Pages

Tuesday, March 26, 2013

ဆီးရီးယားအတိုက်အခံတပ်ဖွဲ၏ အဓိကခေါင်းဆောင် နုတ်ထွက်


(နိုင်ငံတကာ အသိအမှတ်ပြု ဆီးရီးယား အမျိုးသား ညွန့်ပေါင်းတပ်ဖွဲ့ ခေါင်းဆောင် အာမက် မိုအက်ဇ် အယ်လ်ခါတစ်ဘ်)
ဆီးရီးယား အစိုးရ အတိုက်အခံ တပ်ဖွဲ့များ၏ အဓိက ခေါင်းဆောင် နုတ်ထွက်မှုသည် ဆီးရီးယား သူပုန်တပ်
များအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။ နိုင်ငံတကာအသိအမှတ်ပြုဆီးရီးယားအမျိုးသား ညွန့်ပေါင်း
တပ်ဖွဲ့ ခေါင်းဆောင် အာမက် မိုအက်ဇ် အယ်လ်ခါတစ်ဘ်သည် တနင်္ဂနွေနေ့က ရာထူးမှ နုတ်ထွက်ခဲ့သည်။
၎င်းက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယခုခြေလှမ်းသည် မိမိအနေဖြင့် ပိုမိုလွတ်လပ်စွာ လှုပ်ရှားလို
၍ ဖြစ်ကြောင်း ပြောကြားထားခဲ့သည်။

ခါတစ်ဘ် နုတ်ထွက်မှုနှင့် ပတ်သက်ပြီး ၎င်း၏ ပြောရေးဆိုခွင့်ရ အရာရှိ မိုဟာမက် အာလီက Al Jazeera သ

တင်းဌာနသို့ အတည်ပြု အသိပေးသွားခဲ့သည်။ အာလီက "စနေနေ့က ဥရောပ ယူနီယံနဲ့ ခါတစ်ဘ်တို့ ဆွေး
နွေးခဲ့ပါတယ်။ ရလဒ်က ဘာမှ သိပ်မထူးခြားခဲ့ဘူး"ဟုလ်း ပြောဆိုခဲ့သည်။ တနင်္ဂနွေနေ့တွင် ခါတစ်ဘ်သည် Facebookစာမျက်နှာမှ တစ်ဆင့် မိမိ၏ နုတ်ထွက်မှု သတင်းကို ကမ္ဘာသို့ အသိပေး ကြေညာခဲ့သည်။

ခါတစ်ဘ်သည် ဥရောပ ယူနီယံ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာ၌ ဆီးရီးယား ပြည်တွင်းရေးတွင် (၂)နှစ်

ကြာ သွေးမြေကျ ဖြစ်ရပ်များ ပေါ်ပေါက်နေခြင်းကို ပါဝင်ကူညီရန် ပျက်ကွက်သော ကမ္ဘာ့ခေါင်းဆောင်များ
အား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ ခါတစ်ဘ်က "အမျိုးသား ညွန်
့ပေါင်းအဖွဲ့က နုတ်ထွက်တဲ့ ကိစ္စကို ကျွန်တော်ကိုယ်တိုင် ကြေညာပါတယ်။ ဒါကြောင့် ကျွန်တော် ပိုပြီး လွတ်
လွတ်လပ်လပ် လုပ်ဆောင်နိုင်မယ်။ လုပ်သမျှ ကိစ္စတိုင်းကို တရားဝင် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြနေစ
ရာ မလိုတော့ဘူး"ဟု ကြေညာထားခဲ့ကြောင်း သိရှိရသည်။

Source: WSJ,RND: 26.3.2013
Rangonnewsdaily

0 comments:

Post a Comment