Pages

Friday, March 28, 2014

သင်္ကြန်တွင်း အဆင်ပြေစေမည့် Sony ၏ ဖုန်းအသစ် Xperia Z1 Compact


RangonNewsDaily: March . 28 .2014
သင်္ကြန်တွင်း အဆင်ပြေစေမည့် Sony ၏ ဖုန်းအသစ် တစ်မျိုး
Sony ၏ နောက်ဆုံး ထုတ်လုပ်လိုက်သော Xperia Z1 Compact ဖုန်းတစ်မျိုးသည် ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သည်။
အဆိုပါဖုန်းကို သင်္ကြန်ကာလအတွင်း ဈေးကွက် ရရှိစေရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ရေ ၁ဝ မီတာ အနက်ထိ ရေစိမ်ခံသည့်အပြင် ရေထဲတွင် နာရီဝက်ကြာ ထားရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

အရောင်အနေဖြင့် လူငယ်ကြိုက် အရောင်များကို ထုတ်လုပ်ထားပြီး ဈေးနှုန်းမှာ ငွေကျပ် လေးသိန်းခြောက်သောင်းခန့် ရှိကာ Quard Core 2.2 Processor ကို အသုံးပြုထားသည်။ 


Android Os အနေဖြင့် (4.2 jelly bean) ကို အသုံးပြုထားပြီး Internal Memory 16 GB ရှိ၍ RAM uawmh 2 GB ပါရှိ၍ အရင်ထွက်ရှိထားသည့် Expria Z1 ဖုန်းထက် အနည်းငယ်သေးသွားသည်။

Screen ကြီးသည့်ဖုန်းများကို မကိုင်ချင်သူများအတွက် ရည်ရွယ် ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

Myawady  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment