Pages

Friday, April 24, 2015

ကန့်ဘလူမြို့ အနောက်မြောက်ဘက်တွင် ပဋ္ဌာန်းအောင်ပွဲ၌ စတုဒီသာကျွေးမွေးရာမှ အစာအဆိပ်သင့်


RangonNewsDaily:: April . 24 .2015
ကန့်ဘလူမြို့ အနောက်မြောက်ဘက်ရှိ ရွှေတောင်ဦး သီလရှင်တိုက်တွင် ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သော ပဋ္ဌာန်းအောင်ပွဲ၌ စတုဒီသာထမင်းအဖြစ် ငါးခြောက်ကြော်၊ ပဲချက်၊ သရက်ချဉ်နှင့် မှန်ရောင်ဟင်းရည် စားသုံးခဲ့သူ တစ်ရာကျော်ခန့် အစာအဆိပ်သင့် သဖြင့် ကန့်ဘလူမြို့ ပြည်သူ့ဆေးရုံတွင် ယင်းနေ့ မွန်းလွဲပိုင်းက ဆေးကုသမှု ခံယူခဲ့ကြသည်။
“လူကြီးတွေက အော့အန်တာတွေ ဖြစ်တယ်။ ကလေးတွေကတော့ ဝမ်းလျှောတယ်။ အားလုံးကို ဆလိုင်းပလင်းတွေ ချိတ်ပေးထားတယ်။ အသက် ဆုံးရှုံးတဲ့သူတော့ မရှိသေးဘူး” ဟု ကန့်ဘလူမြို့ခံ ဦးခိုင်ထွန်းက ပြောဆိုသည်။

The Voice ::--
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment