Pages

Friday, March 28, 2014

ပျောက်ဆုံးနေသော မလေးရှားလေယာဉ် MH 370 ၏ သေတ္တာနက် ပြန်ရှာတွေ့ နိုင်ရေးခက်ခဲရေအောက်မီးတောင်များနှင့် ပင်လယ်ကြမ်းပြင် ဖွဲ့စည်းပုံကြောင့် အဟန့်အတားဖြစ်


RangonNewsDaily: March . 28 .2014
အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းဒေသ၌ ပျောက်ဆုံးခဲ့ရသော မလေးရှားလေကြောင်းလိုင်း ခရီးစဉ်အမှတ် အမ်အိတ်ခ်ျ ၃၇၀ ၏ ပျံသန်း
မှု မှတ်တမ်း တင်ကိရိယာ(သေတ္တာနက်) ကို ရှာဖွေနေသည့် ရှာဖွေရေးသမားများမှာ ပင်လယ်ရေအောက်မီးတောင်များမှသည် ပင်
လယ်ကြမ်းပြင်ဖွဲ့စည်းပုံ အထိပါဝင်သော သဘာဝအဟန့်အတားများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်းမတ် ၂၆ ရက် သတင်းများတွင်
 ဖော်ပြထားသည်။
ပျောက်ဆုံးနေသော မလေးရှားလေယာဉ်အပျက်အစီးများကို နိုင်ငံပေါင်းခြောက်နိုင်ငံတို့က ပူးပေါင်း၍ အပူတပြင်းရှာဖွေနေကြသ
ည့်တိုင် သဘာဝ အဟန့်အတားများကြောင့် ရှာဖွေရေးလုပ်ငန်းအောင်မြင်လိမ့်မည်ဟူ၍ အာမခံချက်မပေးနိုင်ကြောင်း ကျွမ်းကျင်သူ
များကမတ် ၂၆ ရက်တွင် သတိပေးခဲ့သည်။

အမ်အိတ်ခ်ျ ၃၇၀ ဘိုးရင်းလေယာဉ်ပျက်ကျခဲ့ရာ ရေပြင်ဒေသသည်အိန္ဒိယသမုဒ္ဒရာ၏လှိုင်းအထန်ဆုံး၊ လေအကြမ်း
ဆုံးဒေသဖြစ်ပြီး
ပင်လယ်ပျော်သင်္ဘောသားများအကြားမှာပင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ရေပြင်ဒေသဖြစ်ကြောင်း သိရသည်။

အလားတူ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင် တည်ရှိသော ရေအောက်မီးတောင်များကြောင့် ပျောက်ဆုံးလေ
ယာဉ်၏ ပျံသန်းရေးမှတ်
တမ်းတင်ကိရိယာကို ရေအောက်မှဆယ်ယူရာတွင်အဟန့်အတားများရှိလာနိုင်ကြောင်း ဘူမိဗေဒပညာရှင်များက သုံးသပ်ထား
သည်။

တစ်ချိန်တည်းမှာပင် အိန္ဒိယသမုဒ္ဒရာ၏ အရှေ့တောင်ဘက်ပင်လယ်ရေအောက် တောင်စွယ်တန်းသည်လေ
ယာဉ်ပျက်ရှာဖွေရေး
ဇုန်ကိုတိုက်ရိုက်ဖြတ်သန်းတည်ရှိနေရာ ရှာဖွေရေးဇုန်ရေအောက်ကြမ်းပြင်မှာ ကြမ်းတမ်းလှ၍ရေအောက်မီးတောင်များမှ ထွက်
ပေါ်လာသည့် ချော်ရည်စီးကြောင်း များကြောင့်ဖွဲ့စည်းပုံအနေအထား အစဉ်ပြောင်းလဲနေတတ်ကြောင်း ကျွမ်းကျင်သူများကပြော
ကြားသည်။

ခရီးသည်နှင့် လေယာဉ်အမှုထမ်းစုစုပေါင်း ၂၃၉ ဦးတင်ဆောင်ထားပြီးမတ် ၈ ရက်တွင်ပျောက်ဆုံးသွားသောခရီး
စဉ်အမှတ်
အမ်အိတ်ခ်ျ ၃၇၀၏နောက်ဆုံးဖြစ်စဉ်များအား ဖော်ထုတ်နိုင်ရေးအတွက် ပျံသန်းရေးမှတ် တမ်းတင်ကိရိယာနှင့် လေယာဉ်မောင်းခန်း အသံမှတ်တမ်းတင်ကိရိယာ များကို ပြန်လည်ရှာတွေ့ရန် လိုအပ်သည်။

စံတော်ချိန် , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment