Pages

Wednesday, April 22, 2015

အ.ထ.က(၁)ကော့ကရိတ် အစိုးရစစ် ၈တန်းအောင်စာရင်း ထူးချွန်လူရည်ချွန်ကလေးတစ်ယောက် ကျရှုံးပြီးမှပြန်အောင်


RangonNewsDaily:: April . 22 .2015
ယနေ့ထုတ်ပြန်သော အောင်စာရင်းများတွင်အစိုးရစစ် ၈တန်းအောင်စာရင်း၌အ.ထ.က(၁
)ကော့ကရိတ်မှထူးချွန် လူရည်ချွန်ကျောင်းသား မောင်ထက်အောင်ပိုင် သည်မှားယွင်းစွာကျရှုံး
ခဲ့ပါသည်။ ၈တန်းဆရာမများမှ ကျောင်းသား၏အရည်ချင်းအရ မည်သို့မျှကျရှုံး မဖြစ်နိုင်ကြောင်း
အောင်စာရင်းထုတ်ပြန်ရာကရင်ပြည်နယ်ပညာရေးမှူးရုံးသို့အဆင့်ဆင့် အကြောင်းကြား
ခဲ့ကြသည်။
မောင်ထက်အောင်ပိုင်ကိုယ်တိုင်မှလည်း သူဖြေလို့ရကြောင်း၊ ဂုဏ်ထူးများပင်ထွက်နိုင်ကြောင်း၊
ခုလိုကျရှုံးသဖြင့် စိတ်ထိခိုက်ရကြောင်း၊ သူ၏အဖြေလွှာကိုပြန်လည်စီစစ်ပေးစေလိုကြောင်း၊
ဝမ်းနဲစွာပြောပြခဲ့သည်။

Fax ဖြင့်ပြည်နယ်ပညာရေးမှူးရုံးသို့အကြောင်းကြားပြီး နံနက်၉း၃၀နာရီတွင်
ပြည်နယ်ပညာရေးမှူးရုံး(ဘားအံ)မှ Faxဖြင့် အောင်စာရင်းအသစ်တစ်စုံ
ပြန်ပို့လာပြီး မောင်ထက်အောင်ပိုင် Aအဆင့်(၈၀နှင့်၁၀၀မှတ်)နှင့်အောင်မြင်ကြောင်း
ပါဝင်လာပါသည်။
::
ယခုကဲ့သို့အောင်စာရင်းမှာယွင်းမှုအတွက် ကျောင်းသားမိဘများမှ
ပြည်နယ်ပညာရေးကို ဝေဘန်မှုများအသီးသီးထွက်ပေါ်လာခဲ့ပါသည်၊
ကျရှုံးကျောင်းသားမိဘများကလည်း သူတို့၏သားသမီးများ အမှန်တကယ်
ကျရှုံးပါရဲ့လား ခုလိုအောင်စာရင်းမှားယွင်းမှုဖြစ်နေပြီလားနှင့်သံသယပွား
ပြီးအမျိုးမျိုးပြောဆိုနေကြသည်။

ဒီနေရာမှာ ထူးချွန်ကျောင်းသူသာဆိုရင် ရှက်ပြီးတခုခုလုပ်မိသွားရင်ဘယ်လိုလုပ်မလဲ
ဟုကျောင်းသားမိဘတစ်ဦးမှပြောဆိုသွားသည်။
::
အောင်စာရင်းဆိုတာက ကျောင်းသူကျောင်းသားတွေရဲ့ မှတ်ကျောက်ပဲလေ၊
ဒါကိုပေါ့ပေါ့ဆဆလုပ်တာကတော့ ကလေးတွေရဲ့ တလူလူတက်နေတဲ့အညွန့်ကို
ချိုးလိုက်သလိုပါဘဲ၊အနည်းဆုံးတော့ကလေးမှာစိတ်ဒါဏ်ရာတော့ရသွားတာပေါ့၊
ဒီလိုပေါ့ဆမှုအတွက် တာဝန်ရှိတဲ့သူတွေကို ပြင်းထန်စွာအရေးယူသင့်တာပေါ့၊
ဟု ကျောင်းသား၏အဖိုးဖြစ်သူမှ ပြောဆိုသွားပါသည်။

Ref :: Dawna Aungtoe 





0 comments:

Post a Comment