Pages

Monday, November 4, 2013

ယနေ့မနက် ၉နာရီခန့်က မန်း ရွှေခိုင်စားသောက်ဆိုင် မီးလောင်မှုဖြစ်ပွား

Photo: မန်း ရွှေခိုင်စားသောက်ဆိုင် ယနေ့မနက်မီးလောင်
Monday, November 4, 2013

ယနေ့မနက် ၉နာရီခန့်တွင် မန္တလေးမြို့၃၅လမ်း၊ ၆၈-၆၉လမ်းကြားရှိ ရွှေခိုင်စားသောက်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့သည်။

ကနဦးသတင်းများအရ အိမ်သုံးဂစ်အိုး ဓာတ်ငွေယိုစိမ့်မှုဖြစ်ရာမှာ လောင်ကြွမ်းသည်ဟု ယူဆရကြောင်း မီးလောင်ရာသို့ပထမဦးဆုံးရောက်ရှိသူ ရဲမွန်တောင်ရပ်ကွက်မီးသတ်ကားမှ မီးသတ်သမားတစ်ဦးကပြောသည်။
ကျွန်တော်ရောက်သွားတော့ ဂစ်အိုးက ပွင့်တော့မှာ မရမကဖုန်းဖိ ပိတ်ခဲ့ရတယ်ဟု အဆိုပါမီးသတ်သမားက ပြောသည်။

စားသောက်ဆိုင်နှင့်ကပ်လျှက် ၀န်ထမ်းများနေသည့်အဆောက်အဦး ပျဉ်ထောင်နှစ်ထပ်အိမ်တစ်လောက်လောင်ကြွမ်းခဲ့ခြင်းဖြစ်ပြီး လောင်ကြွမ်းမှုကြောင့် မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်ခြင်းမရှိဘဲ
ဆုံးရှုံးမှုတန်ဖိုးအသေးစိပ်အား မသိရှိရသေးပေ။

ယခုမီးလောင်ရာသို့ လာရောက်သည့် မီးသတ်ကားနှင့် လိုက်ထရက်ယာဉ်တစ်စီး အသေးစားယာဉ်တိုက်မှုတစ်ခုဖြစ်ပွား ခဲ့သေးကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

မီးသတ်ကားက ၃၅လမ်းအတိုင်းအရှေ့ကလာတာ။ ၆၆လမ်းထောင့်ရောက်တော့ ၆၆လမ်းဘက်ကို ကွေ့မယ့် လိုက်ထရက်က ကန့်လန့်ခံနေတော့ မီးသတ်ကားက နောက်ပိုင်းကိုဝင်တိုက်သွားတယ်။
လူတွေထိခိုက်တာတော့မတွေ့ဘူး။ နောက်ပိုင်းက ပစ္စည်းတွေမီးခွက်တွေ ကွဲသွားတာတွေ့လိုက်တယ်။ ပြီးတော့ လိုက်ထရက်က မောင်းထွက်သွားတယ်ဟု မျက်မြင်တွေ့ရှိသူ ကိုအောင်မျိုးသူက ပြောသည်။

ယနေ့ နံနက်(၁:၁၅)မှ(၂:၃၀)ထိမန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်
(တံတားဦး)ပင်မအဆောက်အဦးအပေါ်ထပ်မီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်း
မန်းမြို့ခံတစ်ဦးကပြောသည်။

ဖိုးလပြည့်

Popular Myanmar News Journal

RangonNewsDaily:: November . 4 .2013
ယနေ့မနက် ၉နာရီခန့်တွင် မန္တလေးမြို့၃၅လမ်း၊ ၆၈-၆၉လမ်းကြားရှိ ရွှေခိုင်စားသောက်တွင် မီးလောင်မှု
တစ်ခုဖြစ်ပွားခဲ့သည်။ ကနဦးသတင်းများအရ အိမ်သုံးဂစ်အိုး ဓာတ်ငွေယိုစိမ့်မှုဖြစ်ရာမှာ လောင်ကြွမ်းသည်ဟု ယူဆရကြောင်း မီး
လောင်ရာသို့ပထမဦးဆုံးရောက်ရှိသူရဲမွန်တောင်ရပ်ကွက်မီးသတ်ကားမှ မီးသတ်သမားတစ်ဦးကပြော
သည်။

ကျွန်တော်ရောက်သွားတော့ ဂစ်အိုးက ပွင့်တော့မှာ မရမကဖုန်းဖိ ပိတ်ခဲ့ရတယ်ဟု အဆိုပါမီးသတ်သမား
က ပြောသည်။

စားသောက်ဆိုင်နှင့်ကပ်လျှက် ၀န်ထမ်းများနေသည့်အဆောက်အဦး ပျဉ်ထောင်နှစ်ထပ်အိမ်တစ်လောက်
လောင်ကြွမ်းခဲ့ခြင်းဖြစ်ပြီး လောင်ကြွမ်းမှုကြောင့် မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်ခြင်းမရှိဘဲဆုံးရှုံးမှု
တန်ဖိုးအသေးစိပ်အား မသိရှိရသေးပေ။

ယခုမီးလောင်ရာသို့ လာရောက်သည့် မီးသတ်ကားနှင့် လိုက်ထရက်ယာဉ်တစ်စီး အသေးစားယာဉ်တိုက်
မှုတစ်ခုဖြစ်ပွား ခဲ့သေးကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

မီးသတ်ကားက ၃၅လမ်းအတိုင်းအရှေ့ကလာတာ။ ၆၆လမ်းထောင့်ရောက်တော့ ၆၆လမ်းဘက်ကို ကွေ့
မယ့်လိုက်ထရက်ကကန့်လန့်ခံနေတော့မီးသတ်ကားက နောက်ပိုင်းကိုဝင်တိုက်သွားတယ်။လူတွေထိခိုက်
တာတော့မတွေ့ဘူး။ နောက်ပိုင်းက ပစ္စည်းတွေမီးခွက်တွေ ကွဲသွားတာတွေ့လိုက်တယ်။ ပြီးတော့ လိုက်ထ
ရက်က မောင်းထွက်သွားတယ်ဟု မျက်မြင်တွေ့ရှိသူ ကိုအောင်မျိုးသူက ပြောသည်။

ယနေ့ နံနက်(၁:၁၅)မှ(၂:၃၀)ထိမန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်(တံတားဦး)ပင်မအဆောက်အဦး
အပေါ်ထပ်မီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်းမန်းမြို့ခံတစ်ဦးကပြောသည်။

ဖိုးလပြည့်

Popular Myanmar, kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment