Pages

Monday, November 4, 2013

ကျပ်သိန်း ၅၀၀ ကျော် ရွှေအတုများ ပေါင်နှံမှုတစ်လကျော်ကြာ မမိသေး

RangonNewsDaily:: November . 4 .2013
ပဲခူးတိုင်းဒေသကြီး ၊ရွှေကျင်မြို့ နယ် ၊ ရှမ်းကြေးရပ်ကွက်မြို့လည်ခေါင် လွတ်လပ်ရေးကျောက်တိုင်အနီး ရှိ ဦးဝေလွင် +ဒေါ်ရူ ရွှေဆိုင်တွင် ပြီးခဲ့သည့် စက်တင်ဘာ၁၅ ရက်နေ့မှ စက်တင်ဘာတစ်လအတွင်း ၁၅ကြိမ် ထက်မနည်း ရွှေအတုများအား လူတစ်စုက ကျပ်သိန်း၅၀၀ကျော် လာရောက်ပေါင်နှံမှု တစ်လကျော်ကြာ ဖြစ်

ပွားခဲ့သော်လည်း မမိသေးကြောင်းရွှေကျင်မြို့ နယ်ရဲစခန်းမှ မြို့ နယ်မှူး ဦးတင်ဝေကပြောကြားသည်။
နာမည်များလိမ်လည်ကာ လာရောက်ပေါင်နှံသူများသည် ရန်ကုန်တိုင်းဒေသကြီး သကေတမြို့ နယ်တွင် နေထိုင်သူ မသီတာ(နာမည်လိမ်) မှ ဦးဆောင်ကာ အပေါင်းပါ သုံးဦး
ဖြင့် ရွှေအတုများကိုအကြိမ်ကြိမ် လာရောက် ပေါင်နှံခဲ့ပြီး
ယင်းရွှေဆိုင်တွင် အမြဲတမ်း လာရောက် ၀ယ်သူများ ဖြစ်
ကြောင်း ပေါင်နှံသူများက ဆိုင်ရှင်အားပြောဆိုခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“သူတို့က ဒီဆိုင်မှာ အမြဲလိုလို ရွှေလာလာဝယ်တယ်။ ဆိုင်နဲ့ ရင်းနှီးလာတော့ ၀ယ်ထားတဲ့ ရွှေတွေကိုပဲ အတုတွေ ပြန်လုပ်ပြီးတော့ လာပေါင်ကြတာပါ ”ဟု ရွှေကျင်မြို့ နယ်ရဲစခန်းမှ မြို့ နယ်မှူး ဦးတင်ဝေက People Power ညနေခင်းသတင်းစာသို့  ပြောကြားသည်။

စက်တင်ဘာ၁၅ ရက်နေ့မှစတင်ကာ တစ်နေ့လျှင် သုံးကြိမ်ထက်မနည်း အပေါင်းအပါသုံးဦးနှင့် အလှည့်ကျ လာရောက်ပေါင်နှံခဲ့ကြောင်း၊ ရန်ကုန် တိုင်းဒေသကြီး သကေတမြို့ နယ် တွင် နေထိုင်ကြောင်း မှန်ကန်သည့် သာကေတမြို့ နယ်ရဲစခန်းနှင့် ချိတ်ဆက်ပြီး နယ်စပ်ထွက် ပေါက်များပါမကျန်
မှတ်တမ်းဓာတ်ပုံများ ပို့ ထားကာ ထွက်ပေါက်များ ပိတ်ထားကြောင်း၊ ယင်းအမှုအား ဦးဆောင်ကာစစ်ဆေးနေသောရွှေကျင်မြို့ နယ်ရဲစခန်းမှ စခန်းမှူး ဦးထွန်းလွင်က ပြောကြားသည်။

“တစ်နေ့ကို သုံးကြိမ်လောက် လာပေါင် ပေါင်နေတာကိုဆိုင်က မရိပ်မိတာ အံသြဖို့ ကောင်းတယ်။ ခုချိန်ထိတော့မမိသေးပါဘူး နယ်စပ် ထွက်ပေါက်တွေကိုလည်း ဦးဆောင်ကျူးလွန်သူရဲ့ ဓာတ်ပုံတွေ အချက်အလက်တွေ ပို့ ထားပါတယ်”ဟု ၎င်းက ပြောကြားသည်။

ယင်းအမှုအား ရွှေကျင်မြို့ နယ်ရဲစခန်းမှ စခန်းမှူး ဦးထွန်းလွင် ဦးစီးကာ ရွှေကျင်မြို့ နယ်ရဲစခန်းမှ ပြစ်မှုနံပါတ် ၂၇၀/ ၂၀၁၃ပြစ်မှုဆိုင်ရာ ဥပ ဒေပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်အရေးယူထားပြီး ရန်ကုန်တိုင်းဒေသကြီးမှ ရဲတပ်ဖွဲ့  များနှင့် ပူးပေါင်းဖော်ထုတ် မည်ဖြစ်ကြောင်း ရွှေကျင်မြို့နယ် ရဲစခန်းမှ စခန်းမှူး ဦးထွန်းလွင်က ပြောကြားသည်။

People power , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment