Pages

Friday, April 24, 2015

Air KBZ ၏ နေပြည်တော် ခရီးစဉ် ဖျက်သိမ်း

RangonNewsDaily:: April . 24 .2015
ရန်ကုန်- မန္တလေး-နေပြည်တော် ပုံမှန်ခရီးစဉ်များကို ဧပြီလ ၂၂ ရက်တွင် စတင်ပျံသန်းရန် ကနဦး ကြော်ငြာထားသည့် Air KBZ ၏ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း အဆိုပါ လေကြောင်းလိုင်း ထံမှ သိရသည်။
ယင်းခရီးစဉ်အတွက် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်ဖြင့် တစ်ပတ်လျှင် ၅ ရက် ပြေးဆွဲမည်ဟု စီစဉ်ထားသော်လည်း FMI လေကြောင်းလိုင်းက လေယာဉ်ငှားရမ်းမှု ရှိသည့်အတွက် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း Air KBZ မှ စီးပွားရေးဆိုင်ရာ အရာရှိချုပ် ဦးမြတ်သူက ပြောကြားသည်။

“င်္FMI နဲ့ နှစ်နှစ်ခွဲ စာချုပ်ချုပ်ထားတာ ပြည့်သွားပေမယ့် သူတို့ဘက်က ပြန်ငှားတဲ့အတွက် ခရီးစဉ်ကို ဖျက်သိမ်းထားပါတယ်၊ တစ်ရက်ကို သုံးကြိမ်၊ ငါးရက်စာ တစ်ပတ်ကို ၁၅ ကြိမ် ငှားထားပါတယ်” ဟု ၎င်းက ဆိုသည်။
::
FMI လေကြောင်းလိုင်းမှာ Air KBZ ထံမှ မေလကုန်အထိ လေယာဉ်ထပ်တိုး ငှားရမ်းထားခြင်း ဖြစ်သဖြင့် နေပြည်တော်ခရီးစဉ် အတွက် အဆိုပါ ကာလအတွင်း ပြေးဆွဲနိုင်မည် မဟုတ်ကြောင်း Air KBZ လေကြောင်းလိုင်းထံမှ သိရှိရသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment