Pages

Tuesday, March 26, 2013

လွတ်တော်ရဲ့ဆောင်ရွက်ချက်များသည် အဆိုတင်သွင်းမေးမြန်းခြင်းနဲ့ပဲ အပြီးသတ်အကောင်အထည်ဖော်ရန်လိုအပ်

လွတ်တော်ရဲ့ဆောင်ရွက်ချက်များသည် အဆိုတင်သွင်းမေးမြန်းခြင်းနဲ့ပဲ အပြီးသတ်အကောင်အထည်ဖော်ရန်လိုအပ်

March 26, 2013Home, သတင်း 

“ကျွန်မတို့ရဲ့ နစ်နာချက်တွေ ကို သိတယ်ဆိုရင် ကျွန်မတို့ သေကာမှပဲ အကောင်အထည် ဖော်ပေးမှာလားဟုဆိုသည့် ဒေါ်တင်တင်ထွန်း”
အစိုးရသစ်တာဝန်ယူချိန် သည် (၂)နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ သို့သော် ယခင်အစိုးရလက်ထက် အများပိုင်ကုမ္ပဏီတွေကြောင့် မွဲ ပြာကျသွားတဲ့ ပြည်သူတွေအတွက် ပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌနှင့် ပြည် ထဲရေးတို့က တိုင်ပင်ဖြေရှင်းမည် ဟု ပြောထားသည့် စကားအား ဘယ်တော့လောက်တော့ အကောင်အထည်ဖော်မလဲဆိုတဲ့ မျှော်လင့်ချက်အပြည့်နဲ့ စောင့်နေ ရသလို လွှတ်တော်ရဲ့ ဆောင် ရွက်ချက်များသည်လည်း အကောင် အထည်ဖော်ဖို့ လိုအပ်ကြောင်း၊ ယခင်အများပိုင်အသင်းဝင်တချို့ က ဆိုပါသည်။
အများပိုင်ကုမ္ပဏီများတွင် အသင်းဝင်ပြီး ငွေထည့်ထားသူ တချို့၏ အဆိုအရ ယခင်အစိုးရ လက်ထက် အများပိုင်ကုမ္ပဏီများ တည်ထောင်ပြီး အသင်းဝင် အများဆုံးမှာ ဧရာမြေကုမ္ပဏီနှင့် မဟာဓနံကုမ္ပဏီများဖြစ်ကြောင်း သိရှိရသည်။ ၎င်းကုမ္ပဏီများသည် နိုင်ငံအနှံ့မြို့နယ်အသီးသီးတွင် ရုံးခန်းများဖွင့်လှစ်ကာ အသင်း ၀င်သူများထံမှ အစုငွေများ လက် ခံသည့်အပြင်TV ကြော်ငြာများ တွင် ပြည်သူလူထုပါဝင်လာရန် အတွက် အသင်းဝင်တိုင်း အကျိုး တူမျှဝေခံစားစေရမည်ဟု ကတိ စကားများဆိုထားကြောင်း သိရှိ သည်။ ၎င်းအပြင် ကာလအတန် ကြာလာသည့်အခါ ““အကြောင်း ကြောင်းကြောင့်ဟု””ဆိုကာ လုပ် ငန်းများ ရပ်ဆိုင်းခဲ့ရကြောင်း လည်း သိရပါသည်။
အဆိုပါကိစ္စအတွက် မိမိတို့ ထည့်ဝင်ထားသော အစုငွေများ ပြန်ရရေးအတွက် တရားရုံးတွင် တရားစွဲဆိုခဲ့ရာ တစ်နှစ်အတွင်း (၃)ကြိမ် ခွဲဝေပေးမည်ဖြစ်ကြောင်း သိရပါသည်။ ၎င်းင်းကိစ္စအား အသင်းဝင်ဒေါ်တင်တင်ထွန်းအား မေးမြန်းရာ““တရားရုံးမှာ ကုမ္မဏီ တွေဘက်ကနေ လက်မှတ်ထိုး ထားတယ်။ အစပိုင်းတော့ ပေး မလိုလိုနဲ့ နောက်ကျတော့ လုံးဝ မပေးတော့ဘူး။ မဟာဓနံကုမ္ပဏီ ဆိုရင် အခုလုပ်ငန်းလည်ပတ်နေ တယ်။ တရားရုံးမှာ တရားနိုင်သူ ကျွန်မတို့က တရားရှုံးသူတို့ရဲ့ ပိုင်ဆိုင်မှုတွေရှာဖွေပြီး တရားရုံး ကို ပြောပြတယ်။ အဲဒါကို တရား ရုံးက သူတို့ပစ္စည်းမဟုတ်ဘူးတဲ့။ နောက်မကြာပါဘူး သူတို့ပစ္စည်း မဟုတ်ကြောင်း သတင်းစာမှာ ကြော်ငြာလိုက်တဲ့အတွက် ကျွန်မ တို့မှာ မိအေးနှစ်ခါနာအဖြစ်မျိုး နဲ့ ကြုံတွေ့ခဲ့ရတယ်”ဟု ဆိုပါ သည်။
၂၀၁၂ ခုနှစ် လွှတ်တော် ကျင်းပချိန်တွင် ၎င်းကိစ္စအား မေးခွန်းများမေးမြန်းခြင်းအဆို တင်သွင်းခြင်းများ ပြုလုပ်ခဲ့သော် လည်း ချန်လှပ်ထားခြင်းခံရသည် ဟုလည်းသိရှိရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ သူ့အနေနဲ့ ပြည်သူတွေရဲ့ နစ်နာချက်တွေကို နားလည်ပါကြောင်း ပြည်ထဲရေး နှင့် တိုင်ပင်ညှိနှိုင်းပါဦးမည်ဟု ၎င်းကိစ္စအတွက် ပြန်လည်ဖြေ ကြားခဲ့ပါသည်။
အခုအချိန်အခါမှာ အများ ပိုင်ကုမ္ပဏီတွေကတော့ ကြွယ်ဝ၊ အသင်းဝင်တွေက မွဲပြာကျ၊ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပြည်ထဲ ရေးတို့ တိုင်ပင်ဆွေးနွေးညှိနှိုင်း ကြမှာက ၎င်းတို့အသင်းဝင်တွေ သေမှပဲလား၊ လွှတ်တော်က မေးတာ၊ မြန်းတာတွေနဲ့ပဲ လည်ပြီး ၎င်းတို့ခေါင်းထဲမှာ ရှုပ် ထွေးနေရကြောင်း ဒီလိုတော့ မပြီးသင့်ကြောင်း နစ်နာတဲ့ ပြည် သူတွေရဲ့ဒုက္ခကို အလေးထား သင့်ကြောင်း အသင်းဝင်ဒေါ်တင် တင်ထွန်းကဆိုပါသည်။

 စိုးဝင်းနိုင်

Re-Post By ACM 26-3-2013
အေးချမ်းမွန် Credit & Copy From >>The Hot News<< Thank
“ကျွန်မတို့ရဲ့ နစ်နာချက်တွေ ကို သိတယ်ဆိုရင် ကျွန်မတို့ သေကာမှပဲ အကောင်အထည် ဖော်ပေးမှာလားဟုဆိုသည့် ဒေါ်တင်တင်ထွန်း”
March 26, 2013

အစိုးရသစ်တာဝန်ယူချိန် သည် (၂)နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ သို့သော် ယခင်အစိုးရလက်ထက် အများပိုင်ကုမ္ပဏီတွေကြောင့် မွဲ ပြာကျသွားတဲ့ ပြည်သူတွေအတွက် ပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌနှင့် ပြည် ထဲရေးတို့က တိုင်ပင်ဖြေရှင်းမည် ဟု ပြောထားသည့် စကားအား ဘယ်တော့လောက်တော့ အကောင်အထည်ဖော်မလဲဆိုတဲ့ မျှော်လင့်ချက်အပြည့်နဲ့ စောင့်နေ ရသလို လွှတ်တော်ရဲ့ ဆောင် ရွက်ချက်များသည်လည်း အကောင် အထည်ဖော်ဖို့ လိုအပ်ကြောင်း၊ ယခင်အများပိုင်အသင်းဝင်တချို့ က ဆိုပါသည်။အများပိုင်ကုမ္ပဏီများတွင် အသင်းဝင်ပြီး ငွေထည့်ထားသူ တချို့၏ အဆိုအရ ယခင်အစိုးရ လက်ထက် အများပိုင်ကုမ္ပဏီများ တည်ထောင်ပြီး အသင်းဝင် အများဆုံးမှာ ဧရာမြေကုမ္ပဏီနှင့် မဟာဓနံကုမ္ပဏီများဖြစ်ကြောင်း သိရှိရသည်။ 
 
၎င်းကုမ္ပဏီများသည် နိုင်ငံအနှံ့မြို့နယ်အသီးသီးတွင် ရုံးခန်းများဖွင့်လှစ်ကာ အသင်း ၀င်သူများထံမှ အစုငွေများ လက် ခံသည့်အပြင်TV ကြော်ငြာများ တွင် ပြည်သူလူထုပါဝင်လာရန် အတွက် အသင်းဝင်တိုင်း အကျိုး တူမျှဝေခံစားစေရမည်ဟု ကတိ စကားများဆိုထားကြောင်း သိရှိ သည်။ 
 
၎င်းအပြင် ကာလအတန် ကြာလာသည့်အခါ ““အကြောင်း ကြောင်းကြောင့်ဟု””ဆိုကာ လုပ် ငန်းများ ရပ်ဆိုင်းခဲ့ရကြောင်း လည်း သိရပါသည်။
အဆိုပါကိစ္စအတွက် မိမိတို့ ထည့်ဝင်ထားသော အစုငွေများ ပြန်ရရေးအတွက် တရားရုံးတွင် တရားစွဲဆိုခဲ့ရာ တစ်နှစ်အတွင်း (၃)ကြိမ် ခွဲဝေပေးမည်ဖြစ်ကြောင်း သိရပါသည်။ 
 
၎င်းင်းကိစ္စအား အသင်းဝင်ဒေါ်တင်တင်ထွန်းအား မေးမြန်းရာ““တရားရုံးမှာ ကုမ္မဏီ တွေဘက်ကနေ လက်မှတ်ထိုး ထားတယ်။ အစပိုင်းတော့ ပေး မလိုလိုနဲ့ နောက်ကျတော့ လုံးဝ မပေးတော့ဘူး။ မဟာဓနံကုမ္ပဏီ ဆိုရင် အခုလုပ်ငန်းလည်ပတ်နေ တယ်။ တရားရုံးမှာ တရားနိုင်သူ ကျွန်မတို့က တရားရှုံးသူတို့ရဲ့ ပိုင်ဆိုင်မှုတွေရှာဖွေပြီး တရားရုံး ကို ပြောပြတယ်။ အဲဒါကို တရား ရုံးက သူတို့ပစ္စည်းမဟုတ်ဘူးတဲ့။ နောက်မကြာပါဘူး သူတို့ပစ္စည်း မဟုတ်ကြောင်း သတင်းစာမှာ ကြော်ငြာလိုက်တဲ့အတွက် ကျွန်မ တို့မှာ မိအေးနှစ်ခါနာအဖြစ်မျိုး နဲ့ ကြုံတွေ့ခဲ့ရတယ်”ဟု ဆိုပါ သည်။
 
၂၀၁၂ ခုနှစ် လွှတ်တော် ကျင်းပချိန်တွင် ၎င်းကိစ္စအား မေးခွန်းများမေးမြန်းခြင်းအဆို တင်သွင်းခြင်းများ ပြုလုပ်ခဲ့သော် လည်း ချန်လှပ်ထားခြင်းခံရသည် ဟုလည်းသိရှိရသည်။
 
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ သူ့အနေနဲ့ ပြည်သူတွေရဲ့ နစ်နာချက်တွေကို နားလည်ပါကြောင်း ပြည်ထဲရေး နှင့် တိုင်ပင်ညှိနှိုင်းပါဦးမည်ဟု ၎င်းကိစ္စအတွက် ပြန်လည်ဖြေ ကြားခဲ့ပါသည်။
 
အခုအချိန်အခါမှာ အများ ပိုင်ကုမ္ပဏီတွေကတော့ ကြွယ်ဝ၊ အသင်းဝင်တွေက မွဲပြာကျ၊ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပြည်ထဲ ရေးတို့ တိုင်ပင်ဆွေးနွေးညှိနှိုင်း ကြမှာက ၎င်းတို့အသင်းဝင်တွေ သေမှပဲလား၊ လွှတ်တော်က မေးတာ၊ မြန်းတာတွေနဲ့ပဲ လည်ပြီး ၎င်းတို့ခေါင်းထဲမှာ ရှုပ် ထွေးနေရကြောင်း ဒီလိုတော့ မပြီးသင့်ကြောင်း နစ်နာတဲ့ ပြည် သူတွေရဲ့ဒုက္ခကို အလေးထား သင့်ကြောင်း အသင်းဝင်ဒေါ်တင် တင်ထွန်းကဆိုပါသည်။

စိုးဝင်းနိုင်
The Hot News,RND: 26.3.2013
Rangonnewsaily

0 comments:

Post a Comment