Pages

Friday, April 24, 2015

ဘီဘီစီ သတင်းဌာနမှ မွတ်စလင်အမျိုးသမီး တစ်နှစ်တာအကောင်းဆုံး သတင်းတင်ဆက်သူအဖြစ် သတ်မှတ်ခံရ


RangonNewsDaily:: April . 24 .2015
လန်ဒန်ပရပ်စ်ကလပ်ဆုအတွက် တစ်နှစ်တာအကောင်းဆုံး သတင်းတင်ဆက်သူအဖြစ် သတ်မှတ်ခံရတဲ့ မစ်ရှဲဟူစိန်ဟာ ဗြိတိန်မွတ်စလင်အမျိုးသမီးတွေအတွက် စံပြဖြစ်လာပါတယ်။
“တစ်နှစ်တာ အကောင်းဆုံး သတင်းတင်ဆက်သူဆုရတဲ့ ဘီဘီစီသတင်းဌာနက မစ်ရှဲဟူစိန်အတွက် အများကြီး ဂုဏ်ယူပါတယ်”လို့ ဗြိတိန်မွတ်စလင်ကောင်စီ(MCB)က တွစ်တာစာမျက်နှာမှာ ရေးသားပါတယ်။

မစ်ရှဲဟူစိန်ဟာ ဘီဘီစီ ရေဒီယို ၄ တူဒေးအစီအစဉ်ကို ၂၀၁၃ ခုနှစ်မှာ ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး ဘီဘီစီဌာနဲ့ ကမ္ဘာတစ်ဝှမ်းက နိုင်ငံများကို ခရီးထွက်ပြီး သတင်းပေးပို့တင်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မစ်ရှဲဟူစိန်ဟာ အိုစာမာဘင်လာဒင်နဲ့ ဘေနဇီယာဘူတို တို့ သေဆုံးပြီးနောက် ပါကစ္စတန်နိုင်ငံကနေ သတင်းပေးပို့ တင်ဆက်ခဲ့ပြီး အီဂျစ်တော်လှန်ရေးကာလ ကိုင်ရိုမြို့ကနေ သတင်းပေးပို့ တင်ဆက်ခဲ့ပါတယ်။ အလားတူ ဘေကျင်းအိုလံပစ်ပွဲတော်အတွင်းမှာလည်း တရုတ်နိုင်ငံကနေ သတင်းတင်ဆက်ခဲ့ပါတယ်။

သူမဟာ ဘီဘီစီသတင်းဌာနရဲ့ ကမ္ဘာ့ကျန်းမာရေးအစီအစဉ်က Tulip Mazumdar ရယ်၊ လူမှုရေးရာ သတင်းထောက် Alison Holt တို့နဲ့အတူ ဒီဆုအတွက် အမည်စာရင်းတင်သွင်းခံရပြီး မစ်ရှဲက တစ်နှစ်တာအကောင်းဆုံး သတင်းတင်ဆက်သူဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

သူမနဲ့အတူ ဆုအတွက် အမည်စာရင်းသွင်းခံရတဲ့ Alison Holt က “သိပ်ဟုတ်ပေါ့ မစ်ရှဲဟူစိန်၊ ဒါဟာ သိပ်ကို ထိုက်တန်ပါတယ်”လို့ တွစ်တာစာမျက်နှာမှာ ချီးကျူးရေးသားပါတယ်။
Tulip Mazumdar ကလည်း “လန်ဒန်ပရပ်စ်ကလပ်ဆုရတဲ့ မစ်ရှဲဟူစိန်အတွက် ဂုဏ်ယူပါတယ်၊ ဒါဟာ ထိုက်ထိုက်တန်တန် ရရှိတာပါ”လို့ ဆိုပါတယ်။

မစ်ရှဲဟူစိန်ဟာ ၁၉၇၃ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ၊ နော့သမ်တမ်မှာ ပါကစ္စတန်နီ မိဘတွေက မွေးဖွားခဲ့တာဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်တုန်းကလည်း မွတ်စလင်အမျိုးသမီးတွေဟာ အောင်မြင်မှုရယူဖို့ ကန့်သတ်ချက်ရှိတယ်ဆိုတဲ့ မိရိုးဖလာအစဉ်အလာကို ဆန့်ကျင်အောင်နိုင်သူ ဗြိတိန်နိုင်ငံရဲ့ မွတ်စလင်အမျိုးသမီးစွမ်းဆောင်ရှင် ၅၀ စာရင်းမှာ အမည်စာရင်ထည့်သွင်းခံရပါတယ်။

Source : Onislam
ဘာသာပြန် - စိုင်ဖုလ္လာဟ်(Myanmar Muslim Media)
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment