Pages

Wednesday, April 22, 2015

လမ်းမတော်မြို့နယ် (၁၁) လမ်းထိပ် အန္တရာယ်ကင်း ပရိတ်တရားပွဲအနီး ယာဉ်တိုက်မှုဖြစ်ပွား

RangonNewsDaily:: April . 22 .2015
ရန်ကုန်မြို့ လမ်းမတော်မြို့နယ်(၅)ရပ်ကွက် (၁၁) လမ်းထိပ် ကမ်းနားလမ်းဟောင်းပေါ်၌ ဧပြီ ၁၇ ရက် ညနေ ၅ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွား ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ယာဉ်တစ်စီးတိမ်းမှောက် ခဲ့ကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
(၁၁)လမ်းနှင့် (၁၂)လမ်းကြား ကမ်းနားလမ်း ဟောင်းပေါ်ရှိ အဝေးပြေးခရီးသည်တင်ကားဂိတ် အနီးတွင် ယာဉ်မောင်းကိုကျော်ထက်အောင် မောင်းနှင်သည့် ကိုယ်ပိုင်ယာဉ် ပါဂျဲရိုးကားသည် ဂငယ်ကွေ့ ကွေ့နေစဉ် ကမ်းနားလမ်းဟောင်း အတိုင်း အရှေ့မှအနောက်သို့ ယာဉ်မောင်း ကိုမိုးမင်းခ မောင်းနှင်လာသော တက္ကစီက ဝင် ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယာဉ်တိုက်မှု အရှိန်ကြောင့် ကွေ့နေသည့် ပါဂျဲရိုးကားမှာ တစ် ဖက် ယာဉ်ကြောပေါ် ရောက်ရှိပြီး တိမ်းစောင် လဲကျသွားပြီး ဝင်တိုက်သည့် တက္ကစီ၏ ရှေ့ပိုင်း နှစ်ဖက်စလုံးလည်း ပျက်စီးမှုရှိခဲ့ကြောင်း၊ ယာဉ် တိုက်မှုကြောင့် ယာဉ်မောင်းသူ၏ ယာဘက်လက် တွင် မှန်ကွဲစများစိုက်ဝင်၍ ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်ပေါ်ပါ သက်ကြီးရွယ်အို ခရီးသည်နှစ်ဦး လည်း ဒဏ်ရာများရရှိကာ ဆေးရုံပို့ဆောင်ထားရ ကြောင်း ယာဉ်တိုက်မှု ဖြစ်ပွားသည့်နေရာအနီးတွင် ကျင်းပနေသည့် ပရိတ်တရားပွဲတွင် ဝိုင်းဝန်းလုပ် ကိုင်နေကြသော မျက်မြင်တွေ့သူများ၏ ပြောကြား ချက်အရ သိရသည်။
::
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ယာဉ်နှစ်စီးလုံး ကို ကရိန်းကားများဖြင့် (၅၁)လမ်း ယာဉ်ထိန်းရုံး သို့ ဆွဲယူသွားကြောင်းလည်း မျက်မြင်တွေ့ရှိသည့် (၁၁)လမ်းနေပြည်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

Myanmaalinn ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment