Pages

Tuesday, March 26, 2013

ပဲခူးတိုင်း ကြို့ပင်ကောက်ရှိ ဗလီနဲ့ မွတ်စလင်မ်အိမ်နှင့် ဆိုင်ခန်းများအား ဖျက်ဆီးနေ

မတ်လ ၂၆၊ ၂၀၁၃
ကြို့ပင်ကောက် ။ ။ ပဲခူးတိုင်း ကြို့ပင်ကောက်ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်နှင့် ဆိုင်ခန်းများကို ၂၅-ရက်ည (၁၁)နာရီခွဲခန့်မှစ၍ ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။ ကြို့ပင်ကောက်ရှိ ဗလီနှင့် မွတ်စလင်မ်' အိမ်
များကို အကြမ်းဖက်သမားများက ၀င်ရောက်ဖျက်ဆီး နေကြောင်း၊ မွတ်စလင်မ်အိမ်(၃)အိမ်နှင့် ဈေးရှိ မွတ်
စလင်မ်ဆိုင်များကို ဖျက်ဆီးနေကြောင်းသိရသည်။
"မွတ်စလင်မ်အိမ် (၃)အိမ်ကို ဖျက်ဆီးပြီးလို့ ဈေးဘက်က မွတ်စလင်မ်ပိုင်ဆိုင်တွေကို ဖျက်ဆီးပါတယ်။ အခု
တာ့ ဗလီကို ဖျက်နေပါတယ်။ အသံတွေကြားနေရပါတယ်။ ကျွန်တော်ကတော့ အခု ဗုဒ္ဓဘာသာဝင် တစ်
ယောက်အိမ်မှာ လာရောက်ပုန်းနေပါတယ်။ ကြို့ပင်ကောက်မှာကဒီဗလီတစ်လုံးတည်းရှိတာပါ။ဘာသာရေး
စာသင်ကျောင်းကလည်း ဗလီအတွင်းမှာရှိပါတယ်။ မွတ်စလင်မ် အိမ်ခြေ(၁၅၀)နဲ့ လူဦးရေ (၄၀၀)၀န်းကျင်
လောက် သာရှိပါတယ်။"လို့ ပြောပြလာပါတယ်။

"နေ့လည် (၃)နာရီလောက်ကတည်းက သတင်းလွှင့်ထားတယ်။ ဒီညကို ၀င်မယ်။ မီးမရှို့ဘူး ဖျက်ပဲဖျက်မှာ
ဆိုတာကို။ ထန်းကုန်းဘက်နေ လူအင်အား (၆၀)လောက်စုပြီး လာနေတယ်လို့ ထန်းကုန်းဘက်က သတင်း
ပို့ထားတယ်။ အခုဖျက်နေတာက တစ်ခြားက လူစိမ်းတွေပါသလို ကြို့ပင်ကောက်က တချို့လည်းပါတယ်။ ကျွန်တော်ကတော့ အိမ်နဲ့အဝေးမှာ တိမ်းရှောင်နေပါတယ်။"လို့ M-Media ကို ပြောပြလာပါတယ်။

M-Mediaထွန်းတောက်,RND: 26.3.2013
Rangonnewsdaily 

0 comments:

Post a Comment