Pages

Friday, March 28, 2014

အမျိုးသမီးတိုင်း ညှို့ဓာတ်တစ်မျိုးစီ ရှိနေသည်ဟု ကင်မရွန်ဒိုင်ယက်ဇပြောကြား


RangonNewsDaily: March . 28 .2014
အသက်(၄၁)နှစ် ရှိနေပြီ ဖြစ်သည့်တိုင် သူမ၏ ဆွဲဆောင်မှု အားကောင်းဆဲ ပုံရိပ်ကို ကင်မရွန်က ဘီကနီဝတ် အလှဓာတ်ပုံဖြင့် ကင်မရွန်က သက်သေပြခဲ့ပြီး အမျိုးသမီးတိုင်း ကိုယ်ပိုင် အလှတရားတစ်ခု ပိုင်ဆိုင်ထားကြောင်း မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်
အမျိုးသမီးတိုင်းတွင် ကိုယ်ပိုင် ညှို့ဓာတ်တစ်ခု ရှိနေသည်ဟု မိမိယုံကြည်ကြောင်း ကင်မရွန်ဒိုင်ယက်ဇ်က ပြောကြားလိုက်သည်။ အသက်(၄၁)နှစ် ရှိနေပြီ ဖြစ်သည့်တိုင် သူမ၏ ဆွဲဆောင်မှု အားကောင်းဆဲ ပုံရိပ်ကို ကင်မရွန်က ဘီကနီဝတ် အလှဓာတ်ပုံဖြင့် ကင်မရွန်က သက်သေပြခဲ့ပြီး အမျိုးသမီးတိုင်း ကိုယ်ပိုင် အလှတရားတစ်ခု ပိုင်ဆိုင်ထားကြောင်း မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။ သူမသည် အဆိုပါ ဓာတ်ပုံများကို Glamour မဂ္ဂဇင်းအတွက် ရိုက်ကူးပေးခဲ့ခြင်း ဖြစ်သည်။ 

ယင်းမဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ကင်မရွန်က အမျိုးသမီးတိုင်းသည် ဘဝတူ အခြားအမျိုးသမီး တစ်ဦးဦးကိုပင် ဆွဲဆောင်နိုင်လောက်သည့် အရည်အသွေးတစ်ရပ် ရှိနေလိမ့်မည်ဟု ပြောဆိုသွားခဲ့သည်။ “အမျိုးသမီးတိုင်းဟာ တစ်မျိုးမဟုတ် တစ်မျိုးတော့ လှကြတယ်။ ဒါလုံးဝ သေချာတယ်”ဟု ကင်မရွန်က ဆိုသည်။ သူမက “အမျိုးသမီးတိုင်းဟာ ညှို့ဓာတ်အရ တစ်ခုခုတော့ ထူးထူးခြားခြား ရှိမှာပဲ။ အမျိုးသမီး အချင်းချင်းတောင် ဆွဲဆောင်နိုင်တဲ့ အခြေအနေတွေ ရှိနေလိမ့်မယ်။ ဒါက သဘာဝပဲ။ ပြောရမယ်ဆိုရင် အမျိုးသမီးချင်း တစ်ယောက်ရဲ့ အလှအပကို တစ်ယောက်က အသိအမှတ်ပြုခြင်းနဲ့ အဆက်အစပ် ရှိနေခြင်းရဲ့ ပင်ကို သဘောတရား တစ်ရပ်ပါပဲ”ဟုလည်း ကင်မရွန်က သုံးသပ်သွားခဲ့သည်။

Charlie’s Angelsစတား မင်းသမီးသည် အမျိုးသမီးချင်း ဆွဲဆောင်မှုရှိသည့် သူမ၏ အယူအဆကို ပထမဆုံးအကြိမ် ပြောဆိုခြင်း မဟုတ်ချေ။ (၂၀၁၀)ပြည့်နှစ်ကလည်း ကင်မရွန်က သူမသည် လိင်တူချင်း စိတ်ဝင်စားသည့် Lesbianတစ်ဦး မဟုတ်သည့်တိုင် လှပသော အမျိုးသမီးများကို သဘောကျလေ့ရှိကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ဖူးသည်။

Planet Myanmar Network , 
kolatt(PBDN)
RangonNewsDaily




0 comments:

Post a Comment

 
world time