Pages

Thursday, March 27, 2014

တရားမဝင်သစ်များ သယ်ဆောင်၍ မော်တော်ယာဉ် မောင်းနှင်ထွက်ပြေးသူ တရုတ် နိုင်ငံသားအား ဖမ်းဆီး အရေးယူ

RangonNewsDaily: March . 27 .2014
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် အောင်မေတ္တာ ရပ်ကွက် လမ်းဆုံ၌ ယမန်နေ့ နံနက် ၄ နာရီခွဲက တရားမဝင် သစ်ခွဲသားများ ဖမ်းဆီးမိခဲ့သည်။ ဖြစ်စဉ်မှာနမ့်ခမ်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ နမ့်ခမ်းမြို့ အောင်မေတ္တာ ရပ်ကွက် လမ်းဆုံတွင် ခြောက်ဘီးယာဉ် (နံပါတ်မပါ)ကို မသင်္ကာဖွယ် တွေ့ရှိရသဖြင့် စစ်ဆေးစဉ်
ခြောက်ဘီးယာဉ်မှာ မောင်းနှင်ထွက်ပြေး သွားသဖြင့် လိုက်လံဖမ်းဆီးရာ ဗန်းမော်ကွက်သစ် လမ်းထောင့်၌ နောက်ဘီးမြေကျွံ၍ တိမ်းမှောက်သွားပြီး ယာဉ်ကိုစစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင်သစ်ခွဲသား ၃ ဒသမ ၅ တန်ခန့်ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်လုံဖူ ၂၆ နှစ် (ဘ) ဦးရန်အိမ်ရီ ကျင်ကျူးရန်ရွာ ရွှေလီမြို့ တရုတ်နိုင်ငံ နေသူအား နမ့်ခမ်းမြို့မ ရဲစခန်းက သစ်တောအက်ဥပဒေ ၄ဝ(က) နှင့် ယာဉ်(ပ) ၄/၂ဝ၁၄၊ ပြစ်မှု ၂၇၉ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment