Pages

Monday, March 31, 2014

“ရိုဟင်ဂျာ” ဟု ပြော၍ အိမ်ခြေလေးရာကျော် သန်းခေါင်စာရင်းမထည့်ရ

RangonNewsDaily: March . 31 .2014
စစ်တွေမြို့နယ်အတွင်းရှိ ဘုမေကျေးရွာနှင့် မန်ကျည်းမြိုင် ကျေးရွာတို့တွင် လူမျိုးအမည်ကို “ရိုဟင်ဂျာ” ဟု ပြောသည့်အတွက် သန်းခေါင်စာရင်းတွင် ထည့်သွင်းခဲ့ခြင်းမရှိဟု ထိုနေရာသို့ရောက်ရှိနေသည့် မဇ္ဈိမအယ်ဒီတာက သတင်းပေးပို့သည်။
သန်းခေါင်စာရင်းဒုတိယနေ့ဖြစ်သည့် မတ်လ ၃၁ရက်တွင် အဆိုပါကျေးရွာများသို့ တစ်အိမ်တက်၊ တစ်အိမ်ဆင်း သန်းခေါင်းစာရင်းကောက်ယူရာတွင် အိမ်ထောင်စုအားလုံးက “ရိုဟင်ဂျာ” ဟုပြောသည့်အတွက် သန်းခေါင်စာရင်းတွင် ထည့်သွင်းမှုမရှိခဲ့ခြင်းဖြစ်သည်

ဘုမေကျေးရွာတွင် အိမ်ခြေ ၂၈၅ လုံးနှင့် မန်ကျည်းမြိုင်ကျေးရွာတွင် အိမ်ခြေနှစ်ရာကျော်ခန့်ရှိသည်။ လက်ရှိတွ င် အခြားကျေးရွာများသို့ သွားရောက်ကောက်ယူနေသည်ဟု နံနက် ၉နာရီ ၄၅မိနစ်တွင် မဇ္ဈိမအယ်ဒီတာက သတင်းပေးပို့သည်။

Mizzima - News , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment