Pages

Wednesday, April 22, 2015

မြန်မာဆရာဝန်တဦးထောင်ဒဏ်အပြစ်ပေးခံရခြင်း နောက်ဆက်တွဲ



RangonNewsDaily:: April . 22 .2015

မြန်မာဆရာဝန်တဦးထောင်ဒဏ်အပြစ်ပေးခံရခြင်းနဲ့ပတ်သတ်ပြီး.........
ဒီဟာ စီးရီးယက်စ် ရာဇဝတ်မှုပါ။တရားမမှု မဟုတ်ပါ။အင်္ဂလန် ဒေးလီးမေးလ် သတင်းစာက 
ပုံ၃ပုံ ဘိုင်နိမ်းနဲ့ ဖွလိုက်လို့ပါ။အင်္ဂလန် မြန်မာဆရာဝန်အသိုင်းဝန်းက အရမ်း နုတ်လုံပါတယ်။
အဲ့အမှုက ဖြစ်တာ ၃နှစ်ရှိပြီ တရားရုံးရောက်တာ ၂နှစ်ခုမှ အမိန့်ချပြီးမှ အပြစ်ရှိမှန်းတရားရုံးက စီရင်ချက်ချမှတ်ပြီးသေခြာတော့မှ သတင်းစာက ဖွလိုက်တာပါ။

တကယ်တော့ သူ့အမျိုးတွေ ကာပေးသလိုကောင်မလေးကငွေကြေးတစုံတရာရဖို့ အောင်မြင်သူကို
တားဂက်ထားတယ်ဆိုတာ လုံးဝ မဟုတ်မမှန်ပါဘူး
ဆယ်ကျော်သက်ကောင်မလေးနဲ့ မိဘတွေက ငွေကြေးအလျော်အစားတောင်းကို မတောင်းတာပါ..
သူတို့တောင်းတာ justice အမှန်တရားအတွက်မြန်မာဆရာဝန်ကိုပြန်ပေးဆပ်ခိုင်းတာပါ...
Law and Order အရသာကို မြန်မာဆရာဝန်ကို ကျွေးလိုက်တာပါ...

မြန်မာဆရာဝန်တွေ မြန်မာပြည်မှာမိန်းခလေးကို နားကျပ်နဲ့စမ်းတော့အင်္ကျီထဲ လက်ထဲ့ပြီး နားထောင်ကြတယ်အယောက်တိုင်းတော့ မဟုတ်ပါဘူး...
မြန်မာမိန်းကလေးတွေက ရှက်တာမို့ ပြန်မပြောရဲ ဖွင့်မပြောရဲတာမို့အဲ့ဆရာဝန်တွေ
ဘာအပြစ်ဒဏ်မှ မကျခံရပဲအပြင်လောကမှာမျက်နှာပြောင်နဲ့ခပ်တည်တည်နေနိုင်ကြတာပါ
အခုကေ့စ်မှာတော့အဲ့မြန်မာဆရာဝန်ကဆယ်ကျော်သက် အင်္ဂလိပ်ကလေးမ
ဆူဖြိုးစအရွယ်ကို ဘရာချွတ်ခိုင်းပြီးရင်သားတွေကို ကိုင်တွယ်လိုက်လို့ပါ
ကလေးမလေးက နှလုံးရောဂါသည်လေးပါ...ရင်ဘတ်အောင့်လို့ ဆရာဝန်လာပြတာ
ရင်သားအကိုင်ခံရလို့ သူ့ကျောင်းနေဖက်ကို သူတော့ ရင်သားအကိုင်ခံရတယ်လို့
အဲ့လို ကိုင်ခံရပြီးပြီးချင်းမှာပဲ ဖုန်းနဲ့တက်စ်ရိုက်လိုက်တာမို့
အကုန်ပွကုန်ပြီး မိဘတွေပါသိကုန်တယ်
အာ့ကြောင့် အင်္ဂလန်ဆေးကောင်စီကလဲ လိုင်စင်သိမ်းလိုက်ပါတယ်ဆေးရုံကလဲ
အလုပ်ထုတ်လိုက်ပါတယ်
တရားရုံးရောက်တော့အပြစ်ပေါ့အောင် ဆရာဝန်ရဲ့ ရှေ့နေက (တဒင်္ဂရူးသွပ်မှုပါလို့)
လျောက်လဲချက်ပေးခဲ့တာကြောင့်ရယ်အခြားအချိန်တွေမှာဆရာဝန်ကောင်း
လူကောင်းတယောက်ဖြစ်ခဲ့တာကြောင့်ရယ်ထောင်ဒဏ်အပစ်ကို
၁၈လပဲ ချခဲ့တာပါ...
ဒါမဲ့ ၁၀နှစ်လုံးလုံး sex offenders list ထဲမှာ ပါဝင်နေမှာ ဖြစ်လို့ သူ့သမီးအပါဝင် ၁၈နှစ်အောက်
မည်သည့်ကလေးသူငယ်နား ကပ်ခွင့်ရမှာ မဟုတ်ပါဘူး...
ဒါဟာ အနောက်နိုင်ငံက သူတို့ ကလေးကို အထိမခံကာကွယ်စောင့်ရှောက်တာပါ
ဒါဟာ ဖွတာ မဟုတ်...နာမည်ကြီးတဲ့သူ မိသားစုဝင်အကြောင်းလဲ မပါပါ...
မြန်မာ လူ့အဖွဲ့အစည်းဟာLaw & Order အရအပြစ်လုပ်ထားရင်ပြန်လည်ပေးဆပ်ရမယ်ဆိုတာ
လုံးဝ မေ့လျော့နေတာကို သတိပေး ခေါင်းလောင်းတီးလိုက်တာပဲ...
အားလုံးပဲကိုယ်စိုက်တာ ကိုယ်ပြန်ရိတ်သိမ်းရမယ်...
လောက ဓမ္မ ဓမ္မတာတရားပါပဲ...
ကလေးသူငယ်များတဏှာရန်ဘေးမှ ကင်းလွတ်ဝေးပါစေ...ကျန်းမာချမ်းသာကြပါစေ...

Credit by ::Sumyat Aung




0 comments:

Post a Comment

 
world time