Pages

Friday, March 28, 2014

အမေရိကန်သမ္မတ အိုဘားမားနှင့် ပုပ်ရဟန်းမင်းကြီး ပထမဆုံးအကြိမ် တွေ့ဆုံ


RangonNewsDaily: March . 28 .2014
အမေရိကန်သမ္မတ အိုဘားမားနှင့် ပုပ်ရဟန်းမင်းကြီးတို့ ပထမဆုံး အကြိမ်ဖြစ် တွေ့ဆုံလျက်ရှိပြီး အိုဘားမား၏ ဥရောပခရီးစဉ်မှာ ယူကရိန်းအရေးသာ အဓိကလွှမ်းမိုးနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
နယ်သာလန်နှင့် ဘရတ်ဆဲ မြို့များတွင် ကမ္ဘာ့ခေါင်းဆောင်များနှင့် သုံးရက်ကြာ တွေ့ဆုံ ဆွေးနွေးပြီးသည့် နောက်တွင် ရောမမြို့သို့ သမ္မတအိုဘားမား သွားရောက်ကာ ပုပ်ရဟန်းနှင့် တွေ့ဆုံခဲ့သည်။

ပုပ်ရဟန်းမင်းကြီးမှာ ခရစ်တော်၏ တရားတော်များနှင့် အညီ နေထိုင်သူ ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ရဟန်းမင်းကြီးနှင့် မတွေ့ဆုံခင် ပြုလုပ်သော အင်တာဗျူး တစ်ခုတွင် ဖြေကြားလိုက်သည်။

ထို့အပြင် အားလုံးပါဝင် ဆောင်ရွက် လုပ်ဆောင်မှု၊ တရားမျှတ ညီညွတ်မှု အတွက် ပုပ်ရဟန်းမင်းကြီး လုပ်ဆောင်မှုများမှာ သမ္မတအိုဘားမားကို အားကျ အတုယူလိုစိတ်များ ဖြစ်ပေါ်စေခဲ့ကြောင်း အမေရိကန် အမျိုးသားလုံးခြုံရေး ဒုတိယ အကြံပေး ဘန်ရူက ပြောကြားသည်။

သို့သော်လည်း အိုဘားမားနှင့် ပုပ်ရဟန်းမင်းကြီးတို့မှာ ကိုယ်ဝန်ဖျက်ချပိုင်ခွင့်၊ သန္ဓေတားခြင်း၊ လိင်တူ လက်ထက်ခြင်း စသည့် အရေးကိစ္စများ အပေါ်တွင် ကွဲပြားခြားနားစွာ ရှုမြင်သူများ ဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင် နှစ်ဖက်အမြင်တူသည့် အရာများကိုသာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရောမမြို့တော်ရှိ BBC သတင်းထောက် အလန်က သုံးသပ်သည်။

ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံပြီးသည့် နောက်တွင် အီတလီသမ္မတ နပိုလီတာနို၊ ဝန်ကြီးချုပ် မတ်တီယိုရန်ဇီတို့နှင့် အမေရိကန်သမ္မတ အိုဘားမား တွေ့ဆုံမည် ဖြစ်သည်။

အမေရိကန်သမ္မတ အိုဘားမား၏ ဥရောပ ခရီးစဉ်တွင် ယူကရိန်း အရေးကသာ အဓိက နေရာယူနေပြီး ရုရှားနိုင်ငံမှာ အင်အားသုံးခြင်းဖြင့် လုံခြုံမှု၊ ကြွယ်ဝချမ်းသာမှု၊ ဂုဏ်သိက္ခာရှိမှုတို့ ရရှိနိုင်မည် မဟုတ်ဟု အိုဘားမားက သတိပေး ပြောကြားလိုက်သည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment