Pages

Monday, March 31, 2014

ရေကစားမဏ္ဍပ်ပါမစ်လက်လွှဲဈေး အမြင့်ဆုံး ကျပ်သိန်း ၃၀၀ ၀န်းကျင် ဈေးပေါက်

RangonNewsDaily: March . 31 .2014
ကမ္ဘာအေးဘုရားလမ်း ပေါ်ရှိ ရေကစားမဏ္ဍပ်ပါမစ်များ ကို ပါမစ်လက်ဝယ်ရှိသူ ပွဲစားများက တစ်ဆင့်ခံ ရောင်းချမှုများဖြစ် ပေါ်နေပြီး မဏ္ဍပ်ပါမစ်ပေါက် ဈေးမှာ အမြင့်ဆုံးကျပ်သိန်း သုံး ရာဝန်းကျင်အထိ ဖြစ်နေကြောင်း သတင်းရရှိသည်။
‘‘မဏ္ဍပ်ဆောက်ခွင့် တင် ထားပေမယ့် ကျွန်တော်တို့ မရခဲ့ ဘူး။ မဏ္ဍပ်ကလည်း ကြော်ငြာ ပြီးသားဖြစ်နေတော့ ပါမစ်ရှိတဲ့ သူတွေဆီက လိုက်ဝယ်တာ။ သိန်း ၂၀၀ ကအပေါဆုံးဖြစ်နေ တယ်။ ဈေးများလို့ နည်းနည်း လေးအင်လိုက်ရုံရှိသေး နောက် တစ်ခေါက် ထပ်ဆက်တော့ ပါမစ်ပိုင်ရှင်က ပြောင်းသွားပြီ။ အနည်းဆုံး ၂၈၀ ပေးမှဖြစ်သွား ရော’’ဟု
ကမ္ဘာအေးဘုရားလမ်းတွင် Inva-ders မဏ္ဍပ် တည်ဆောက်မည့် အဆိုတော် ရန်ရန်ချမ်းက ပြောကြားသည်။

ယခုနှစ် သင်္ကြန်အတွက် မဏ္ဍပ်ဆောက်လုပ်ခွင့်ကို ကန် တော်ကြီးပတ်လမ်း၊ ကမ္ဘာအေး ဘုရားလမ်းနှင့် ပြည်လမ်းတို့တွင် စုစုပေါင်း မဏ္ဍပ် ၃၀ ပါမစ်ချထား ပေးခဲ့ပြီး ကမ္ဘာအေးဘုရားလမ်း မှာ ယခင်နှစ်သင်္ကြန်က အလွန် စည်းကားခဲ့သည့်အတွက် မဏ္ဍပ် ဆောက်သူများမှာ ကမ္ဘာအေးဘုရားလမ်းကို စုပြုံတိုးနေကြကြောင်း G 6 မဏ္ဍပ်မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

‘‘မဏ္ဍပ်ပါမစ် ကိစ္စတော့ ကြားတာတွေတော့ရှိတယ်။ ဈေး အဲဒီလောက်ပေါက်နေတာတော့ မသိသေးဘူး။ မသိသေးဘူးဆို တာက ကျွန်တော်တို့က ပါမစ်ရ ထားတယ်ဆိုတော့ တစ်ဆင့်လိုက်ဝယ်မနေရတော့ဘူးပေါ့။မနှစ်က ထက်စာရင် ကမ္ဘာအေးဘုရား လမ်းမှာ မဏ္ဍပ်က တော်တော် များလာတယ်’’ဟု ၎င်းက ဆို သည်။

ထို့အပြင် မဏ္ဍပ်တည် ဆောက်ခွင့်တင်ထားသူများထဲမှ နှစ်စဉ်မဏ္ဍပ်ထိုးနေကျသူများနှင့် စည်းကမ်းဖောက်ဖျက်ခြင်းမရှိသူ များကို ဦးစားပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီက ကြေညာထားခဲ့သည်။ သင်္ကြန်မဏ္ဍပ်နေရာချထားပေးရေး ကော်မတီကမူ မဏ္ဍပ်ဆောက်လုပ်ခွင့်လျှောက် ထားသူများကို မဲနှိုက်ရွေးချယ် သည်ဟု ထုတ်ဖော်ပြောကြားထား သော်လည်း ယခုနှစ်မဏ္ဍပ်ပါမစ် ပေါက်သူအများစုထဲတွင် အမှန် တကယ်မဏ္ဍပ်ထိုးမည့်သူမှာ သုံး လေးဦးခန့်သာပါပြီး ကျန်သူများ မှာ ပါမစ်များကို စိတ်ကြိုက် ဈေးကစားရောင်းချနေကြောင်း သတင်းရရှိသည်။

‘‘ဗုံးပေါက်တဲ့နှစ်က မြို့ တော်ဝင်အခန်းထဲမှာ ကိုယ်တွေ့ ကြုံလာတာပါ။ တကယ်ဆောက် မယ့်သူက အသနားခံဝင်တွေ့တာ တောင်မရဘူး။ နောက်ဆုံးတော့ အဲဒီအခန်းထဲက မြို့တော်ဝန် ရှေ့မှာထိုင်နေတဲ့ ချာတိတ်ဆီက ပဲ အပြင်မှာ အဆပေါင်းများစွာ ပေးဝယ်လိုက်ရတယ်’’ ဟု ၂၀၁၀ သင်္ကြန်တွင် မဏ္ဍပ်ပါမစ်ကို ဈေး ကြီးပေးဝယ်ခဲ့ရသည့် ကိုဇော် လင်းနိုင်ဝင်းကပြောသည်။

မဏ္ဍပ်ပါမစ်များ လွှဲပြောင်းရောင်းချခြင်းမှာ နှစ်စဉ်ဖြစ်ပေါ် နေပြီး ၂၀၁၃ ခုနှစ် ရန်ကုန်သင်္ကြန် မဏ္ဍပ်ပါမစ်ပေါက်ဈေးမှာ အမြင့် ဆုံးကျပ်သိန်း ၁၅၀ ဖြစ်ခဲ့ကြောင်း သိရသည်။

7Day News , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment