Pages

Friday, April 24, 2015

ထိုင်းငါးဖမ်းလှေမီးလောင်မှု မြန်မာရေလုပ်သားတစ်ဦး မီးလောင်ဒဏ်ရာများကြောင့်ထပ်မံသေဆုံး

RangonNewsDaily:: April . 24 .2015
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွန်ပါမြို့နယ်ရှိ ထိုင်းငါးဖမ်းလှေပေါက်ကွဲမီး လောင်မှုတွင် မီးဘေးသင့်ခဲ့ သည့် မြန်မာရေလုပ်သားတစ်ဦး မီးလောင်ဒဏ်ရာများကြောင့် ဖူးခက်ဆေးရုံ၌ ထပ်မံသေဆုံး သွားကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံတောင်ပိုင်းရှိ နံ ယွန်ငါးဖမ်းလှေဆိပ်တွင် ဧပြီ ၁၀ ရက်က မြန်မာရေလုပ်သားများ လုပ်ကိုင်သော ငါးဖမ်းလှေမှ ဘက်ထရီအိုးပေါက်ကွဲ၍ ငါးဖမ်းလှေ မီးလောင်မှုဖြစ်ပွားရာ ဖြစ်ပွားသည့် နေ့မှာပင် မြန်မာရေလုပ်သား တစ်ဦးသေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာ ရရှိခဲ့သည်။
::
ဒဏ်ရာရရှိသော ခြောက်ဦး မှာ ဖူးခက်ဆေးရုံ၊ ရနောင်းဆေး ရုံနှင့် တကွန်ပါဆေးရုံတို့၌ ဆေး ကုသမှုခံယူလျက်ရှိရာ ဖူးခက် ဆေးရုံတွင် ဆေးကုသနေသော အသက် (၃၉) နှစ်ရှိ ကိုသန်းဝင်း သည် ဧပြီ ၂၀ ရက်တွင် ကွယ် လွန်သွားခဲ့ခြင်းဖြစ်သည်။ ငါးဖမ်း လှေပေါက်ကွဲမှုကြောင့် လက်ရှိ ဆေးကုသမှုခံယူနေရသူ ငါးဦး အနက် နှစ်ဦးသည် ဒဏ်ရာပြင်း ထန်၍ စိုးရိမ်နေရကြောင်း ထိုင်း နိုင်ငံရောက် မြန်မာအလုပ်သမားများအဖွဲ့ (MAT) မှ ကိုဖြိုးသစ် ဆန်းကပြောသည်။


7day ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment