Pages

Thursday, March 27, 2014

MH 370 ပျက်ကျမှုဖြစ်စဉ် ရည်ညွှန်းကာ မလေးရှားသတင်းစာ မျက်နှာဖုံးများ အနက်ရောင်ဖြင့်ပုံနှိပ်


RangonNewsDaily:March . 27 .2014
အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းရေပြင်အတွင်း ပျက်ကျခဲ့ရသော မလေးရှားလေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် အမ်အိတ်ခ်ျ 
၃၇၀ ဘိုးရင်းလေယာဉ်ပေါ် လိုက်ပါခဲ့ကြသည့် ခရီးသည်နှင့် လေယာဉ်အမှုထမ်းများအား ရည်စူး၍ မလေးရှားနိုင်ငံထုတ် 
သတင်းစာများသည် ၎င်းတို့၏ မတ် ၂၅ ရက်ထုတ် သတင်းစာများ ၏ မျက်နှာဖုံးစာမျက်နှာများအား အနက်ရောင်နောက်ခံဖြင့် 
ပုံနှိပ်ထုတ်ဝေခဲ့ကြကြောင်း သိရသည်။

မလေးရှားနိုင်ငံ၏ အကြီးဆုံးနေ့ စဉ်ထုတ်သတင်းစာဖြစ်သည့် သည်စတား သတင်းစာသည် ၎င်းင်း၏ ရှေ့ဖုံးစာမျက်နှာတွင် အနက်ရောင်ကို နောက်ခံပြုကာ အမ်အိတ်ခ်ျ ၃၇၀ အာရ်အိုင်ပီ ဟူသော စာလုံးများအား မျက်နှာဖုံးခေါင်းစီးတင်၍ ရိုက်နှိပ်
ထုတ်ဝေခဲ့သည်။

အလားတူ သည်နယူးစထရိတ် တိုင်းမ်သတင်းစာကလည်း ရှေ့ဖုံးစာမျက်နှာတွင် အနက်ရောင်နောက်ခံပြု၍ ပျက်ကျခဲ့သည့် 
ခရီးသည်တင်လေယာဉ်၏ နောက်ဆုံးသတင်းပေးပို့ချက်ကို ရည်ညွှန်းသော "ကောင်းသော ညချမ်းပါ "ဟူသော စာလုံးများကို 
လေယာဉ်တစ်စင်း၏ ဓာတ်ပုံနှင့် တွဲဖက်ပုံနှိပ်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ခရီးသည်တင် လေယာဉ်ပျက်ကျမှုဖြစ်စဉ်ကို ရည်ညွှန်း၍ မလေးရှားနှင့် တရုတ်ဘာသာသုံးနေ့စဉ်ထုတ် 
သတင်းစာများကလည်း ရှေ့ဖုံးစာမျက်နှာများအား အနက်ရောင် နောက်ခံဖြင့် ရိုက်နှိပ်ထုတ်ဝေခဲ့ကြကြောင်း သတင်းများတွင် 
ဖော်ပြထားသည်။

ဂြိုဟ်တုသတင်းအချက်အလက် နောက်ဆုံးလေ့လာချက်များအရ မတ် ၈ ရက်တွင် ပျောက်ဆုံးခဲ့ရသည့် ဘိုးရင်း ၇၇၇ ခရီးသည်တင်
လေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က မတ် ၂၄ ရက်တွင် ကြေညာခဲ့
သည်။

စံတော်ချိန် , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment