Pages

Friday, April 24, 2015

ထိုင်းနိုင်ငံ ဘန်ကောက် ဘန်ကာပီခရိုင်တွင် မြန်မာကျောင်းသားတဦး တိုက်ပေါ်မှ ခုန်ချ သေဆုံး

RangonNewsDaily:: April . 24 .2015
ထိုင်းနိုင်ငံ ဘန်ကောက် ဘန်ကာပီခရိုင်တွင် ယနေ့(ဧပြီ ၂၃ ရက်) မြန်မာ တက္ကသိုလ်ကျောင်းသားတဦး ၈ ထပ်တိုက်ခန်းမှ ခုန်ချသေးဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အခင်းဖြစ်ပွားရာသို့ ထိုင်းရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ရာ မြေပြင်ပေါ်၌ လဲကျနေသော ၎င်း၏ခန္ဓာကိုယ်ကို တွေ့ရကြောင်း ဟွာမက်ရဲစခန်းမှ တာဝန်ကျရဲမှူး က ပြောသည်။
တီရှပ်အဖြူရောင်၊ ဂျင်းဘောင်းဘီအနက်ရောင်ဝတ်ဆင်ထားသူ အဆိုပါကျောင်းသားသည် ဦးခေါင်းကွဲအက်ဒဏ်ရာ၊ ခြေထောက်
ကျိုးဒဏ်ရာများ ရရှိခဲ့သည်။ ၎င်းနေထိုင်ရာ ၈ ထပ်တိုက်ခန်းတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်ဟု သံသယဖြစ်ဖွယ်ရာ တစုံတရာ မတွေ့ရှိရကြောင်း ထိုင်းမီဒီယာများထံမှ သိရသည်။

သေဆုံးသူ မြန်မာကျောင်းသားသည် Assumption တက္ကသိုလ်တွင် ကွန်ပျုတာသိပ္ဗံလေ့လာဆည်းပူးနေသူဖြစ်ပြီး တဦးတည်းနေထိုင်သူ ဖြစ်
သည်။ အခင်းမဖြစ်မီ ၁ ညက ၎င်း၏ချစ်သူ မြန်မာကျောင်းသူနှင့်အတူ RCA ၀န်းကျင်းရှိ ညကလပ်တခုသို့ အတူသွားခဲ့ကြောင်း၊ ကလပ်ထဲတွင် အခြားအမျိုးသားတဦးက မိန်းကလေးအား ချည်းကပ်ခဲ့ရာမှ ချစ်သူ ၂ ဦး အချင်းများခဲ့ကြောင်း၊ ယင်းနောက် တက္ကစီတား၍ ချစ်သူနှင့်အတူ အခန်းပြန်သွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
::
အိမ်ပြန်ရောက်သည့်အခါ သေဆုံးသူသည်သည် တိုက်ခန်းနောက်ပေါက်
ကိုဖွင့်၍ ခုန်ချသွားခဲ့ကြောင်း မြန်မာကျာင်းသူ မိန်းကလေးက ထိုင်းရဲတပ်ဖွဲ့သို့ ပြောသည်။
ထိုင်းရဲတပ်ဖွဲ့က ရုပ်လောင်းကို ရဲအထွေထွေရောဂါကုဆေးရုံသို့ ပို့ပြီး သေ
ဆုံးရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ဘန်ကောက်ပို့စ်
News Watch Journal ::--KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment