Pages

Tuesday, March 26, 2013

"ရန်ကုန်တိုင်းအတွင်း ညကင်းယာဉ်တန်းများဖြင့်လုံခြုံေ ရးချထား"

"ရန်ကုန်တိုင်းအတွင်း ညကင်းယာဉ်တန်းများဖြင့်လုံခြုံရေးချထား"
ရန်ကုန် မတ် ၂၅ ရက်  
ယနေ့ည ၉  နာရီမှ စ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးရဲယာဉ်တန်းဖြင့် ၀န်ထမ်း ၂၁၀  ဦးအပါအ၀င်  ကား ၁၆ စီးနှင့် ကင်းလှည့် နေကြောင်းသိရသည်။
 အဆိုပါကင်းလှည့် ယာဉ်များမှာ နှစ်ဖွဲ့ခွဲ၍ လှည့်ပတ်နေခြင်းဖြစ်ပြီး တစ်ဖွဲ့မှာ ရဲဝန်ထမ်း အင်အား ၁၀၅ ဦးအပါအ၀င် ကား ၁၀ စီးနှင့် ကျန်တစ်ဖွဲ့မှာ 
ကား ၆ စီးနှင့် ရဲဝန်ထမ်း အင်အား၁၀၅ ဦးပါဝင်ကြောင်းသိရသည်။
 အဆိုပါ အဖွဲ့များသည် ရန်ကုန် မြို့တော်ခန်းမရှေ့မှ စတင်ထွက်ခွာပြီး အနော်ရထာ လမ်းတလျောက်မှ လှည့်လှည် ကာ မော်တင်ထိပ်မှ တဆင့် ဗိုလ်ချုပ်လမ်းတလျောက်လှည့်ပတ် စစ်ဆေးပြီး အနောက်ပိုင်းခရိုင် တစ်ခုလုံး ကင်းလှည့် ကြည့်ရှုကာ မြို့တော် ခန်းမ ရှေ့တွင် ခေတ္တ ရှေ့တွင် ရပ်နားထားမည် ဖြစ်ကြောင်းသိရသည်။
 ယင်းကဲသို့ မြို့တွင်း(အနောက်ပိုင်းခရိုင်)လုံခြုံရေးစစ်ဆေးမှုကို လုပ်ငန်း၏ လမ်းညွန်မှု အရ လက်နက် ခဲရမ်း နှင့် ဒုတ်၊ဒိုင်း တို့ဖြင့်  အင်အားဖြည့် လုပ်ဆောင်ထားကြောင်းခရိုင်ရဲတပ်ဖွဲ့မှုးက ပေါ်ပြူလာနယူစ်း သို့ အတည်ပြု ပြောကြားသည်။
 ကင်းလှည့်လမ်းကြောင်းတွင်  ကျောက်တံတား၊လမ်းမတော် ၊လသာ၊ပန်းဘဲတန်း၊လမ်းမတော်၊အလုံ၊ကြည့်မြင်တိုင်၊စမ်းချောင်း၊ကမာရွတ်၊မရမ်းကုန်း၊ဗဟန်းနှင့် ဒဂုံ မြို့နယ်များပါဝင်မည် ဖြစ်ပြီး ၂၆ ရက်နေ့ နံနက် ၃ နာရီတွင် ပြီးဆုံးသွားမည်ဟုသိရသည်။
 ကင်းလှည့် စစ်ဆေးရာတွင် ရဲဝန်ထမ်းများအသုံးပြုသည့် ယာဉ်များမှာ ဘော်ဒီနှင့် စက်ပိုင်းဆိုင်ရာများအားနည်းချက်များရှိနေပြီး ဘတ်ဂျက် လိုအပ်သည့် အချက်များရှိနေကြောင်း သိရသည်။ pn .051

ရန်ကုန် မတ် ၂၅ ရက်
ယနေ့ည ၉ နာရီမှ စ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးရဲယာဉ်တန်းဖြင့် ၀န်ထမ်း ၂၁၀ ဦးအပါအ၀င် ကား ၁၆ စီးနှင့် ကင်းလှည့် နေကြောင်းသိရသည်။အဆိုပါကင်းလှည့် ယာဉ်များမှာ နှစ်ဖွဲ့ခွဲ၍ လှည့်ပတ်နေခြင်းဖြစ်ပြီး တစ်ဖွဲ့မှာ ရဲဝန်ထမ်း အင်အား ၁၀၅ ဦးအပါအ၀င် ကား ၁၀ စီးနှင့် ကျန်တစ်ဖွဲ့မှာ
ကား ၆ စီးနှင့် ရဲဝန်ထမ်း အင်အား၁၀၅ ဦးပါဝင်ကြောင်းသိရသည်။အဆိုပါ အဖွဲ့များသည် ရန်ကုန် မြို့တော်ခန်းမရှေ့မှ စတင်ထွက်ခွာပြီး အနော်ရထာ လမ်းတလျောက်မှ လှည့်လှည် ကာ မော်တင်ထိပ်မှ တဆင့် ဗိုလ်ချုပ်လမ်းတလျောက်လှည့်ပတ် စစ်ဆေးပြီး အနောက်ပိုင်းခရိုင် တစ်ခုလုံး ကင်းလှည့် ကြည့်ရှုကာ မြို့တော် ခန်းမ ရှေ့တွင် ခေတ္တ ရှေ့တွင် ရပ်နားထားမည် ဖြစ်ကြောင်းသိရသည်။

ယင်းကဲသို့ မြို့တွင်း(အနောက်ပိုင်းခရိုင်)လုံခြုံရေးစစ်ဆေးမှုကို လုပ်ငန်း၏ လမ်းညွန်မှု အရ လက်နက် ခဲရမ်း နှင့် ဒုတ်၊ဒိုင်း တို့ဖြင့် အင်အားဖြည့် လုပ်ဆောင်ထားကြောင်းခရိုင်ရဲတပ်ဖွဲ့မှုးက ပေါ်ပြူလာနယူစ်း သို့ အတည်ပြု ပြောကြားသည်။

ကင်းလှည့်လမ်းကြောင်းတွင် ကျောက်တံတား၊လမ်းမတော် ၊လသာ၊ပန်းဘဲတန်း၊လမ်းမတော်၊အလုံ၊ကြည့်မြင်တိုင်၊စမ်းချောင်း၊ကမာရွတ်၊မရမ်းကုန်း၊ဗဟန်းနှင့် ဒဂုံ မြို့နယ်များပါဝင်မည် ဖြစ်ပြီး ၂၆ ရက်နေ့ နံနက် ၃ နာရီတွင် ပြီးဆုံးသွားမည်ဟုသိရသည်။

ကင်းလှည့် စစ်ဆေးရာတွင် ရဲဝန်ထမ်းများအသုံးပြုသည့် ယာဉ်များမှာ ဘော်ဒီနှင့် စက်ပိုင်းဆိုင်ရာများအားနည်းချက်များရှိနေပြီး ဘတ်ဂျက် လိုအပ်သည့် အချက်များရှိနေကြောင်း သိရသည်။
 
Popular Myanmar News:,RND: 26.3.2013
Rangonnewsdaily

0 comments:

Post a Comment