Pages

Friday, April 24, 2015

နာမည်ကြီးကြေးအိုး ဆိုင်ကြေးအိုးပန်းကန်အတွင်း ပိုးကောင်ပါဝင်မှု စစ်ဆေးနေဟုဆို

RangonNewsDaily:: April . 24 .2015
နာမည်ကြီးကြေးအိုး ဆိုင် YKKO ၏ တာမွေဆိုင်ခွဲတွင် စားသုံးသူတစ်ဦး၏ ပန်းကန်ထဲ၌ ပိုးကောင်ပါဝင်ခဲ့မှုနှင့် ပတ်သက် ၍ မည်သို့ဖြစ်သည်ကို စစ်ဆေးနေ ကြောင်း အဆိုပါ ဆိုင်ခွဲတာဝန်ခံ ဦးခင်မောင်ကြည်က ပြောသည်။
ဧပြီ ၂၂ ရက်က YKKO (တာမွေ) ဆိုင်တွင် စားသုံးသူတစ် ဦး၏ ပန်းကန်ထဲ၌ ပိုးကောင်တစ် ကောင် ပါဝင်ခဲ့ပြီး အဆိုပါဖြစ်ရပ် နှင့်ပတ်သက်၍ စားဖိုဆောင်နှင့် ဟင်းရွက်ပို့သည့် ကိုယ်စားလှယ် တို့ကို စစ်ဆေးနေကြောင်း ၎င်းက ပြောသည်။

YKKO တာမွေဆိုင်ခွဲတွင် ဧပြီ ၂၂ ရက်က သွားရောက်စား သုံးသူတစ်ဦးက ကြေးအိုးပန်းကန် ထဲ၌ ပိုးကောင်ပါဝင်ခဲ့မှုအား ၎င်း ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ဧပြီ ၂၃ ရက်တွင် ပြန် လည်မျှဝေသူ သုံးထောင်ကျော် ရှိခဲ့ကြောင်း တွေ့ရှိရသည်။
::
‘‘ကျွန်တော်တို့ရဲ့ အားနည်း ချက်ပါ။ အခု စစ်ဆေးနေပါပြီ။ ပုံမှန်အတိုင်း ကျွန်တော်တို့အနေ နဲ့ ရေဆေးတာတွေ၊ ဆားရည်စိမ် တာတွေ ပြုလုပ်ပါတယ်။ အခုကိစ္စ နဲ့ပတ်သက်ပြီး မှော်ဘီက ဟင်း ရွက် ကိုယ်စားလှယ်ကိုလည်း လှမ်းမေးထားပါတယ်’’ ဟု ဦးခင် မောင်ကြည် က ပြောသည်။

ဖြစ်စဉ်အား ကိုယ်တိုင်ကြုံ တွေ့ခဲ့သော မဂျူးဂျူးက ကြေး အိုးစားနေရင်း ပိုးကောင်တွေ့၍ ဆက်မစားတော့ဘဲ ငွေရှင်းပြီးမှ စားပွဲထိုးအား ကြေးအိုးထဲတွင် ပိုး ကောင်ပါကြောင်းပြောရာ စားပွဲ ထိုးကမတောင်းပန်ဘဲ အသစ်ပြန် လုပ်ပေးရမည်လားဟုသာမေးခဲ့ သည်။ သူမက ပွဲအသစ်ပေးရန် မလိုအပ်ကြောင်းပြောကာ စား သုံးသူကို တာဝန်ယူမတောင်းပန် ၍ ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့ခြင်းဖြစ် သည်ဟု ရှင်းပြသည်။
::
‘‘ဘယ်လိုပဲဖြစ်ဖြစ် စားပွဲထိုး ဆိုတာ တောင်းပန်ရမှာပဲ။ အခု လည်း အဲဒီစားပွဲထိုးကို အရေးယူ ဖို့ လုပ်နေပါပြီ။ မနေ့က စားသုံး သူက စားဖိုမှူးကို သွားပြတယ် တဲ့။ စားဖိုမှူးက အသစ်ပြန်လုပ် ပေးမယ်ပြောတော့ သူက အသစ် လိုချင်လို့မဟုတ်ဘူး။ ဒီလိုရှိတယ် ဆိုတာ လာပြတာပါလို့ ပြော သွားတယ်တဲ့။ နောက်ပြီး အဲဒီ စားသုံးသူကိုလည်း သူကျေနပ် သည်အထိ တောင်းပန်ဖို့ ကျွန် တော်တို့ ဆက်သွယ်နေပါတယ်’’ ဟု ဦးခင်မောင်ကြည်က ဆိုသည်။

7Day ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment