Pages

Wednesday, April 22, 2015

အသစ်ထွက်ရှိလာတော့မယ့် Huawei P8


RangonNewsDaily:: April . 22 .2015
Huawei Ascend P7 ပြီးတော့ ယခုထွက်လာမယ့် စမတ်ဖုန်းက P8 ဖြစ်ပါတယ်။ ဟွားဝေးတို့ branding လုပ်နေတဲ့ Ascend ဆိုတဲ့ အမည်ကို ဖြုတ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတာတော့ မသိပါ။ ဖုန်းကတော့ ပုံမှာ မြင်တွေ့ရတဲ့ ဒီဇီုင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတင် လန်ဒန်မှာ တရားဝင် မိတ်ဆက်သွားတာ ဖြစ်ပါတယ်။
အမှန်အတိုင်းပြောရရင် ရုတ်တရက်ကြည့်တဲ့အခါ iPhone ရဲ့ အရောင်ပေါင်းစပ်မှုနဲ့ အလှပြင်ဆင်မှုတို့နဲ့ အနည်းငယ် တူပါတယ်။ ဘေးဘောင်ပတ်လည်က အစ လေ့လာကြည့်နိုင်ပါတယ်။ ဒါပေမယ့် Ascend P စီးရီးရဲ့ ထုံးစံလည်း မပျောက်သွားအောင် လေးထာင့် ဆန်ဆန် စတိုင်လေးတော့ ထိန်းထားပါသေးတယ်။ သူက iPhone 6 ထက် ပိုပါးတယ်။

RAM 3GB စမတ်ဖုန်း ဖြစ်ပြီး ကင်မရာက အနောက် 13 Megapixel, အရှေ့8 Megapixel တို့ ပါဝင်ပါတယ်။ ကင်မရာက 1080p video recording ရရှိပြီး ကင်မရာအတွက် Feature အသစ်များ တိုးပါသေးတယ်။ Processor က 2GHz octa-core 64-bit Kirin 930 ပါ။ အတော်လေးမြန်မယ့် စမတ်ဖုန်း ဖြစ်ပါလိမ့်မယ်။ cooling system ဘယ်လိုအလုပ်ကောင်းကောင်း လုပ်မလဲ ဆိုတာကို စောင့်ကြည့်လေ့လာရမှာပါ။
16 GB Storage ပါဝင်ပြီး SIM Card ၂ ကဒ်ထည့်သုံးရပါတယ်။
::
နောက်တစ်ကဒ်ထည့်တဲ့နေရာက SIM Card အစား micro SD လည်း ထည့်သုံးလို့ရပါသေးတယ်။ Android 5.0 ကို အသုံးပြုထားပါတယ်။ အရောင်အားဖြင့်၊ ရွှေရောင်၊ အနက်ရောင်၊ တိုက်နေနီယမ် အရောင် အစရှိသဖြင့် အပြင် အခြားအရောင်များလည်း ထွက်ပါအုံးမယ်။
::
ဖန်သားမျက်နှာပြင်က ၅.၂ လက်မ ရှိပြီး 1920 x 1080 pixel resolution, 424ppi ပေးနိုင်ပါတယ်။ 2,680mAh ဘက်ထရီပါဝင်ပါတ်။ သူ့ကို Standard နဲ့ ပရီမီယံဆိုပြီးတော့ ၂ မျိုးခွဲထုတ်ထားပြီး ဈေးကတော့ ၁သိန်းခွဲကွာပါလိ့မ်မယ်။
ဖုန်းရဲ့ တန်ဖိုးဟာ မြန်မာငွေနဲ့ တွက်ရင် ၅ သိန်းကနေ ၇ သိန်းဝန်းကျင် အထိ ရှိနိုင်ပါတယ်။
.
Ref: Pocket-lint , အောင်ခမ်း (MMAS) ::--KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment