Pages

Friday, April 24, 2015

ယာဉ်မောင်းလိုင်စင်သိမ်းဖို့ အမှုအမျိုးအစား ၄ခုထပ်တိုးပြီ

RangonNewsDaily:: April . 24 .2015
ယာဉ်စည်းကမ်းချိုးဖောက်မှု အမျိုးအစား ၁၄ခုနဲ့ပတ်သက်ပြီး ယာဉ်မောင်းလိုင်စင်ကို ကာလအလိုက် သိမ်းတဲ့ အရေးယူနေရာက အခုတော့ နောက်ထပ် ၄မျိုးတိုးပြီး စုစုပေါင်း ၁၈မျိုးနဲ့ လိုင်စင်သိမ်းတော့မယ်လို့ ရန်ကုန်မြို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့က ဧပြီ ၂၄မှာ ပြောလိုက်ပါတယ်။
ထပ်တိုး အမျိုးအစား ၄မျိုးက ဘာတွေလဲ။
ကားနံပါတ်ပြားမပါတာနဲ့ သတ်မှတ်ကားနံပါတ်ပြား မတပ်ဘဲ မောင်းနှင်တာ၊ ယာဉ်မောင်းလိုင်စင်နဲ့ မသက်ဆိုင်တဲ့ကားကို မောင်းနှင်တာနဲ့ လမ်းညွှန်အမှတ်အသားတွေကို မလိုက်နာတာ၊ ကားအမိုးနဲ့ရှေ့နောက် တွယ်စီးတာတွေကို ဖမ်းဆီးမိတဲ့အခါ ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းပြီးအရေးယူမယ်လို့ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောပါတယ်။
ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းဖမ်းဆီးအရေးယူဖို့ ပြစ်မှုအကြိမ်အရေအတွက်ပေါ်မူတည်ပြီး အရေးယူသွားမှာဖြစ်သလို အခုလို ၄မျိုးထပ်တိုးလိုက်ဖို့ကို ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနချုပ်ရုံးက ဧပြီ ၇ရက်နေ့ကတည်းက စာပို့ညွှန်ကြားထားတာပါလို့ ဆိုပါတယ်။

ယာဉ်စစ်ဆေးမှု ရုတ်တရက်လုပ်ဆောင်တဲ့ Surprise Check မှာ ယာဉ်မောင်းထက်ဝက်လောက်ဟာ သက်မှတ်လိုင်စင်နဲ့မမောင်းတာ တွေ့ရသလို အခုလိုသတ်မှတ်လိုက်တာကလည်း ယာဉ်မောင်းတွေ အကြပ်အတည်းဖြစ်အောင်လုပ်တာမဟုတ်ဘဲ ယာဉ်တိုက်မှုလျော့ကျဖို့နဲ့ စည်းကမ်းလိုက်နာဖို့ဖြစ်တယ်ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်တွင်းမှာ ယာဉ်မတော်တဆမှုပေါင်း ၅ဝဖြစ်ခဲ့ပြီး လူ ၁၃၄ယောက် ဒဏ်ရာရပြီး ၁၁ယောက် သေဆုံးခဲ့တာမို့ ၂ဝ၁၄သင်္ကြန်ထက်စာရင် လျော့နည်းသွားတယ်လို့ ဆိုပါတယ်။

Kamayut Media , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment