Pages

Wednesday, April 22, 2015

မန္တလေးတိုင်း ဒေသကြီး ၂၀၁၄-၂၀၁၅ စတုတ္ထတန်း နှင့် အဋ္ဌမတန်းများ ပြန်ကုစားမည့် စာမေးပွဲ အချိန်စာရင်းများ ထုတ်ပြန်

RangonNewsDaily:: April . 22 .2015
မန္တလေးတိုင်း ဒေသကြီး၊ မြစ်သားမြို့နယ် အမက၊ အလက၊ အထက အသီးသီးအတွက် သူငယ်တန်းမှ နဝမတန်းထိ အတန်းတင် စာမေးပွဲ အောင်စာရင်း များကို ဧပြီ ၁၈ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။ 
တစ်မြို့နယ်လုံး အောင်ချက်အရ စတုတ္ထတန်း တွင် ၇၇ ဒသမ ၁၉ ရာခိုင်နှုန်း၊ အဋ္ဌမတန်း တွင် ၃၇ ဒသမ ဝ၄ ရာခိုင်နှုန်း အောင်မြင်ကြောင်း၊ ဧပြီ ၂၂ ရက်မှ ၂၉ ရက်ထိ ကျရှုံးသူများကို မိမိတို့ ဖြေဆိုခဲ့သော ကျောင်း အသီးသီးတွင် ယခင် ကျောင်းတက်ချိန် အတိုင်း ပြန်လည် ကုစားသင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
::
ပြန်လည်ကုစား ဖြေဆိုရမည့် အချိန်စာရင်း အရ စတုတ္ထတန်း ကျရှုံးသူများ အတွက် မေလ ၁၄ ရက်တွင် မြန်မာစာနှင့် အင်္ဂလိပ်စာ၊ ၁၅ ရက်နေ့တွင် သင်္ချာနှင့် သိပ္ပံ၊ ၁၆ ရက်တွင် လူမှုရေး ဘာသာများ ဖြေဆိုရမည် ဖြစ်ကြောင်း၊ အဋ္ဌမတန်း ကျရှုံးသူများ အတွက် မေလ ၁၄ ရက်တွင် မြန်မာစာနှင့် အင်္ဂလိပ်စာ၊ ၁၅ ရက်နေ့တွင် သင်္ချာနှင့် သိပ္ပံ၊ ၁၆ ရက်တွင် ပထဝီဝင်နှင့် သမိုင်း ဘာသာရပ်များ ပြန်လည်ဖြေဆို ရမည် ဖြစ်ကြောင်း သိရသည်။

ရွှေရည်ဦး (မြစ်သား)
The Myawady Daily ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment