Pages

Monday, November 4, 2013

ထောက်လှမ်းရေးပစ္စည်း တပ်ဆင်မှုနဲ့ သြစီသံအမတ်ကို မလေးဆင့်ခေါ်

Photo: ထောက်လှမ်းရေးပစ္စည်း တပ်ဆင်မှုနဲ့ သြစီသံအမတ်ကို မလေးဆင့်ခေါ်
Monday, November 4, 2013

အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေး အေဂျင်စီကနေ မဟာမိတ်
နိုင်ငံတွေက ဖုန်းတွေကို သူသျှိုလုပ်ခိုးနားမှုတွေပြုလုပ်ခဲ့တဲ့အတွက် သက်ဆိုင်ရာနိုင်ငံတွေက ဖြေရှင်းချက်တောင်းဆိုနေကြသလို အာရှနိုင်ငံတွေကဖုန်းတွေကိုလည်း သြစတြေးလျ သံရုံးတွေမှာ အမေရိကန်ထောက်လှမ်းရေး ပစ္စည်းတွေတပ်ဆင်ပြီးတော့ ခိုးနားထောင်မှုတွေပြုလုပ်ခဲ့တဲ့အတွက် သြစတြေးလျနိုင်ငံကိုလည်း
ဖြေရှင်းချက်တွေတောင်းဆိုနေကြပါတယ်။

အခုနောက်ဆုံး ဖြေရှင်းချက် တောင်းဆိုထားတဲ့ နိုင်ငံကတော့ မလေးရှားနိုင်ငံဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ စောင့်ကြည့်ထောက်လှမ်းရေး ပစ္စည်းကိရိယာတွေကို သြစတြေးလျသံရုံးကနေတဆင့် တပ်ဆင်အသုံးပြုတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံကလည်း ကွာလာလမ်ပူမှာရှိတဲ့ သြစတြေးလျ သံအမတ်ကို ဖြေရှင်းချက်ပေးဖို့ ဆင့်ခေါ်လိုက်ပြီးဖြစ်ပါတယ်။

အမေရိကန်ကနေ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ မြန်မာနဲ့ ထိုင်းနိုင်ငံတွေက ဖုန်းတွေကို သြစတြေးလျ သံရုံးတွေကနေတဆင့်
စောင့်ကြည့် ထောက်လှမ်းရေး ပစ္စည်းတွေထပ်ဆင်ပြီး ခိုးနားထောင်ခဲ့
တယ်လို့ သတင်းတွေထွက်ပေါ်အပြီးမှာပဲ သက်ဆိုင်ရာနိုင်ငံတွေ ဖြစ်ကြတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ခုလို တရားဝင် ဖြေရှင်းချက်တွေ
တောင်းဆိုနေတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကမ္ဘောဒီးယား၊ မြန်မာနဲ့ ထိုင်းနိုင်ငံတွေကတော့ အခုချိန်ထိ တရားဝင် ပြောဆိုဖြေရှင်းချက်တောင်းဆိုတာတွေမရှိသေးဘူး
လို့သိရပါတယ်။

အာရှနိုင်ငံတွေကို သူသျှိုလုပ် ထောက်လှမ်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သြစတြေးလျနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံနဲ့ပေါင်းပြီးတော့ ပါဝင်ပတ်
သက်မှုရှိနိုင်တဲ့အပေါ် အလွန်စိုးရိမ်မိတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah Aman က သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop နဲ့ Perth မြို့မှာ တွေ့ဆုံစဉ် ပြောသွားခဲ့ပါတယ်။

အခုလိုလုပ်ဆောင်တာမျိုးဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်တဲ့
အတွက် ဒီကိစ္စကို ရှောင်ရှားဖို့အတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက အတူပူးပေါင်းလုပ်ဆောင်သွားမယ်လို့တော့ ပြောပါတယ်။

ABC

RangonNewsDaily:: November . 4 .2013 
အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေး အေဂျင်စီကနေ မဟာမိတ်နိုင်ငံတွေက ဖုန်းတွေကို သူသျှိုလုပ်
ခိုးနားမှုတွေပြုလုပ်ခဲ့တဲ့အတွက်သက်ဆိုင်ရာနိုင်ငံတွေက ဖြေရှင်းချက်တောင်းဆိုနေကြသလိုအာရှနိုင်ငံတွေ
ကဖုန်းတွေကိုလည်း သြစတြေးလျ သံရုံးတွေမှာ အမေရိကန်ထောက်လှမ်းရေး ပစ္စည်းတွေတပ်ဆင်ပြီးတော့ ခိုးနားထောင်မှုတွေပြုလုပ်ခဲ့တဲ့အတွက် သြစတြေးလျနိုင်ငံကိုလည်းဖြေရှင်းချက်တွေတောင်းဆိုနေကြပါ
တယ်။ အခုနောက်ဆုံး ဖြေရှင်းချက် တောင်းဆိုထားတဲ့ နိုင်ငံကတော့ မလေးရှားနိုင်ငံဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ စောင့်ကြည့်ထောက်လှမ်းရေး ပစ္စည်းကိရိယာတွေကို သြစတြေးလျသံရုံးကနေတဆင့် တပ်ဆင်အသုံးပြုတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးမလေးရှားနိုင်ငံကလည်းကွာလာလမ်ပူမှာရှိတဲ့ သြစတြေးလျ
သံအမတ်ကို ဖြေရှင်းချက်ပေးဖို့ ဆင့်ခေါ်လိုက်ပြီးဖြစ်ပါတယ်။

အမေရိကန်ကနေ မလေးရှား၊အင်ဒိုနီးရှား၊ကမ္ဘောဒီးယား၊ မြန်မာနဲ့ ထိုင်းနိုင်ငံတွေက ဖုန်းတွေကို သြစတြေး
လျ သံရုံးတွေကနေတဆင့်စောင့်ကြည့် ထောက်လှမ်းရေးပစ္စည်းတွေထပ်ဆင်ပြီး ခိုးနားထောင်ခဲ့တယ်လို့
သတင်းတွေထွက်ပေါ်အပြီးမှာပဲ သက်ဆိုင်ရာနိုင်ငံတွေ ဖြစ်ကြတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ခုလို တရားဝင် ဖြေရှင်းချက်တွေတောင်းဆိုနေတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကမ္ဘောဒီးယား၊ မြန်မာနဲ့ ထိုင်းနိုင်ငံတွေကတော့ အခုချိန်ထိ တရားဝင် ပြော
ဆိုဖြေရှင်းချက်တောင်းဆိုတာတွေမရှိသေးဘူးလို့သိရပါတယ်။

အာရှနိုင်ငံတွေကို သူသျှိုလုပ် ထောက်လှမ်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သြစတြေးလျနိုင်ငံအနေနဲ့ အမေရိကန်နိုင်
ငံနဲ့ပေါင်းပြီးတော့ ပါဝင်ပတ်သက်မှုရှိနိုင်တဲ့အပေါ် အလွန်စိုးရိမ်မိတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah Aman က သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop နဲ့ Perth မြို့မှာ တွေ့ဆုံစဉ် ပြောသွားခဲ့ပါ
တယ်။

အခုလိုလုပ်ဆောင်တာမျိုးဟာ နှစ်နိုင်ငံဆက်ဆံရေးကိုထိခိုက်စေနိုင်တဲ့အတွက်ဒီကိစ္စကို ရှောင်ရှားဖို့အတွက်
 နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက အတူပူးပေါင်းလုပ်ဆောင်သွားမယ်လို့တော့ ပြောပါတယ်။

ABC News :, kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment