Pages

Saturday, March 29, 2014

"အသားအရေကို အိုမင်းရင့်ရော်စေတဲ့ ခရမ်းလွန်ရောင်ခြည်"


RangonNewsDaily: March . 29 .2014
လူတွေရဲ့အသားအရေဟာ နေရောင်ခြည်နဲ့ နေ့စဉ်နေ့တိုင်း ထိတွေ့နေ ရပါတယ်။ နေရောင် ခြည်ဟာ အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ အဓိက အကျဆုံး အကြောင်း အချက်ပဲ ဖြစ်ပါ တယ်။ နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့ခြင်းက အသားအရေကို အိုမင်းရင့်ရော်စေသလို အရေး ကြောင်း များ ဖြစ်ပေါ်မှုကိုလည်း ပိုမိုအားပေး ကူညီ ရာ ရောက် ပါတယ်။
ဒါကြောင့် အခုရောက် လာတော့မယ့် နွေရာသီမှာ သင့်အသားအရေကို ပိုမို ထိန်းသိမ်း ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ စူးရှတဲ့နေရောင်မှာ ပိုမိုပြင်း ထန်တဲ့ ခရမ်း လွန် ရောင်ခြည်တွေပါဝင်တာမို့ နေရောင်ခြည်ရဲ့ ထိခိုက် ပျက်စီးမှုတွေမှ သင့်အရေပြား ကင်းလွတ် ခွင့်ရဖို့အတွက် ဘယ်လို ကာကွယ် ထိန်းသိမ်း ရမယ် ဆိုတာကို လေ့လာကြည့်ရအောင်ပါ။

ခရမ်းလွန်ရောင်ခြည် (Ultra Violet)
ဆိုရာမှာ UV Rays များက အရေပြားအတွက် အန္တရာယ် ဆိုးကျိုးပေးတယ် ဆိုတာကို လူတိုင်းသိနားလည်ကြပါတယ်။ UVA ဟာ အရွယ်မတိုင်မီ အိုမင်း ရင့်ရော်မှု Aging ကို ဖြစ်စေပြီး UVB ဟာလည်း အရေပြားကို အမည်း စက် နေလောင်ကွက်များ ဖြစ်ပေါ်စေတဲ့ Burning ဆိုတဲ့ ဆိုးကျိုး ကို ပေး ပါတယ်။

UV Rays များဟာ နေရောင် ထဲသွားလာမှ ထိတွေ့တာမဟုတ်ဘဲ တိုက်ရိုက် မထိတဲ့ မိမိရဲ့လုပ်ငန်းခွင် ရုံးခန်းများအတွင်းမှာလည်း UV Rays များ ဖြာထွက်နေတဲ့ Computer, Printer, Copier, Projector များနှင့် ထိတွေ့ နေရတဲ့အတွက် ကာကွယ်ဖို့ လိုအပ်ပါတယ်။


နေရောင်ခြည်ထဲ တိုက်ရိုက်ထွက်မယ်ဆိုရင် နေရောင်ခြည် တိုက်ရိုက် ကျရောက်တဲ့ ပြင်ပနေရာများကို သွားလာမယ်ဆိုရင်တော့ မျက်နှာပြင် အတွက် SPF ပါဝင်တဲ့ Skin Care နဲ့ Foundation အမျိုးအစားများကို အသုံးပြုပါ။ ခန္ဓာကိုယ်ကိုလည်း Sunscreen သေချာစွာ လိမ်းပြီးမှ အပြင် ထွက်ပါလို့ ဆိုပါရစေ။ ဒါ့ပြင် ထီး၊ ဦးထုပ်နဲ့ နေ ကာမျက်မှန်ကဲ့သို့ အကာ အကွယ် ပစ္စည်းများကိုလည်း ဝတ်ဆင်အသုံးပြုပေးပြီး အဝတ်အစား ကို လည်း နေရောင်ခြည်ရဲ့ အပူရှိန် ကို စုပ်ယူမှုမရှိတဲ့ ချည်သား အရော င်နုလေးများကို လုံခြုံအောင် ဝတ်ဆင်ပြီးမှ အပြင်ထွက်ပါလို့ အကြံပြုပါရစေ။ 


ဒါမှသာ နေရောင်ခြည်ရဲ့ တိုက်ခိုက်မှုကို ကာကွယ်ရာ ရောက်မှာပါ။
Sunburn ကြောင့်ဖြစ်နိုင်တဲ့ အရေပြား ကင်ဆာနေရောင်ခြည် ရဲ့ လောင် ကျွမ်းမှုကို ပြင်းထန်စွာ ခံစားရချိ န်များလာရင် အရေပြားမှာ အရေကြည် ဖုများ ဖြစ်လာခြင်း၊ အေ ရပြား အလွှာများ ကွာကျလာခြင်းအပြင် အဆိုး ရွားဆုံး အဖြစ် အရေပြားကင်ဆာအထိပါ ဖြစ်လာနိုင်ပါ တယ်။

ဒီနေ့ခေတ်ကာလဟာ ကမ္ဘာကြီးပူနွေး လာ ခြ င်းကြောင့် နေရောင်ခြည် ရဲ့စူးရှမှုဟာလည်း ပိုမိုပြင်းထန်လာတာ ဖြစ်ပါတယ်။ ကမ်းခြေ လို နေရာ မျိုးကို သွားလာကြတဲ့အခါ အရေပြားကို ပိုမိုဂရုစိုက် ထိန်းသိမ်းပေး ဖို့ လို အပ် ပါတယ်။ ဆားဓာတ်ပါဝင်တဲ့ ပင်လယ်ရေနဲ့ နေရောင်ခြည် တိုက်ရိုက် ထိတွေ့တဲ့အခါမှာ အရေပြားရဲ့ ပျက်စီးမှု အခြေအနေဟာ ပိုမို ဆိုးရွား သွားနိုင်တယ် ဆိုတာကို သင် သတိပြု သင့်ပါတယ်။

Skin Care နဲ့ Foundation များမှာ ပါဝင်တဲ့ SPF နဲ့ PA
Skin Care နဲ့ Foundation များမှာ ပါဝင်တဲ့ SPF ကာကွယ်မှုဟာ Burning ဖြစ်စေတဲ့ UV Rays ကို အဓိက ကာကွယ်ပေးတာဖြစ်ပြီး Againg ဖြစ်စေတဲ့ UV Rays များ ကိုပါ ကာကွယ်ဖို့ အတွက်ကတော့ PA ခေါ်တဲ့ Photo Againg ပါဝင်မှသာ အန္တရာယ် ၂ မျိုးလုံး မှ ကာ ကွယ်ပြီးသားဖြစ်မှာပါ။ 


PA (Photo Againg) ရဲ့အစွမ်းကို အပေါင်း လက္ခဏာ (+) ဖြင့် စံနှုန်း သတ်မှတ်ထားပြီး PA အပေါင်းလက္ခဏာ ၃ ခု (+++) ဟာ အမြင့်မားဆုံး UV-A ကို ကာကွယ် ပေးနိုင်သော အမျိုးအစားဖြစ်ပါတယ်။

PA ပါတဲ့ Product
L’oreal မှ ထုတ်တဲ့ UV Perfect Skin Care ဟာဆိုရင် အသားအရေကို UV Rays များမှာ နာရီပေါင်းများစွာအထိ ကာကွယ်ပေးနိုင် ပြီး ပိုမိုထူးခြားတဲ့ အစွမ်း သ တ္တိကြောင့် အရေပြားအတွင်းပိုင်းက Cell များအထိ ပါ နေရောင်ခြည် UV ကို ကာကွယ်ပေးနိုင်ပါတယ်။ စေးကပ်မှု လုံးဝ မရှိဘဲစိမ့်ဝင်အား မြန်ဆန်ခြင်းဟာလည်း 
အ သုံးပြုတဲ့အခါ ပိုမို လွယ်ကူ ပါတယ်။ 

UV Product Skin Care ဟာ အရေပြားကို နာရီပေါင်းများစွာ ကာကွယ်ပေးမှုနဲ့အတူ နေရောင် ခြည်ကြောင့် အမည်း စက်၊ နေလောင် ကွက်၊ အိုမင်းရင့်ရော်ခြင်းတို့ ဖြစ်ခြင်းကို တားဆီး ကာကွယ်ပေးပါတယ်။

Yati Magazine , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment