Pages

Friday, April 24, 2015

တာချီလိတ်မှ ဆိုင်ကယ် ကယ်ရီသမားတစ်ဦး ခရီးသည်ပို့ဆောင်ရင်း မိုင်းဖြတ်၌ အသတ်ခံရ


RangonNewsDaily:: April . 24 .2015
တာချီလိတ်မြို့မှ တဆင့် မိုင်းဖြတ်မြို့သို့ ခရီးသည်အား ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်သူ ရွှေတာချီ ခရီးသွားလုပ်ငန်းမှ ဆိုင်ကယ် ကယ်ရီပြေးဆွဲသည့် အမျိုးသားတစ်ဦး ဓါးဒဏ်ရာဖြင့် သေဆုံးနေသည့် အလောင်းကို ယနေ့ ဧပြီလ(၂၃)ရက်နေ့တွင် မိုင်းဖြတ်မြို့၏ နယ်နိမိတ်အတွင်း၌ တွေ့ရှိရကြောင်း မိုင်းဖြတ်မြို့မရဲစခန်းမှ သိရသည်။
တာချီလိတ်မြို့တွင် ဆိုင်ကယ်များဖြင့် ခရီးတို ခရီးရှည်များ ပြေးဆွဲနေသော သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခုဖြစ်သည့် "ရွှေတာချီ"ခရီးသွားလုပ်ငန်းမှ ဆိုင်ကယ်အကျီ် င်္အမှတ် (၂၂၄)ဖြင့် ဆိုင်ကယ်ကယ်ရီပြေးဆွဲသူ အသက်(၅၆)နှစ် ရှိ ဦးရွှေထောင်သည် ဧပြီလ(၂၁)ရက်နေ့ ညနေ(၅) နာရီအချိန်ခန့်က အမည်မသိသူ ခရီးသည်မှ လာရောက်၍ မိုင်းဖြတ်သို့ ပို့ဆောင်ပေးရန် လာရောက်ခေါ်ဆောင်ရာမှ လိုက်လံပို့ဆောင်ပေး ရင်း နေအိမ်သို့ ပြန်လည်ရောက်ရှိနိုင်ခြင်း မရှိတော့ပဲ အသတ်ခံရ၍ သေဆုံး သွားတာကို သိရကြောင်း ရွှေတာချီခရီးသွားလုပ်ငန်းမှ အသင်းသားများ ၏ ပြောပြချက်အရ သိရသည်။

သေဆုံးသူ၏ အလောင်းအား တွေ့ရှိမှုနှင့် ပတ်သက်၍ မိုင်းဖြတ်မြို့ နယ်၊ တောညုကျေးရွာအုပ်စု၊ ဆိုက်ခေါက်ကျေးရွာ နှင့် ဆွပ်ပန်းကျေးရွာ အကြား(မိုင်တိုင် ၈၉x၉၀)ကြားတွင် လူတစ်ဦး သေဆုံးနေကြောင်းကို တော ညုအုပ်စု အုပ်ချုပ်ရေးမှူး ဦးယောဟန်၏ သတင်းပေးချက်အရ မိုင်းဖြတ်မြို့မ ရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ် ကိုကိုအောင်နှင့် တပ်ဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှုဆေးစစ်ခဲ့ရာ သေဆုံးသူ၏ မျက်နှာမှာ စုပ်ပြတ်ဒဏ်ရာ၊ ၀ဲဘက်ရင်အုံ၌ ရိုး/အသွား (၈)လက်မခန့်ရှိသည့် စတီးဓားစိုက်ဝင် ကာ မှောက်လျှက် အနေအထားဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသည့် အတွက် ဧပြီလ(၂၃)ရက်နေ့၏ ညနေ(၃း၃၀)နာရီအချိန်ခန့်တွင် မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

"ဆိုင်ကယ်ကယ်ရီဆွဲသူတွေ အနေနဲ့ နယ်ကလူတွေပဲဖြစ်ဖြစ်၊ ဒေသခံ ပဲဖြစ်ဖြစ် ညပိုင်း ဘယ်သူ ခေါ်ခေါ် မလိုက်တာ အကောင်းဆုံးပါ၊ ရတဲ့ငွေးကြေးထက် အသက်က တန်ဖိုးရှိတယ်၊ အခုလို သတင်းမျိုးကြား ရတော့ တကယ်စိတ်မကောင်းဘူး..."ဟု ဒေသခံ တစ်ဦးကလည်း ၀မ်းနည်းစကားဆိုသည်။

အလောင်းအား မိုင်းဖြတ်မြို့ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံတွင် စစ်ဆေးလျှက်ရှိပြီး တာချီလိတ်မြို့သို့ ပြန်လည် သယ်ဆောင်ရန်အတွက် ရွှေတာချီခရီးသွား လုပ်ငန်းမှ အလုပ်အမှုဆောင်များမှ လိုက်ပါသွားရှိပြီး သေဆုံးသူ၏ အနီးတွင် ဆိုင်ကယ်နှင့်ဖုန်းများလဲ ပျောက်ဆုံးလျှက်ရှိကြောင်း နှင့် မိုင်းဖြတ်မြို့နယ် အတွင်း ဖြစ်ပွားခြင်းကြောင့် မိုင်းဖြတ်ရဲစခန်းမှ (ပ)၆/၂၀၁၅၊ ပြစ်မှုပုဒ်မ(၃၀၂) အရ အမှုဖွင့်ရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

"ကျွန်တော်တို့ ဆိုင်ကယ်ပြေးဆွဲရတာ ကိုယ့်ကိုကိုယ် မလုံခြုံတော့ဘူးလို့ ခံစားရတယ်ဗျာ၊ ဆိုင်ကယ်တစ်စီးအတွက်နဲ့ အသေသတ်ပြီး လုယူသွားတာဟာ အင်မတန်ရွံရှာစရာပဲဗျာ၊ ဒီလိုလူစားတွေ အမြန်ဆုံး ဖမ်းမိပါစေလို့ မျှော်လင့်မိပါတယ်"ဟု ရွှေတာချီခရီးသွားလုပ်ငန်းမှ အသင်းသား တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်အတွင်း၌ ဆိုင်ကယ်ကယ်ရီသမားများ အသတ်ခံရမှုနှင့် ပတ်သက်၍ ၂၀၁၄ခုနှစ်က တာချီလိတ်မြို့တွင် (၂)ကြိမ်ဖြစ်ပွားခဲ့ရာ ၂၀၁၄ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့ က တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာအုပ်စု၊ ပါလျှံ(၁)ရပ်ကွက် တရုတ်ဘုံကျောင်းလမ်းကြား နှင့် မြို့ပတ်လမ်းကြောအနီး ကွင်းပြင်ကွက်လပ်ရှိ ရေတွင်းထဲ၌ ဇောက်ထိုးအနေအထားဖြင့် အသတ်ခံရပြီး ဆိုင်ကယ်လုယူမှုနှင့် ၂၀၁၄ခုနှစ် မေလ(၁၂)ရက်နေ့ ညနေပိုင်းက တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာတွင် အသက်(၂၄)နှစ်ရှိ အငှားဆိုင်ကယ်သမားတစ်ဦး အသတ်ခံရပြီး ဆိုင်ကယ်လုယူသွားမှု (တရားခံအားဖမ်းဆီးရမိ)၊တို့ ဖြစ်ပွားခဲ့ပြီး ၂၀၁၅ခုနှစ်တွင် ယခုအမှုသည် ပထမဆုံးဖြစ်ကြောင်း သိရသည်။

ပုံအညွန်း။ ။ ( အသတ်ခံရသူ နှင့် မော်တော်ဆိုင်ကယ် ယာဉ် အမှတ် )

‪‎TachileikOnlineNews‬ , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment