RangonNewsDaily:: November . 4 .2013
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွင်းရှိ အင်ကြင်း
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွင်းရှိ အင်ကြင်း
တောင်ပေါ်မှာ သံဃာတော်တွေ ဦးဆောင်တဲ့ သပိတ်စခန်း ၁ ခုကို နိုဝင်ဘာလ ၂ ရက်နေ့ကစပြီး ဖွင့်လှစ်ခဲ့
တယ်လို့ လက်ပံတောင်းတောင် ဒေသခံတွေက ပြောပါတယ်။ သိမ်တော်ကြီး စေတီတော်နားမှာမိုင်းခွဲခဲ့တာကြောင့် စေတီတော်မှာအက်ကြောင်းတွေ ဖြစ်ပေါ်ခဲ့တဲ့ သတင်း
တွေထွက်ပေါ်ပြီးနောက် ဒေသခံတွေက စေတီတော်ကို ကြည့်ရှုစစ်ဆေးဖို့ တောင်းဆိုတာကို သက်ဆိုင်ရာ
က မလိုက်လျောတဲ့အတွက်အခုလိုသပိတ်စခန်းဖွင့်ပြီး တောင်းဆိုနေတာဖြစ်တဲ့အကြောင်း တုံကျေးရွာ အုပ်
စုက လယ်သမားခေါင်းဆောင် ကိုမင်းမင်းက ပြောပါတယ်။
“စီမံကိန်းကြီးကို စပြီးတော့ ယမ်းတွေ ဖောက်ခွဲနေတဲ့အခါမှာ သိမ်ဘုရားမှာလည်း အက်ကြောင်းတွေ ထင်
“စီမံကိန်းကြီးကို စပြီးတော့ ယမ်းတွေ ဖောက်ခွဲနေတဲ့အခါမှာ သိမ်ဘုရားမှာလည်း အက်ကြောင်းတွေ ထင်
သွားတယ်လို့ ကျွန်တော်တို့ သတင်းရတယ်။ အဲဒီဟာအတွက် သိမ်ဘုရားကို တက်ပြီး ကြည့်ရှုခွင့်တောင်း
တယ်။တစ်ပြားမှကိုလုံးဝကို မပေးဘူး။ အဲဒါမပေးတဲ့အတွက် ဒါမရမခြင်း ကျွန်တော်တို့
မပြန်ဘူးဆိုပြီးတော့
ဆည်တဲကျေးရွာရဲ့အနောက်ဖက် အင်ကြင်းတောင်ပေါ်မှာ
ကျွန်တော်တို့ သပိတ်စခန်းဖွင့်ပြီး တောင်း
ဆိုနေတယ်ခင်ဗျ။”
အခုလို သပိတ်စခန်း ဖွင့်လှစ်တောင်းဆိုနေပေမယ့် အစိုးရဘက်က လာရောက် ညှိနှိုင်းတာ မရှိသေးဘူးလို့
ဆိုနေတယ်ခင်ဗျ။”
အခုလို သပိတ်စခန်း ဖွင့်လှစ်တောင်းဆိုနေပေမယ့် အစိုးရဘက်က လာရောက် ညှိနှိုင်းတာ မရှိသေးဘူးလို့
လည်း ဆိုပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့အစီရင်ခံစာထဲမှာ စီမံကိန်း မစတင်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့အစီရင်ခံစာထဲမှာ စီမံကိန်း မစတင်
ခင် သာသနိက အဆေက်အအုံတွေကို
လွတ်ကင်းတဲ့နေရာကို ပြောင်းရွှေ့ပေးဖို့ အကြံပြုထားပြီး ဒီလို
ပြောင်းရွှေ့တဲ့ နေရာဟာလည်း သံဃာတော်တွေနဲ့ ဒေသခံတွေ ကျေနပ်မှုရှိတဲ့နေရာကို ပြောင်းရွှေ့ပေး
ဖို့ တိုက်တွန်းထားပြီး အဲဒီအစီရင်ခံစာပါအတိုင်း
လုပ်ဆောင်ပေးဖို့ ဒေသခံတွေက တောင်းဆိုကြ
တဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ခဲ့ပါတယ်။
ABC News ,, kolatt(PBDN)
RangonNewsDaily
ABC News ,, kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment