Pages

Saturday, March 29, 2014

မလေးရှားက မြန်မာတွေအတွက် ပါမစ်ပေးပြီလား ?


RangonNewsDaily: March . 29 .2014
မလေးရှားရောက် တရားမဝင်ဆက်လက်နေထိုင်နေရသည့် မြန်မာနိုင်ငံသားများအတွက် အတွက် ယခင် မြန်မာသံရုံးတွင် ဆောင်ရွက်ရန် စီစဉ်ထားသည့်OCS အစီအစဉ်သည် ယခု မြန်မာသံရုံးတွင် အစီအစဉ် ရပ်ဆိုင်းပြီး Kalana Jaya တွင် ဖွင့်လှစ်ကာ ပါမစ်ပေးမည့်အစီအစဉ်များဖြင့် ဆောင်ရွက်နေသည်မှာ အမှန်ပင်ဖြစ်သည် ။
အကြောင်းကြောင်းကြောင့် မြန်မာသံရုံးတွင် ဆောင်ရွက်ရန် ရပ်ဆိုင်းခံရသော အဆိုပါ SEROJA ANGGERIK DEVELOPMENT SDN BHD သည် ကိုယ်ပိုင်အစီအဖြစ် ယနေ့တိုင်ဆက်လက်ဆောင်ရွက်နေသလို မြန်မာသံရုံးဘက်မှ မြန်မာများအတွက် ပါမစ်ရရှိရန် အစိုးရ ၂ ဘက်ကြားဆောင်ရွက်နေဆဲဖြစ်ကြောင်း နှင့် ယခု ဆောင်ရွက်နေသော အစီအစဉ်အတွက် မြန်မာသံရုံးနှင့် ပတ်သက်မှုမရှိကြောင်း ကြော်ငြာသွားခဲ့သည် ။

ကျွန်တော်တို့သိရသလောက် အဆိုပါ ကုမဏီသည် မြန်မာသံရုံး ဝန်းအတွင်းတွင် အဆောက်အဦးများစီစဉ်ခဲ့ဘူးသည် ။ ယခင် မြန်မာသံရုံးမှ မည်သို့ ကြောင့် လက်ခံခဲ့သည်မသိ ယခု မြန်မာသံရုံးနှင့် မသက်ဆိုင် ဟု ကြော်ငြာသည် ။ မလေးရှားရောက် မြန်မာများ မည်သူ့ကို ယုံကြည်ရမည်မသိတော့ကြောင်း ပါမစ်ဆောက်သူများမှ ပြောကြား ချက်အရသိရသည် ။

မည်သို့ဆိုစေ မြန်မာနိုင်ငံသားများ ယခင် 6P အစီအစဉ်တွင် ပါမစ်ရရှိထားသူများအတွက် လည်း မလေးအစိုးရမှ ပါမစ်သက်တမ်း 2 နှစ်ပြည့်အပြီး ဆက်လက်တိုးမပေးပဲ ခိုင်မာသော အလုပ်ရှင်ရှိမှသာ သက်တမ်း တိုးပေးနေသလို.....

မြန်မာသံရုံးမှ 6P အစီအစဉ်ဖြင့် ထုတ်ပေးထားသော စာအုပ်များသက်တမ်းတိုးလျှင် မှတ်ပုံတင် သန်းခေါင်စာရင်းများ ပြန်လည်တောင်းယူကာ ထိုစာရွက်စာတမ်းများအား မြန်မာပြည်သို့ ပို့ဆောင်စစ်ဆေးရန် အချိန် 2 လကြာမည်ဖြစ်ကြောင်း သက်တမ်းတိုးသူများမှ သိရသည် ။

တရားဝင်ကြော်ငြာချက်လည်းမထုတ်ပြန်ထားပေ ။ 
သို့ကြောင့် ယနေ့ ပါမစ်ရရှိပြီးသူ ၊ ပါမစ်မရှိသေးသူ 2 မျိုးစလုံး သည် အစိုးရ 2 ဘက်ကြားတွင် သောကများကြရပြန်သည် ။

သို့ကြောင့် 6P ပတ်စပို့စာအုပ်သက်တမ်းတိုးမည့်သူများအားလုံး စာအုပ်မကုန်မီ 3 လခန့် ကြိုတင်တိုးရန် နှင့် 6P ပါမစ် 2 နှစ်ပြည့်ပြီး သက်တမ်းတိုးမည့်သူများအတွက်မူ အလုပ်ရှင် အား တာဝန်ယူခိုင်းရန် လိုအပ်သည် ။

ဆက်လက်ပြီး ယခု ပါမစ်အသစ်ပြုလုပ်မည့်သူများအားလုံးသည် အောက်ပါအချက်လက်များအား သိရှိရန် အထူးလိုအပ်သည် ။

ပါမစ်အတွက် ကုန်ကျငွေ ပျမ်းမျှ 4300 ခန့် နှင့် ပတ်စပို့အတွက်ကုန်ကျငွေ 300 ခန့် စုစုပေါင်း 4500 ခန့်သည် လစာအနေဖြင့် စုမည်ဆိုပါက တစ်လ 400 နှင့် တစ်နှစ်ခန့်စုရမည်ဖြစ်သည် ။ ပါမစ် သက်တမ်း 2 နှစ်သာ ရရှိမည်ဆိုပါက ပါမစ်ဖိုး ၊ ပတ်စပို့ဖိုး ၊ တစ်နှစ်စာသက်တမ်းတိုးဖိုးအတွက် သက်တမ်းတိုးခ ပျမ်းမျှ 2500 စုစုပေါင်း ငွေ 7000 ခန့်ရှိမည်ကို သိရမည် ။

ထိုငွေသည် တစ်လ 900 အသားတင်စုမိသော အလုပ်သမားတစ်ယောက်အတွက်မူ 8 လခန့် တစ်ပြားမှမသုံးပဲစုမှရလိမ့်မည် ။ ထိုအကြောင်းအရာများကို သိရှိမှသာ ပါမစ်လျှောက်ရန် စဉ်းစား သင့်သည် ။ လုပ်ပါ ၊ မလုပ်ပါ နှင့်ဟု ကျွန်တော်တို့ အကြံမပြုပါ ။ ယနေ့ မလေးရှားတွင် ယုံကြည်ကိုးကွယ်ရာသည် မိမိသာဖြစ်ကြောင်းသိရမည် ။

သူဌေးတာဝန်ယူမည်ဆိုပါက မိမိသူဌေးသည် အမှန်တကယ် ယုံကြည်ရမည်ဆိုလျှင် စဉ်းစားပါ ။ သူဌေးမရှိပဲ ပါမစ်လုပ်မည်ဆိုပါက မိမိအးဂျင်းအား မည်မျှ ယုံကြည်ရမည်ဆိုသည်ကို ထည့်တွက်ရန်လိုသည် ။ မဟုတ်ပါက ပါမစ်တိုးတိုင်းလည်း စိတ်ညစ်ရပေလိမ့်မည် ။

သို့ကြောင့် အစိုးရ များ၏ ယုံကြည်စွာလွဲအပ်သော ကိုယ်စားလှယ်များ အကျိုးသာ များပြီး အလုပ်သမားများအတွက် အကျိုး နည်းမည့် ကိစ္စများ ဆိုပါ ကျွန်တော်တို့ မီးမောင်းထိုးပြသွားမည် ။ ယခင် 6P လို ထပ်မဖြစ်ရန် အထူးဂရုစိုက်ပါ ။

မြန်မာသံရုံးသည် ကျွန်တော်တို့ မလေးရှား ရောက်ရှိကာစ 2004 ခန့်မှ ယနေ့ 2014 တိုင် 10 နှစ်တာကာလလုံး မြန်မာအလုပ်သမားများ အကျိုးအတွက် မားမားမတ်မတ် ရပ်တည်ကာကွယ်ခြင်း မရှိခဲ့ဘူးပါ ။ မြန်မည့် သူများအတွက် CI ထုတ်ပေးခြင်း သာ အခမဲ့ ရှိသည် ။ မြန်မာသံရုံး (တနည်းဆိုသောမြန်မာအစိုးရ) ၏ အစီအစဉ်များကို စောင့်ကြည့်ရန်သာရှိသည် ။

ယခင် 6P ကာလက ပြီးဆုံးသည်အထိမြန်မာသံရုံးတာဝန်ရှိသူများသည် မြန်မာအလုပ်သများထံမှ
 ပြန်လည်အမြတ်ထုတ်သည့် ရုံးတစ်ရုံအဆင့်သာရှိသည် ။ ထို့ထက်မထူးပါ ။

ယခု ပြောင်းလဲလာသော မြန်မာသံရုံး၏ ဆောင်ရွက်မှု အဖြေများ ၊ အကျိုးသက်ရောက်မှုများကို မလေးရှားရောက် မြန်မာများ စောင့်ကြည့်ရန်သာရှိသည်။

ဆက်လက်ပြီး မလေးရှားရောက် မြန်မာနိုင်ငံသားများအနေဖြင့် အိုဗာစတေးဘဝ မရောက်ရန် အထူးအကြံပေးလိုပြီး အိုဗာစတေးဖြစ်ပါက ပါမစ်ပြန်လုပ်ရန်လည်း အထူးစဉ်းစားရန်လိုသည်ကို အထူးရေးသားတင်ဆက်သည် ။

မည်သူ့မှ မယုံပဲ မိမိကိုယ်တိုင်ဆုံးဖြတ်ရမည့် အချိန်ဖြစ်သည်။
ဆက်လက်ပြီး သိရှိသင့်သည်များကို ဆက်လက်ရေးသားမည်......

မလေးရှားရောက် မြန်မာများ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment