလမ်းမကြီးများ ပျက်စီးဆုံး ရှုံးခဲ့ရသည်။ ယင်းအပျက်အစီး ဆုံးရှုံးမှုများတွင် ၂ ဒသမ ၆ ကီ လိုမီတာခန့်တွင်ရှိသော တချို့ နေရာများ၌ အဆောက်အအုံ ၄၄ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ နောက်ဆုံးပေးပို့သည့် သတင်း များအရ သိရသည်။ 

Snohomish County ၏ ဒါရိုက်တာဖြစ်သဲူJohn Pennington က ရာသီဥတုဆိုးရွားမှု ဒဏ်ကြောင့် ထိုကဲ့သို့ မြေပြိုကျ မှုဖြစ်ပွားခဲ့ကာ သေဆုံးသူ ရှစ် ဦးရှိခဲ့ပြီး လူ ၁ဝ၈ ဦး ပျောက်ဆုံး နေလျက်ရှိကာ အဆိုပါပျောက် ဆုံးနေသူများကို သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့များမှ ကြိုး ပမ်း၍ ရှာဖွေနေသည်။

မကြာသေးမီက မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မြေ ပြိုမှုများဖြစ်ပွားခဲ့ပြီး ဝါရှင်တန် မြို့၏ နေရာများတွင် မိုးဆက် လက် ရွာသွန်းဖွယ်ရှိကြောင်း နှင့် မြေနိမ့်တောင်စောင်းပိုင်း တွင် နေထိုင်သည့် လူအချို့ကို အန္တရာယ်ကင်းရာ ကုန်းမြင့်ပိုင်း သို့ ပြောင်းရွှေ့ရန် တိုက်တွန်း ထားကြောင်း သက်ဆိုင်ရာ အာ ဏာပိုင်အဖွဲ့အစည်းများမှ ပြော သည်။ 

Yangon Media , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment